အကြွေးပေးဖို့ နောက်ကျနေတာကြောင့် နေ့ရွှေ့ပေးဖို့ ဘဏ်ကိုတောင်းပန်ထားရတဲ့ ဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ ဘာစီလိုနာအသင်းဟာ အကြွေးပေးရမယ့်နေ့ကို ရွှေ့ဆိုင်းပေးဖို့ ဘဏ်ကိုတောင်းပန်ထားရတယ်လို့ သိရပါတယ်။ စပိန်သတင်းဌာနတစ်ခုက ဘာစီလိုနာဟာ Goldman Schs / Allianz / Barings / Amundi and Prudential စတဲ့ဘဏ်တွေကို ပေါင် ၁၇၈ သန်းအကြွေးဆပ်ရမှာဖြစ်တယ်ဖို့ ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဟာ ၂၀၁၉ – ၂၀ ရာသီတုန်းက ဘောလုံးပြက္ခဒိန်တစ်နှစ်အတွင်းပေါင် ၁ ဘီလီယံလောက်အထိ ရရှိမယ့်ပထမဆုံးကလပ်အသင်းဖြစ်လာဖို့ နီးစပ်ခဲ့ပေမယ့် ကိုဗစ်ကြောင့် အခြေအနေတွေက ပြောင်းလဲခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလည်း ဘာစီလိုနာက သူတို့ဟာ ဘဏ္ဍာရေးအခြေအနေ စိုးရိမ်စရာအနေအထားရောက်လာတယ်လို့ ကြေညာခဲ့ပါတယ်။

မာကာသတင်းဌာနကလည်း ကလပ်အသင်းဟာ မူလက ပေါင် ၁၉၃ သန်းကနေ ပေါင် ၄၃၄ သန်းအထိ ၁၂ လအတွင်းမှာ အကြေးတွေထိုးတက်လာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါရလဒ်ကြောင့် ဘာစီလိုနာဟာ စီနီယာကလပ်အသင်းကစားသမားတွေရဲ့လစာကို လျော့ချခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းက ဘာစီလိုနာစတား မက်ဆီ နဲ့ ဘာတိုမြူတို့ကြားပြဿနာဖြစ်ပွားခဲ့သေးတာဖြစ်ပြီး မက်ဆီတစ်ယောက် ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် ဥပဒေကြောင်းအရကြောင့် ဘာစီလိုနာမှာ ဆက်နေခဲ့ရပါတယ်။

ဘာတိုမြူထွက်ခွာပြီးနောက် ယာယီဥက္ကဌ တက်စ်ကွက်က အသင်းဟာ ကစားသမားတွေရဲ့ ဇန်နဝါရီလစာကို မပေးချေနိုင်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုနှစ်အစောပိုင်းမှ ဥက္ကဌရွေးကောက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ကိုဗစ်ကြောင့် နောက်ကျခဲ့ရတာဖြစ်ပါတယ်။ အသင်းဥက္ကဌဖြစ်လာမယ့်သူကတော့ ဘာစီလိုနာရဲ့အကြွေးပြဿနာကို အရင်ဆုံးဖြေရှင်းရဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အေၾကြးေပးဖို႔ ေနာက္က်ေနတာေၾကာင့္ ေန႔ေရႊ႕ေပးဖို႔ ဘဏ္ကိုေတာင္းပန္ထားရတဲ့ ဘာစီလိုနာ

သတင္းေတြအရ ဘာစီလိုနာအသင္းဟာ အေၾကြးေပးရမယ့္ေန႔ကို ေရႊ႕ဆိုင္းေပးဖို႔ ဘဏ္ကိုေတာင္းပန္ထားရတယ္လို႔ သိရပါတယ္။ စပိန္သတင္းဌာနတစ္ခုက ဘာစီလိုနာဟာ Goldman Schs / Allianz / Barings / Amundi and Prudential စတဲ့ဘဏ္ေတြကို ေပါင္ ၁၇၈ သန္းအေၾကြးဆပ္ရမွာျဖစ္တယ္ဖို႔ ေဖာ္ျပခဲ့ပါတယ္။ ဘာစီလိုနာဟာ ၂၀၁၉ – ၂၀ ရာသီတုန္းက ေဘာလံုးျပကၡဒိန္တစ္ႏွစ္အတြင္းေပါင္ ၁ ဘီလီယံေလာက္အထိ ရရွိမယ့္ပထမဆံုးကလပ္အသင္းျဖစ္လာဖို႔ နီးစပ္ခဲ့ေပမယ့္ ကိုဗစ္ေၾကာင့္ အေျခအေနေတြက ေျပာင္းလဲခဲ့့ပါတယ္။

ျပီးခဲ့တဲ့ေအာက္တိုဘာလတုန္းကလည္း ဘာစီလိုနာက သူတို႔ဟာ ဘ႑ာေရးအေျခအေန စိုးရိမ္စရာအေနအထားေရာက္လာတယ္လို႔ ေၾကညာခဲ့ပါတယ္။ မာကာသတင္းဌာနကလည္း ကလပ္အသင္းဟာ မူလက ေပါင္ ၁၉၃ သန္းကေန ေပါင္ ၄၃၄ သန္းအထိ ၁၂ လအတြင္းမွာ အေၾကးေတြထိုးတက္လာခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ အဆိုပါရလဒ္ေၾကာင့္ ဘာစီလိုနာဟာ စီနီယာကလပ္အသင္းကစားသမားေတြရဲ႕လစာကို ေလ်ာ့ခ်ခဲ့ရတယ္လို႔ သိရပါတယ္။

ျပီးခဲ့တဲ့ေႏြရာသီတုန္းက ဘာစီလိုနာစတား မက္ဆီ နဲ႔ ဘာတိုျမဴတို႔ၾကားျပႆနာျဖစ္ပြားခဲ့ေသးတာျဖစ္ျပီး မက္ဆီတစ္ေယာက္ ထြက္ခြာဖို႔ နီးစပ္ခဲ့ေပမယ့္ ဥပေဒေၾကာင္းအရေၾကာင့္ ဘာစီလိုနာမွာ ဆက္ေနခဲ့ရပါတယ္။ ဘာတိုျမဴထြက္ခြာျပီးေနာက္ ယာယီဥကၠဌ တက္စ္ကြက္က အသင္းဟာ ကစားသမားေတြရဲ႕ ဇန္န၀ါရီလစာကို မေပးေခ်ႏိုင္ခဲ့ဘူးလို႔ ဆိုခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ အခုႏွစ္အေစာပိုင္းမွ ဥကၠဌေရြးေကာက္ဖို႔ ျပင္ဆင္ခဲ့ေပမယ့္ ကိုဗစ္ေၾကာင့္ ေနာက္က်ခဲ့ရတာျဖစ္ပါတယ္။ အသင္းဥကၠဌျဖစ္လာမယ့္သူကေတာ့ ဘာစီလိုနာရဲ႕အေၾကြးျပႆနာကို အရင္ဆံုးေျဖရွင္းရဖြယ္ရွိေနပါတယ္။