အက်သလက်တီကိုနဲ့စာချုပ်သက်တမ်းမတိုးတော့တာကြောင့် ဇန်နဝါရီမှာ ထွက်ခွာဖွယ်ရှိနေတဲ့ ဒီယေဂိုကော်စတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ အသင်းနဲ့စာချုပ်သက်တမ်းမတိုးတော့တာကြောင့် စာချုပ်သက်တမ်း ၆ လကျန်နေသေးပေမယ့် ဇန်နဝါရီမှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်သားဟာ ဒဏ်ရာပြဿနာတွေနဲ့ပဲရင်ဆိုင်နေရပြီး ဒီရာသီမှာအသင်းအတွက် ၇ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားခဲ့ကာ ဆွာရက်ဇ် နဲ့ ဂျာအိုဖီးလစ်တို့နောက်မှသာ ပွဲထွက်ခွင့်ရနေပါတယ်။

စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်လာခဲ့ပေမယ့်လည်း တီကိုအသင်းတာဝန်ရှိသူတွေဟာ စာချုပ်သစ်မကမ်းလှမ်းတော့ဘဲ လာမယ့်နွေရာသီမှာ အသင်းကနေ အလွတ်နဲ့ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေတယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဆိုပါတယ်။

ဒါပေမဲ့ တီကိုအသင်းဟာ အခုလာမယ့်အပြောင်းအရွှေ့မှာပဲ ကော်စတာကိုရောင်းချဖို့ ပြင်ဆင်နေပြီး ကမ်းလှမ်းလာမှုတွေကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။

သတင်းတွေအရ တီကိုအသင်းဟာ ကော်စတာနေရာမှာ အစားထိုးဖို့ နာပိုလီတိုက်စစ်မှူး မီလစ်ကို ချိတ်ဆက်နေတယ်လို့ သိရကာ မီလစ်ကို တော့တင်ဟမ် နဲ့ အဲဗာတန်တို့ကလည်း ချိတ်ဆက်နေပါတယ်။

တီကိုအသင်းဟာ မီလစ်ကိုခေါ်ယူနိုင်ခဲ့ရင် ကော်စတာကို လာမယ့်လထဲမှာ ရှင်းထုတ်ဖွယ်ရှိနေပြီး သတင်းတွေအရ ကော်စတာဟာ အသင်းဟောင်း ချဲလ်ဆီးထံပြန်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

ချဲလ်ဆီး နဲ့ တီကိုအသင်းတို့ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ တွေ့ဆုံနေပြီး ဖေဖော်ဝါရီလမှာတွေ့ဆုံမှာ ဖြစ်ပါတယ်။ စပိန်သားကတော့ ချဲလ်ဆီးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ချင်နေပေမယ့် ဇန်နဝါရီမှာ ရောင်းချခံရရင် အဆိုပါအစီအစဉ်က ပျက်ပြယ်ဖွယ်ရှိနေပါတယ်။

ကော်စတာကို ပီအက်စ်ဂျီ နဲ့ တော့တင်ဟမ်အသင်းတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ ကော်စတာဟာ တီကိုအသင်းမှာ ၇ ရာသီဖြတ်သန်းခဲ့ပြီး အဲ့နောက် ၂၀၁၄ မှာ ချဲလ်ဆီးကိုပြောင်းရွှေ့ခဲ့ပါတယ်။ ကော်စတာဟာ တီကိုအသင်းအတွက် ၂၁၅ ပွဲမှာ ၈၃ ဂိုးသွင်း ၃၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အက္သလက္တီကိုနဲ႔စာခ်ဳပ္သက္တမ္းမတိုးေတာ့တာေၾကာင့္ ဇန္န၀ါရီမွာ ထြက္ခြာဖြယ္ရွိေနတဲ့ ဒီေယဂိုေကာ္စတာ

သတင္းေတြအရ အက္သလက္တီကိုမက္ဒရစ္တိုက္စစ္မွဴး ဒီေယဂိုေကာ္စတာဟာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းမတိုးေတာ့တာေၾကာင့္ စာခ်ဳပ္သက္တမ္း ၆ လက်န္ေနေသးေပမယ့္ ဇန္န၀ါရီမွာပဲ အသင္းကေန ထြက္ခြာဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ အသက္ ၃၂ ႏွစ္သားဟာ ဒဏ္ရာျပႆနာေတြနဲ႔ပဲရင္ဆိုင္ေနရျပီး ဒီရာသီမွာအသင္းအတြက္ ၇ ပြဲသာ ပါ၀င္ကစားခြင့္ရရွိထားခဲ့ကာ ဆြာရက္ဇ္ နဲ႔ ဂ်ာအိုဖီးလစ္တို႔ေနာက္မွသာ ပြဲထြက္ခြင့္ရေနပါတယ္။

စာခ်ဳပ္သက္တမ္းေနာက္ဆံုးႏွစ္ထဲေရာက္လာခဲ့ေပမယ့္လည္း တီကိုအသင္းတာ၀န္ရွိသူေတြဟာ စာခ်ဳပ္သစ္မကမ္းလွမ္းေတာ့ဘဲ လာမယ့္ေႏြရာသီမွာ အသင္းကေန အလြတ္နဲ႔ထြက္ခြာခြင့္ျပဳဖို႔ ျပင္ဆင္ေနတယ္လို႔ နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယိုရိုမာႏိုက ဆိုပါတယ္။

ဒါေပမဲ့ တီကိုအသင္းဟာ အခုလာမယ့္အေျပာင္းအေရႊ႕မွာပဲ ေကာ္စတာကိုေရာင္းခ်ဖို႔ ျပင္ဆင္ေနျပီး ကမ္းလွမ္းလာမႈေတြကို ေစာင့္ေမွ်ာ္ေနတယ္လို႔ သိရပါတယ္။ သတင္းေတြအရ တီကိုအသင္းဟာ ေကာ္စတာေနရာမွာ အစားထိုးဖို႔ နာပိုလီတိုက္စစ္မွဴး မီလစ္ကို ခ်ိတ္ဆက္ေနတယ္လို႔ သိရကာ မီလစ္ကို ေတာ့တင္ဟမ္ နဲ႔ အဲဗာတန္တုိ႔ကလည္း ခ်ိတ္ဆက္ေနပါတယ္။

တီကိုအသင္းဟာ မီလစ္ကိုေခၚယူႏိုင္ခဲ့ရင္ ေကာ္စတာကို လာမယ့္လထဲမွာ ရွင္းထုတ္ဖြယ္ရွိေနျပီး သတင္းေတြအရ ေကာ္စတာဟာ အသင္းေဟာင္း ခ်ဲလ္ဆီးထံျပန္ဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။
ခ်ဲလ္ဆီး နဲ႔ တီကိုအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ရံႈးထြက္အဆင့္မွာ ေတြ႕ဆံုေနျပီး ေဖေဖာ္၀ါရီလမွာေတြ႕ဆံုမွာ ျဖစ္ပါတယ္။

စပိန္သားကေတာ့ ခ်ဲလ္ဆီးအသင္းနဲ႔ ျပန္လည္ရင္ဆိုင္ခ်င္ေနေပမယ့္ ဇန္န၀ါရီမွာ ေရာင္းခ်ခံရရင္ အဆိုပါအစီအစဥ္က ပ်က္ျပယ္ဖြယ္ရွိေနပါတယ္။ ေကာ္စတာကို ပီအက္စ္ဂ်ီ နဲ႔ ေတာ့တင္ဟမ္အသင္းတို႔ကလည္း စိတ္၀င္စားေနၾကပါတယ္။ ေကာ္စတာဟာ တီကိုအသင္းမွာ ၇ ရာသီျဖတ္သန္းခဲ့ျပီး အဲ့ေနာက္ ၂၀၁၄ မွာ ခ်ဲလ္ဆီးကိုေျပာင္းေရႊ႕ခဲ့ပါတယ္။ ေကာ္စတာဟာ တီကိုအသင္းအတြက္ ၂၁၅ ပြဲမွာ ၈၃ ဂိုးသြင္း ၃၆ ဂိုးဖန္တီးထားႏိုင္ခဲ့ပါတယ္။