အခုဆိုရင် နည်းပြကြီးက အသင်း အနေနဲ့ ဘယ်လို နိုင်ပွဲ ရယူရမလဲ ဆိုတာနဲ့ အသင်းလိုက် စိတ်ဓာတ်ကို ပြန်လည် တည်ဆောက် နိုင်ခဲ့ပြီ – ဘိုနုချီက

ဂျူဗင်တပ်စ်ဟာ ဒီနှစ် ရာသီ စီးရီးအေ အစမှာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်ခဲ့ပြီး

အဆင့် ၁၈ အထိ ကျဆင်း သွားခဲ့ပါတယ် ။ ဒါပေမယ့် ချန်ပီယံလိဂ်တွေ စတင်တဲ့

အောက်တိုဘာ အလယ်လောက်က စပြီး အယ်လီဂရီ ရဲ့ အသင်းဟာ

လမ်းကြောင်းမှန်ပေါ်ကို တဖြည်းဖြည်း ပြန်လည် ရောက်ရှိ လာခဲ့ပြီး

ချန်ပီယံလိဂ် မှာတော့ ၁၀၀% နိုင်ပွဲကို ရယူထားနိုင်ခဲ့ ပါတယ် ။

မနေ့က ကစားခဲ့တဲ့ ဇင်းနစ် အသင်းနဲ့ ပွဲစဉ်မှာ ကူလူဆက်စကီရဲ့ ပွဲချိန် ၈၆မိနစ်

တစ်လုံးတည်းသော ဂိုးနဲ့ ဂျူဗင်တပ်စ် အသင်းဟာ အနိုင် ရခဲ့ပြီး

အုပ်စုပွဲစဉ် ၃ပွဲလုံး အနိုင် ရရှိကာ ရမှတ် (၉)မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

အသက် (၂၁)နှစ်ရှိပြီဖြစ်တဲ့ ကူလူဆက်စကီအတွက်လည်း သူ့ရဲ့ပထမဆုံး

ချန်ပီယံလိဂ် သွင်းဂိုး ဖြစ်လာခဲ့ပြီး ဒယ်ပီယာရို နောက်ပိုင်း ဂျူဗင်တပ် အသင်းရဲ့

အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဂျူဗင်တပ်စ် အသင်းဟာ ရော်နယ်ဒို ရှိနေတဲ့ ကာလတလျောက် အသင်းလိုက်

စိတ်ဓာတ် ပျက်ဆီးခဲ့တယ်လို့ ဂျူဗင်တပ်စ် နောက်ခံလူ ဘိုနုချီက ဆိုလိုက်ပါတယ်။

”ရော်နယ်ဒို ရှိစဉ်တုန်းက ဂျူဗင်တပ်စ် အသင်းမှာ ရှိရမယ့် အသင်းလိုက်

အနိုင်ရလိုစိတ်ဆိုတာ ပျောက်ဆုံး နေခဲ့တယ်။” ”ကျွန်တော်တို့ အားလုံးက

ထိပ်တန်းချန်ပီယံ တစ်ယောက်နဲ့ တွဲကစား နေခဲ့တာဖြစ်လို့ ရော်နယ်ဒိုကို

အကောင်းဆုံး ခြေစွမ်းနဲ့ အမြဲတမ်း ဂိုးတွေ သွင်းယူစေချင်ခဲ့ကြတယ်။”

” ကျွန်တော်တို့ အားလုံး နိုင်ပွဲတွေ ရယူဖို့ အတူတကွ ပေးဆပ်ကြမယ်ဆိုတဲ့

စိတ်တွေဟာ ပျောက်ဆုံး ခဲ့တယ်။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော်တို့ အားလုံး စိတ်ထဲမှာ

ရော်နယ်ဒိုက ဘယ်တော့မဆို နိုင်ပွဲ ရယူပေးမှာပဲ ဆိုတဲ့စိတ် ရှိနေခဲ့တာကြောင့်ပါ။”

” အခုဆိုရင် နည်းပြကြီးက အသင်း အနေနဲ့ ဘယ်လို နိုင်ပွဲ ရယူရမလဲ ဆိုတာနဲ့

အသင်းလိုက် စိတ်ဓာတ်ကို ပြန်လည် တည်ဆောက် နိုင်ခဲ့ပြီ။ ” လို့ ဘိုနုချီက ပြောဆိုသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ရဲ့ နောက်ခံလူ ချီလီနီကလည်း ရော်နယ်ဒို သာ ဒီနွေရာသီအပြောင်းအရွှေ့မှာ

အသင်းကနေ စောစောထွက်သွားရင် အသင်းအတွက် ပိုကောင်းတဲ့

ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အချိန်ပိုရမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ လက်ရှိအချိန်မှာ အသင်းကို လူငယ်တွေနဲ့ပြန်လည်တည်ဆောက်နေတဲ့

ကာလကို ရောက်ရှိနေတယ်လို့ဆိုနိုင်ပြီး နွေရာသီအပြောင်းအရွှေ့ ပိတ်ခါနီးအချိန်မှ

ရော်နယ်ဒို ထွက်ခွာသွားတဲ့အပေါ်မှာတော့ ဂျူဗင်တပ်စ်ရဲ့ ကစားသမားဟောင်းတွေနဲ့

ပရိသတ်တွေဆီက ဝေဖန်သံတွေမကြာခဏထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

zawgyi

အခုဆိုရင္ နည္းျပႀကီးက အသင္း အေနနဲ႔ ဘယ္လို ႏိုင္ပြဲ ရယူရမလဲ ဆိုတာနဲ႔ အသင္းလိုက္ စိတ္ဓာတ္ကို ျပန္လည္ တည္ေဆာက္ ႏိုင္ခဲ့ၿပီ – ဘိုႏုခ်ီက

ဂ်ဴဗင္တပ္စ္ဟာ ဒီႏွစ္ ရာသီ စီးရီးေအ အစမွာ ႏိုင္ပြဲေတြ ဆက္တိုက္ ေပ်ာက္ခဲ့ၿပီး

အဆင့္ ၁၈ အထိ က်ဆင္း သြားခဲ့ပါတယ္ ။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ေတြ စတင္တဲ့

ေအာက္တိုဘာ အလယ္ေလာက္က စၿပီး အယ္လီဂရီ ရဲ႕ အသင္းဟာ

လမ္းေၾကာင္းမွန္ေပၚကို တျဖည္းျဖည္း ျပန္လည္ ေရာက္ရွိ လာခဲ့ၿပီး

ခ်န္ပီယံလိဂ္ မွာေတာ့ ၁၀၀% ႏိုင္ပြဲကို ရယူထားႏိုင္ခဲ့ ပါတယ္ ။

မေန႔က ကစားခဲ့တဲ့ ဇင္းနစ္ အသင္းနဲ႔ ပြဲစဥ္မွာ ကူလူဆက္စကီရဲ႕ ပြဲခ်ိန္ ၈၆မိနစ္

တစ္လုံးတည္းေသာ ဂိုးနဲ႔ ဂ်ဴဗင္တပ္စ္ အသင္းဟာ အႏိုင္ ရခဲ့ၿပီး

အုပ္စုပြဲစဥ္ ၃ပြဲလုံး အႏိုင္ ရရွိကာ ရမွတ္ (၉)မွတ္နဲ႔ အုပ္စုထိပ္ဆုံးမွာ ဦးေဆာင္ေနပါတယ္။

အသက္ (၂၁)ႏွစ္ရွိၿပီျဖစ္တဲ့ ကူလူဆက္စကီအတြက္လည္း သူ႔ရဲ႕ပထမဆုံး

ခ်န္ပီယံလိဂ္ သြင္းဂိုး ျဖစ္လာခဲ့ၿပီး ဒယ္ပီယာ႐ို ေနာက္ပိုင္း ဂ်ဴဗင္တပ္ အသင္းရဲ႕

အသက္အငယ္ဆုံး ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဒုတိယေျမာက္ ကစားသမား ျဖစ္လာခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ အသင္းဟာ ေရာ္နယ္ဒို ရွိေနတဲ့ ကာလတေလ်ာက္ အသင္းလိုက္

စိတ္ဓာတ္ ပ်က္ဆီးခဲ့တယ္လို႔ ဂ်ဴဗင္တပ္စ္ ေနာက္ခံလူ ဘိုႏုခ်ီက ဆိုလိုက္ပါတယ္။

”ေရာ္နယ္ဒို ရွိစဥ္တုန္းက ဂ်ဴဗင္တပ္စ္ အသင္းမွာ ရွိရမယ့္ အသင္းလိုက္

အႏိုင္ရလိုစိတ္ဆိုတာ ေပ်ာက္ဆုံး ေနခဲ့တယ္။” ”ကြၽန္ေတာ္တို႔ အားလုံးက

ထိပ္တန္းခ်န္ပီယံ တစ္ေယာက္နဲ႔ တြဲကစား ေနခဲ့တာျဖစ္လို႔ ေရာ္နယ္ဒိုကို

အေကာင္းဆုံး ေျခစြမ္းနဲ႔ အၿမဲတမ္း ဂိုးေတြ သြင္းယူေစခ်င္ခဲ့ၾကတယ္။”

” ကြၽန္ေတာ္တို႔ အားလုံး ႏိုင္ပြဲေတြ ရယူဖို႔ အတူတကြ ေပးဆပ္ၾကမယ္ဆိုတဲ့

စိတ္ေတြဟာ ေပ်ာက္ဆုံး ခဲ့တယ္။ ဘာေၾကာင့္လဲ ဆိုရင္ ကြၽန္ေတာ္တို႔ အားလုံး စိတ္ထဲမွာ

ေရာ္နယ္ဒိုက ဘယ္ေတာ့မဆို ႏိုင္ပြဲ ရယူေပးမွာပဲ ဆိုတဲ့စိတ္ ရွိေနခဲ့တာေၾကာင့္ပါ။”

” အခုဆိုရင္ နည္းျပႀကီးက အသင္း အေနနဲ႔ ဘယ္လို ႏိုင္ပြဲ ရယူရမလဲ ဆိုတာနဲ႔

အသင္းလိုက္ စိတ္ဓာတ္ကို ျပန္လည္ တည္ေဆာက္ ႏိုင္ခဲ့ၿပီ။ ” လို႔ ဘိုႏုခ်ီက ေျပာဆိုသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ရဲ႕ ေနာက္ခံလူ ခ်ီလီနီကလည္း ေရာ္နယ္ဒို သာ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕မွာ

အသင္းကေန ေစာေစာထြက္သြားရင္ အသင္းအတြက္ ပိုေကာင္းတဲ့

ျပင္ဆင္မႈေတြ ျပဳလုပ္ဖို႔ အခ်ိန္ပိုရမွာျဖစ္တယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ဟာ လက္ရွိအခ်ိန္မွာ အသင္းကို လူငယ္ေတြနဲ႔ျပန္လည္တည္ေဆာက္ေနတဲ့

ကာလကို ေရာက္ရွိေနတယ္လို႔ဆိုႏိုင္ၿပီး ေႏြရာသီအေျပာင္းအေ႐ႊ႕ ပိတ္ခါနီးအခ်ိန္မွ

ေရာ္နယ္ဒို ထြက္ခြာသြားတဲ့အေပၚမွာေတာ့ ဂ်ဴဗင္တပ္စ္ရဲ႕ ကစားသမားေဟာင္းေတြနဲ႔

ပရိသတ္ေတြဆီက ေဝဖန္သံေတြမၾကာခဏထြက္ေပၚေနတာလည္းျဖစ္ပါတယ္။