အက်ဖ်အေရဲ့စွဲချက်တင်ခံရပြီမို့ ကာလရှည်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ ကာဗာနီ

သူ့ရဲ့ဆိုရှယ်မီဒီယာပို့စ်တစ်ခုမှာ နီဂရိုးဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့တဲ့အတွက် မန်ယူတိုက်စစ်မှုးကာဗာနီဟာ အက်ဖ်အေရဲ့စွဲချက်တင်ခြင်းကို ခံလိုက်ရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ သူခြေစွမ်းပြနိုင်ခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲအပြီး ကာဗာနီဟာ Instagram ပေါ်မှာ သူငယ်ချင်းတစ်ယောက်ဆီ reply ပြန်တော့ သူ့ကိုယ်သူ ဒုက္ခရောက်အောင်လုပ်သလို ဖြစ်သွားပါတယ်။

သူသုံးတဲ့စကားလုံးက အင်္ဂလန်မှာ စော်ကားရာရောက်တယ်လို့ အသိပေးခံရပြီးနောက်မှာ အဲဒီဥရုဂွေးတိုက်စစ်မှုးဟာ Post ကိုဖျက်လိုက်ပြီး တောင်းပန်မှုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒါက အက်ဖ်အေရဲ့အရေးယူမှုကို ရှောင်ရှားနိုင်ဖို့ မလွတ်ကင်းခဲ့ပါဘူး။ အခုတော့ အဲဒီပီအက်စ်ဂျီတိုက်စစ်မှုးဟောင်းကို စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။

ကာဗာနီအနေနဲ့ ဒီစွဲချက်တင်မှုကို ခုခံပြောဆိုမလား ဒါမှမဟုတ် လက်ခံမလားဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။ သူဟာ အဲဒါကိုတုံ့ပြန်ဖို့အတွက် ဇန်နဝါရီ ၄ ရက်အထိ အချိန်ရပြီး တကယ်လို့ အပြစ်ရှိကြောင်းတွေ့ရှိမယ်ဆိုရင် အနည်းဆုံး ၃ ပွဲပယ်ပြစ်ဒဏ်ချခံရနိုင်ပါတယ်။

တကယ်လို့ သူ့ဘက်က စွဲချက်တင်ထားမှုကို ခုခံဖို့ဆုံးဖြတ်မယ်ဆိုရင် ယဉ်ကျေးမှုဆိုင်ရာမတူညီမှုက အဓိကအချက်ဖြစ်လာပါလိမ့်မယ်။ တောင်အမေရိကမှာတော့ နီဂရိုးဆိုတဲ့စကားလုံးကို ရင်းရင်းနှီးနှီးပြောဆိုကြရာမှာလည်း သုံးပါတယ်။

သူ့ရဲ့လက်ရွေးစင်အသင်းဖော်ဆွာရက်ဇ်ဆိုရင်လည်း လီဗာပူးအတွက် ကစားစဉ် မန်ယူနောက်ခံလူအီဗရာနဲ့ထိပ်တိုက်တွေ့တုန်းက အဲဒီတူညီတဲ့စကားလုံးကိုပဲ သုံးခဲ့လို့ ၂၀၁၁ မှာ  ၈ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ မန်ယူကလည်း ကာဗာနီရဲ့စကားလုံးအသုံးအနှုန်းဟာ တောင်အမေရိကမှာလို ချစ်စနိုးနဲ့ပြောဆိုတာဖြစ်ကြောင်း သူတို့ကစားသမားဘက်က ကာကွယ်ပေးထားပါတယ်။

Zawgyi

အက္ဖ္ေအရဲ႕စြဲခ်က္တင္ခံရၿပီမို႔ ကာလရွည္ပြဲပယ္ျပစ္ဒဏ္နဲ႔ ရင္ဆိုင္ေနရတဲ့ ကာဗာနီ

သူ႔ရဲ႕ဆုိရွယ္မီဒီယာပို႔စ္တစ္ခုမွာ နီဂရိုးဆုိတဲ့ စကားလုံးကို အသုံးျပဳခ့ဲတဲ့အတြက္ မန္ယူတိုက္စစ္မႈးကာဗာနီဟာ အက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းကို ခံလိုက္ရၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လ သူေျခစြမ္းျပႏိုင္ခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပြဲအၿပီး ကာဗာနီဟာ Instagram ေပၚမွာ သူငယ္ခ်င္းတစ္ေယာက္ဆီ reply ျပန္ေတာ့ သူ႔ကိုယ္သူ ဒုကၡေရာက္ေအာင္လုပ္သလုိ ျဖစ္သြားပါတယ္။

သူသုံးတဲ့စကားလုံးက အဂၤလန္မွာ ေစာ္ကားရာေရာက္တယ္လုိ႔ အသိေပးခံရၿပီးေနာက္မွာ အဲဒီဥရုေဂြးတုိက္စစ္မႈးဟာ Post ကုိဖ်က္လုိက္ၿပီး ေတာင္းပန္မႈလုပ္ခဲ့ပါတယ္။

ဒါေပမဲ့ အဲဒါက အက္ဖ္ေအရဲ႕အေရးယူမႈကို ေရွာင္ရွားႏိုင္ဖုိ႔ မလြတ္ကင္းခဲ့ပါဘူး။ အခုေတာ့ အဲဒီပီအက္စ္ဂ်ီတုိက္စစ္မႈးေဟာင္းကို စဲြခ်က္တင္လိုက္ၿပီ ျဖစ္ပါတယ္။

ကာဗာနီအေနနဲ႔ ဒီစြဲခ်က္တင္မႈကို ခုခံေျပာဆုိမလား ဒါမွမဟုတ္ လက္ခံမလားဆိုတာကို ဆုံးျဖတ္ရေတာ့မွာပါ။ သူဟာ အဲဒါကိုတု႔ံျပန္ဖုိ႔အတြက္ ဇန္န၀ါရီ ၄ ရက္အထိ အခ်ိန္ရၿပီး တကယ္လုိ႔ အျပစ္ရွိေၾကာင္းေတြ႕ရွိမယ္ဆိုရင္ အနည္းဆုံး ၃ ပဲြပယ္ျပစ္ဒဏ္ခ်ခံရႏိုင္ပါတယ္။

တကယ္လို႔ သူ႔ဘက္က စြဲခ်က္တင္ထားမႈကို ခုခံဖုိ႔ဆုံးျဖတ္မယ္ဆိုရင္ ယဥ္ေက်းမႈဆိုင္ရာမတူညီမႈက အဓိကအခ်က္ျဖစ္လာပါလိမ့္မယ္။ ေတာင္အေမရိကမွာေတာ့ နီဂရုိးဆုိတဲ့စကားလုံးကို ရင္းရင္းႏွီးႏွီးေျပာဆိုၾကရာမွာလည္း သုံးပါတယ္။

သူ႔ရဲ႕လက္ေရြးစင္အသင္းေဖာ္ဆြာရက္ဇ္ဆုိရင္လည္း လီဗာပူးအတြက္ ကစားစဥ္ မန္ယူေနာက္ခံလူအီဗရာနဲ႔ထိပ္တိုက္ေတြ႕တုန္းက အဲဒီတူညီတဲ့စကားလုံးကိုပဲ သုံးခဲ့လုိ႔ ၂၀၁၁ မွာ  ၈ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။

ဒါေပမဲ့ မန္ယူကလည္း ကာဗာနီရဲ႕စကားလုံးအသုံးအႏႈန္းဟာ ေတာင္အေမရိကမွာလို ခ်စ္စႏိုးနဲ႔ေျပာဆုိတာျဖစ္ေၾကာင္း သူတုိ႔ကစားသမားဘက္က ကာကြယ္ေပးထားပါတယ္။