အက်သလက်တီကိုရဲ့ လာဘ်ကောင် ဆွာရက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကစားသမားအသစ် ခေါ်တဲ့ နေရာမှာ အကျိုးပေးတဲ့သူရှိသလို၊ အကျိုးမပေးသူလည်း ရှိပါတယ်။ ဆွာရက်ဇ် ရောက်ရှိလာပြီးနောက်မှာ အက်သလက်တီကိုရဲ့ အနေအထား ကောင်းမွန်လာပါတယ်။ အခုဆိုရင် အက်သလက်တီကိုဟာ ဆီဗီလာအသင်းကို ၂-ဝဂိုးဖြင့် အနိုင်ယူပြီး လာလီဂါရဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၄မှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

အက်သလက်တီကို အသင်းဟာ လက်ရှိအချိန်မှာ ပွဲကျန်(၂)ပွဲကစားဖို့ ကျန်နေတာတောင် အခုလို ထိပ်ဆုံးနေရာမှာ ရီးရဲလ်နဲ့ ဘာစီလိုနာ အသင်းတို့ကို ကျော်ဖြတ်ပြီး ရပ်တည်နေတာဖြစ်ပါတယ်။ အက်သလက်တီကို အသင်းဟာ ရမှတ်(၄၁)မှတ်ထိ ရယူနိုင်ခဲ့တာဖြစ်ပြီး အဲဒါဟာ ရာသီတစ်ခုရဲ့ပွဲစဉ်(၁၆)ပွဲကစားအပြီးမှာ ကလပ်အသင်းရဲ့အမြင့်ဆုံးရမှတ်လည်းဖြစ်ပါတယ်။

ဆီဗီလာနဲ့ ပွဲမှာ အက်သလက်တီကိုဟာ ပွဲစကတည်းက တာထွက်ကောင်းခဲ့ပြီး ညာနောက်ခံလူ ထရစ်ပီယားရဲ့ ပေးပို့မှုကနေ ကော်ရီယာက ပိတ်သွင်းခဲ့ပါတယ်။အဲဒီနောက် ပွဲချိန် ၇၆မိနစ်မှာ ကွင်းလယ်လူ ဆောလ် နီဂွက်ဇ်က သူရဲ့ ယခုနှစ်အတွင်း ပထမဆုံးဂိုးအဖြစ် အနိုင်သေချာစေမယ့် ဂိုးသွင်းယူခဲ့ပါတယ်။ ဒါကြောင့် ဆီဗီလာအတွက်လည်း ပြိုင်ပွဲစုံ နောက်ဆုံး၁၀ပွဲအတွင်း ပထမဆုံး ရှုံးနိမ့်မှု ဖြစ်ခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ဆွာရက်ဇ်ရဲ့ ကန်ချက်ကောင်းခဲ့ပေမယ့် ဆီဗီလာဂိုးသမား ဘိုနိုကလက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။ဆွာရက်ဇ်တစ်ယောက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းဖော်တွေအတွက် အကောင်းဆုံးကြိုးစားကစားခဲ့ပါတယ်။ ဒီရာသီချန်ပီယံဖြစ်ရန်ရေပန်းစားမှုမှာအက်သလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ (၄၈) ရာခိုင်နှုန်းအထိရရှိဦးဆောင်နေပြီး အဲဒီနောက်မှာတော့ ဘာစီလိုနာအသင်းက ချန်ပီယံဆု အတွက်ရေပန်းစားမှု (၃၂) ရာခိုင်နှုန်း၊ ရီးရဲလ်မက်ဒရစ်အသင်းက (၁၇) ရာခိုင်နှုန်းရရှိထားပါတယ်။

၂၀၂၀ခုနှစ်အတွင်းနည်းပြဆက်တီယန်ရဲ့လက်အောက်မှာ ဆွာရက်ဇ်ဟာ (၁၃)ပွဲပါဝင်ကစားခဲ့ပြီး (၇)ဂိုးသွင်း ယူ ကာ (၁)ကြိမ်ဂိုးဖန်တီးမှုပြုလုပ်ပေးထားခဲ့တာဖြစ်ပါတယ်။ ယခုရာသီအက်သလက်တီ ကိုမက်ဒရစ် အသင်းမှာ လည်း နည်းပြဆီမြွန်နီရဲ့လက်အောက်ပြိုင်ပွဲစုံ(၁၆)ပွဲပါဝင်ကစားထားကာသွင်းဂိုး(၉)ဂိုးနဲ့ (၂)ကြိမ်ဂိုးဖန်တီးမှုပြု လုပ်ပေးထားပါတယ်။ အသင်းပြောင်း ၊ နည်းပြပြောင်းခဲ့ပေမယ့် ခြေစွမ်းကောင်းဆဲ ဆွာရက်ဇ်တစ်ယောက် အက်သလက်တီကို ကို ဘယ်လောက်အထိ အောင်မြင်အောင် လုပ်ဆောင်ပေးအုံးမှာလဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကစားသမားအသစ္ ေခၚတဲ့ ေနရာမွာ အက်ိဳးေပးတဲ့သူရွိသလို၊ အက်ိဳးမေပးသူလည္း ရွိပါတယ္။ ဆြာရက္ဇ္ ေရာက္ရွိလာၿပီးေနာက္မွာ အက္သလက္တီကိုရဲ႕ အေနအထား ေကာင္းမြန္လာပါတယ္။ အခုဆိုရင္ အက္သလက္တီကိုဟာ ဆီဗီလာအသင္းကို ၂-ဝဂိုးျဖင့္ အႏိုင္ယူၿပီး လာလီဂါရဲ႕ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၄မွတ္ျဖတ္ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။ အက္သလက္တီကို အသင္းဟာ လက္ရွိအခ်ိန္မွာ ပြဲက်န္(၂)ပြဲကစားဖို႔ က်န္ေနတာေတာင္ အခုလို ထိပ္ဆုံးေနရာမွာ ရီးရဲလ္နဲ႔ ဘာစီလိုနာ အသင္းတို႔ကို ေက်ာ္ျဖတ္ၿပီး ရပ္တည္ေနတာျဖစ္ပါတယ္။ အက္သလက္တီကို အသင္းဟာ ရမွတ္(၄၁)မွတ္ထိ ရယူႏိုင္ခဲ့တာျဖစ္ၿပီး အဲဒါဟာ ရာသီတစ္ခုရဲ႕ပြဲစဥ္(၁၆)ပြဲကစားအၿပီးမွာ ကလပ္အသင္းရဲ႕အျမင့္ဆုံးရမွတ္လည္းျဖစ္ပါတယ္။

ဆီဗီလာနဲ႔ ပြဲမွာ အက္သလက္တီကိုဟာ ပြဲစကတည္းက တာထြက္ေကာင္းခဲ့ၿပီး ညာေနာက္ခံလူ ထရစ္ပီယားရဲ႕ ေပးပို႔မႈကေန ေကာ္ရီယာက ပိတ္သြင္းခဲ့ပါတယ္။အဲဒီေနာက္ ပြဲခ်ိန္ ၇၆မိနစ္မွာ ကြင္းလယ္လူ ေဆာလ္ နီဂြက္ဇ္က သူရဲ႕ ယခုႏွစ္အတြင္း ပထမဆုံးဂိုးအျဖစ္ အႏိုင္ေသခ်ာေစမယ့္ ဂိုးသြင္းယူခဲ့ပါတယ္။ ဒါေၾကာင့္ ဆီဗီလာအတြက္လည္း ၿပိဳင္ပြဲစုံ ေနာက္ဆုံး၁၀ပြဲအတြင္း ပထမဆုံး ရႈံးနိမ့္မႈ ျဖစ္ခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ ဆြာရက္ဇ္ရဲ႕ ကန္ခ်က္ေကာင္းခဲ့ေပမယ့္ ဆီဗီလာဂိုးသမား ဘိုႏိုကလက္စြမ္းျပ ကာကြယ္ခဲ့ပါတယ္။ဆြာရက္ဇ္တစ္ေယာက္ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ အသင္းေဖာ္ေတြအတြက္ အေကာင္းဆုံးႀကိဳးစားကစားခဲ့ပါတယ္။

ဒီရာသီခ်န္ပီယံျဖစ္ရန္ေရပန္းစားမႈမွာအက္သလက္တီကိုမက္ဒရစ္အသင္းအေနနဲ႔ (၄၈) ရာခိုင္ႏႈန္းအထိရရွိဦးေဆာင္ေနၿပီး အဲဒီေနာက္မွာေတာ့ ဘာစီလိုနာအသင္းက ခ်န္ပီယံဆု အတြက္ေရပန္းစားမႈ (၃၂) ရာခိုင္ႏႈန္း၊ ရီးရဲလ္မက္ဒရစ္အသင္းက (၁၇) ရာခိုင္ႏႈန္းရရွိထားပါတယ္။ ၂၀၂၀ခုႏွစ္အတြင္းနည္းျပဆက္တီယန္ရဲ႕လက္ေအာက္မွာ ဆြာရက္ဇ္ဟာ (၁၃)ပြဲပါဝင္ကစားခဲ့ၿပီး (၇)ဂိုးသြင္း ယူ ကာ (၁)ႀကိမ္ဂိုးဖန္တီးမႈျပဳလုပ္ေပးထားခဲ့တာျဖစ္ပါတယ္။ ယခုရာသီအက္သလက္တီ ကိုမက္ဒရစ္ အသင္းမွာ လည္း နည္းျပဆီႁမြန္နီရဲ႕လက္ေအာက္ၿပိဳင္ပြဲစုံ(၁၆)ပြဲပါဝင္ကစားထားကာသြင္းဂိုး(၉)ဂိုးနဲ႔ (၂)ႀကိမ္ဂိုးဖန္တီးမႈျပဳ လုပ္ေပးထားပါတယ္။ အသင္းေျပာင္း ၊ နည္းျပေျပာင္းခဲ့ေပမယ့္ ေျခစြမ္းေကာင္းဆဲ ဆြာရက္ဇ္တစ္ေယာက္ အက္သလက္တီကို ကို ဘယ္ေလာက္အထိ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ေပးအုံးမွာလဲ။