အခုတော့ ယူနိုက်တက်က ယူရိုပါလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်သွားပြီလို့ မော်ရင်ညို သုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ညိုက ယခုအခါ အသင်းဟောင်း ယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးတစ်သင်းဖြစ်လာပြီလို့ ပြောပါတယ်။
ယူနိုက်တက်ဟာ အင်္ဂါညက လိုက်ပ်ဇစ်ကို ၃-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီး ယူရိုပါလိဂ် ၃၂သင်းအဆင့်ကို ကူးပြောင်းခဲ့ရပါတယ်။


ယူနိုက်တက်ဟာ လိုက်ပ်ဇစ်ကို အနိမ့်ဆုံးသရေကစားနိုင်တာနဲ့ ၁၆သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပေမယ့် ၃ဂိုးပြတ်ဦးဆောင်ခံရပြီးမှ ချေပဂိုး ၂ဂိုးလိုက်သွင်းကာ ယမန်နှစ်ဆီမီးဖိုင်နယ်ရောက်အသင်းကို အရေးနိမ့်ခဲ့ရပါတယ်။

၂၀၁၆ ကနေ ၂၀၁၈အတွင်း ယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ကာလအတွင်း ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့တဲ့ မော်ရင်ညိုက နာမည်ကြီးတွေပါဝင်တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ယူနိုက်တက်အသင်း ပွတ်ကာသီကာနဲ့ ထွက်ခဲ့ရလို့ ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးကနေ အလိုအလျောက်ရေပန်းစားသင့်တယ်လို့ ပြောပါတယ်။


”ယူနိုက်တက်ဟာ ယခုရာသီယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်လာပါတယ်။ ချန်ပီယံလိဂ်ကနေ ဒီဘက်ရောက်လာတဲ့အသင်းတွေက တောင့်တင်းလေ့ရှိပြီး ပုံမှန်အားဖြင့် ယူရိုပါလိဂ်အနေအထားနဲ့မတူတဲ့အဆင့်မှာရှိပါတယ်”


”ယူနိုက်တက်က ထိပ်တန်းအသင်းတစ်သင်းဖြစ်ပြီး ပီအက်စ်ဂျီနဲ့ လိုက်ပ်ဇစ်တို့ပါဝင်နေတဲ့အုပ်စုကလည်း အရမ်းခက်ပါတယ်။ သူတို့က ဘယ်အသင်းကိုမှ လွယ်ကူစေမှာမဟုတ်တာ ကျွန်တော်တို့သိထားပါတယ်”လု့ိ မော်ရင်ညိုက ပြောပါတယ်။


မော်ရင်ညိုဟာ လွန်ခဲ့တဲ့ ၃နှစ်က ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးနောက် ယခုရာသီမှာလည်း စပါးအသင်းနဲ့အတူ အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင်မှာပဲ ၃၂သင်းအဆင့်ကို တက်ရောက်ထားပြီးဖြစ်ပါတယ်။


စပါးဟာ ဒီညမှာကစားရမယ့် အန့်တ်ဝပ်နဲ့ အိမ်ကွင်းပွဲမှာအနိုင်ရခဲ့ရင် အုပ်စုပထမရရှိမှာဖြစ်ပေမယ့် ညာနောက်ခံလူအော်ရီယာကတော့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ဒါဘီပွဲမတိုင်ခင် အသေးစားဒဏ်ရာရရှိမှုကနေ ပြန်မကောင်းသေးလို့ ဒီပွဲကိုလည်း ဆက်လက်လွဲချော်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
အခုေတာ့ ယူႏိုက္တက္က ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးျဖစ္သြားၿပီလို႔ ေမာ္ရင္ညိဳ သုံးသပ္

စပါးအသင္းနည္းျပ ဟိုေဆးေမာ္ရင္ညိဳက ယခုအခါ အသင္းေဟာင္း ယူႏိုက္တက္အေနနဲ႔ ယူ႐ိုပါလိဂ္မွာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးတစ္သင္းျဖစ္လာၿပီလို႔ ေျပာပါတယ္။
ယူႏိုက္တက္ဟာ အဂၤါညက လိုက္ပ္ဇစ္ကို ၃-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ခဲ့ရၿပီး ယူ႐ိုပါလိဂ္ ၃၂သင္းအဆင့္ကို ကူးေျပာင္းခဲ့ရပါတယ္။
ယူႏိုက္တက္ဟာ လိုက္ပ္ဇစ္ကို အနိမ့္ဆုံးသေရကစားႏိုင္တာနဲ႔ ၁၆သင္းအဆင့္ကို တက္ေရာက္ႏိုင္မွာျဖစ္ေပမယ့္ ၃ဂိုးျပတ္ဦးေဆာင္ခံရၿပီးမွ ေခ်ပဂိုး ၂ဂိုးလိုက္သြင္းကာ ယမန္ႏွစ္ဆီမီးဖိုင္နယ္ေရာက္အသင္းကို အေရးနိမ့္ခဲ့ရပါတယ္။
၂၀၁၆ ကေန ၂၀၁၈အတြင္း ယူႏိုက္တက္နည္းျပအျဖစ္ တာဝန္ယူခဲ့တဲ့ကာလအတြင္း ယူ႐ိုပါလိဂ္ဖလားရယူႏိုင္ခဲ့တဲ့ ေမာ္ရင္ညိဳက နာမည္ႀကီးေတြပါဝင္တဲ့ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ယူႏိုက္တက္အသင္း ပြတ္ကာသီကာနဲ႔ ထြက္ခဲ့ရလို႔ ယူ႐ိုပါလိဂ္မွာ ခ်န္ပီယံျဖစ္ဖို႔ ထိပ္ဆုံးကေန အလိုအေလ်ာက္ေရပန္းစားသင့္တယ္လို႔ ေျပာပါတယ္။
”ယူႏိုက္တက္ဟာ ယခုရာသီယူ႐ိုပါလိဂ္မွာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္လာပါတယ္။ ခ်န္ပီယံလိဂ္ကေန ဒီဘက္ေရာက္လာတဲ့အသင္းေတြက ေတာင့္တင္းေလ့ရွိၿပီး ပုံမွန္အားျဖင့္ ယူ႐ိုပါလိဂ္အေနအထားနဲ႔မတူတဲ့အဆင့္မွာရွိပါတယ္”

”ယူႏိုက္တက္က ထိပ္တန္းအသင္းတစ္သင္းျဖစ္ၿပီး ပီအက္စ္ဂ်ီနဲ႔ လိုက္ပ္ဇစ္တို႔ပါဝင္ေနတဲ့အုပ္စုကလည္း အရမ္းခက္ပါတယ္။ သူတို႔က ဘယ္အသင္းကိုမွ လြယ္ကူေစမွာမဟုတ္တာ ကြၽန္ေတာ္တို႔သိထားပါတယ္”လု႔ိ ေမာ္ရင္ညိဳက ေျပာပါတယ္။
ေမာ္ရင္ညိဳဟာ လြန္ခဲ့တဲ့ ၃ႏွစ္က ယူႏိုက္တက္နဲ႔အတူ ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ ယခုရာသီမွာလည္း စပါးအသင္းနဲ႔အတူ အုပ္စုေနာက္ဆုံးပြဲစဥ္မတိုင္ခင္မွာပဲ ၃၂သင္းအဆင့္ကို တက္ေရာက္ထားၿပီးျဖစ္ပါတယ္။
စပါးဟာ ဒီညမွာကစားရမယ့္ အန႔္တ္ဝပ္နဲ႔ အိမ္ကြင္းပြဲမွာအႏိုင္ရခဲ့ရင္ အုပ္စုပထမရရွိမွာျဖစ္ေပမယ့္ ညာေနာက္ခံလူေအာ္ရီယာကေတာ့ အာဆင္နယ္ကို အႏိုင္ရခဲ့တဲ့ဒါဘီပြဲမတိုင္ခင္ အေသးစားဒဏ္ရာရရွိမႈကေန ျပန္မေကာင္းေသးလို႔ ဒီပြဲကိုလည္း ဆက္လက္လြဲေခ်ာ္ရမွာပါ။