
ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ ဒီဇင်ဘာ ခရီးကြမ်း စတင်ပါပြီ ။
အေးတဲ့ ချမ်းတဲ့ အချိန် ရုန်းကန်ကာ အနိုင်ရအောင် ကြိုးစားကြရပါအုံးမယ်။
နှစ်သစ်ကူး အချိန်ကာလ အထိ အသင်းတိုင်းလိုလို ၃ ရက် ကို တစ်ပွဲနှုန်းနဲ့
ကစား ကြရမှာ ဖြစ်တာကြောင့် ပွဲပန်းမှုတွေ ၊ ဒဏ်ရာ အနာတရဖြစ်မှုတွေ ဟာ
မထင်မှတ်တဲ့ ရလဒ်တွေ ကို ဖြစ်ပေါ် စေတတ် ပါတယ် ။
အခု ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ကို ယှဉ်ပြိုင် ကစား သွားကြမှာပါ ။
အိုဝင်ကတော့ ယူနိုက်တက်ပွဲကို အခုလို ခန့်မှန်းပေးထားပါတယ်။
ယူနိုက်တက် နဲ့ အာဆင်နယ်ပွဲစဉ်ကို ဒီဇင်ဘာ ၃ ရက်၊ သောကြာနေ့၊
နံနက် ၂း၄၅ နာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။
အိုဝင်က “ယူနိုက်တက် နဲ့ အာဆင်နယ်ပွဲဟာ သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ
အမြဲတမ်း နေရာယူတဲ့ ပွဲစဉ်ပါ။ ရန်းနစ်လည်း ရောက်လာခဲ့ပြီဖြစ်လို့
ဒီပွဲကလည်း ခြားနားသွားမှာ မဟုတ်ပါဘူး။ ယူနိုက်တက်ရဲ့ ကစားဟန်က
နားလည်ရ ခက်ခဲနေဆဲဖြစ်ပေမယ့်လည်း ဂျာမာန်သားက သူတို့ကို ပိုပြီး
စုဖွဲ့မှုကောင်းကောင်း ကစားနိုင်အောင် ကူညီပေးပါလိမ့်မယ်။”
“အာဆင်နယ်အတွက်ကတော့ သူတို့တွေ တိုးတက်မှု ရှိလာတယ်ဆိုပေမယ့်လို့
ရိုးရိုးသားသား ပြောရရင် အသင်းချင်း ယှဉ်တဲ့အခါ သူတို့က အနည်းငယ်
ယူနိုက်တက်ရဲ့ အနောက်မှာပဲ ရှိနေသေးတယ်လို့ ထင်ပါတယ်။
ဒါကြောင့်ပဲ အိမ်ရှင် သရဲနီတွေ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။”ဆိုပြီး ပြောပါတယ်။
မိုက်ကယ်အိုဝင် ရဲ့ ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် 2-1 အာဆင်နယ် ဖြစ်ပါတယ်။
zawgyi
အကြက္တုံးတုံးႀကီးနဲ႔ အို၀င္ရဲ႕ ခန္မွန္းခ်က္
ပရီးမီးယားလိဂ္ပြဲစဥ္ေတြကေတာ့ ဒီဇင္ဘာ ခရီးၾကမ္း စတင္ပါၿပီ ။
ေအးတဲ့ ခ်မ္းတဲ့ အခ်ိန္ ႐ုန္းကန္ကာ အႏိုင္ရေအာင္ ႀကိဳးစားၾကရပါအုံးမယ္။
ႏွစ္သစ္ကူး အခ်ိန္ကာလ အထိ အသင္းတိုင္းလိုလို ၃ ရက္ ကို တစ္ပြဲႏႈန္းနဲ႔
ကစား ၾကရမွာ ျဖစ္တာေၾကာင့္ ပြဲပန္းမႈေတြ ၊ ဒဏ္ရာ အနာတရျဖစ္မႈေတြ ဟာ
မထင္မွတ္တဲ့ ရလဒ္ေတြ ကို ျဖစ္ေပၚ ေစတတ္ ပါတယ္ ။
အခု ၾကားရက္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၄ ကို ယွဥ္ၿပိဳင္ ကစား သြားၾကမွာပါ ။
အိုဝင္ကေတာ့ ယူႏိုက္တက္ပြဲကို အခုလို ခန႔္မွန္းေပးထားပါတယ္။
ယူႏိုက္တက္ နဲ႔ အာဆင္နယ္ပြဲစဥ္ကို ဒီဇင္ဘာ ၃ ရက္၊ ေသာၾကာေန႔၊
နံနက္ ၂း၄၅ နာရီမွာ က်င္းပမွာ ျဖစ္ပါတယ္။
အိုဝင္က “ယူႏိုက္တက္ နဲ႔ အာဆင္နယ္ပြဲဟာ သတင္းစာေတြရဲ႕ ေခါင္းႀကီးပိုင္းမွာ
အၿမဲတမ္း ေနရာယူတဲ့ ပြဲစဥ္ပါ။ ရန္းနစ္လည္း ေရာက္လာခဲ့ၿပီျဖစ္လို႔
ဒီပြဲကလည္း ျခားနားသြားမွာ မဟုတ္ပါဘူး။ ယူႏိုက္တက္ရဲ႕ ကစားဟန္က
နားလည္ရ ခက္ခဲေနဆဲျဖစ္ေပမယ့္လည္း ဂ်ာမာန္သားက သူတို႔ကို ပိုၿပီး
စုဖြဲ႕မႈေကာင္းေကာင္း ကစားႏိုင္ေအာင္ ကူညီေပးပါလိမ့္မယ္။”
“အာဆင္နယ္အတြက္ကေတာ့ သူတို႔ေတြ တိုးတက္မႈ ရွိလာတယ္ဆိုေပမယ့္လို႔
႐ိုး႐ိုးသားသား ေျပာရရင္ အသင္းခ်င္း ယွဥ္တဲ့အခါ သူတို႔က အနည္းငယ္
ယူႏိုက္တက္ရဲ႕ အေနာက္မွာပဲ ရွိေနေသးတယ္လို႔ ထင္ပါတယ္။
ဒါေၾကာင့္ပဲ အိမ္ရွင္ သရဲနီေတြ အႏိုင္ရသြားမယ္လို႔ ထင္ပါတယ္။”ဆိုၿပီး ေျပာပါတယ္။
မိုက္ကယ္အိုဝင္ ရဲ႕ ခန႔္မွန္းရလဒ္ကေတာ့ ယူႏိုက္တက္ 2-1 အာဆင္နယ္ ျဖစ္ပါတယ္။