
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အာဆင်နယ်နဲ့
ကစားခဲ့တဲ့ပွဲမှာ(၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့အတွက် အဲဒီရလဒ်အပေါ်
ကျေနပ်နေရမယ့်အချိန်မဟုတ်သေးဘူးလို့ အသင်းဖော်တွေကို
သတိပေးစကားဆိုလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ အဓိကပြိုင်ဘက်
အာဆင်နယ်အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ဘရူနိုဖာနန်ဒက်စ်က
သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝပွဲ(၁၀၀)ပြည့်မှာ ချေပဂိုးပြန်သွင်းခဲ့ပြီး
နာမည်ကျော်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုက နိုင်ငံနဲ့ကလပ်နှစ်ခုပေါင်း
သွင်းဂိုး(၈၀၀)ပြည့်ဂိုးနဲ့ (၈၀၁)ဂိုးမြောက်တွေကို သွင်းယူခဲ့တာကြောင့်
ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်(၃)ပွဲဆက် နိုင်ပွဲပျောက်နေတာကို
ရပ်တန့်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ မနက်ဖြန်ကျရင် ပဲလေ့စ်နဲ့
အဝေးကွင်းပွဲရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ဘရူနိုဖာနန်ဒက်စ်က
“အခုအချိန်မှာ နိုင်ပွဲတစ်ပွဲရရှိဖို့က အသင်းအတွက်အရေးအကြီးဆုံး
ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ အနိမ့်အမြင့်တွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရပြီး
ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရတာပါ။ ကျွန်တော်တို့ နိုင်ပွဲရခဲ့တယ်ဆိုပေမယ့်
ကျေနပ်နေလို့မရသေးဘဲ နောက်ပွဲက ရက်ပိုင်းအတွင်းကစားရမှာဖြစ်တာကြောင့်
လာမယ့်ပွဲအတွက် အသင့်ဖြစ်နေဖို့လိုအပ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
zawgyi
အခုအခ်ိန္မွာ ႏိုင္ပြဲတစ္ပြဲရရွိဖို႔က အသင္းအတြက္အေရးအႀကီးဆုံးလို႔ ဘ႐ူႏိုဖာနန္ဒက္စ္ဆို
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က အာဆင္နယ္နဲ႔
ကစားခဲ့တဲ့ပြဲမွာ(၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အတြက္ အဲဒီရလဒ္အေပၚ
ေက်နပ္ေနရမယ့္အခ်ိန္မဟုတ္ေသးဘူးလို႔ အသင္းေဖာ္ေတြကို
သတိေပးစကားဆိုလိုက္ပါတယ္။ ယူႏိုက္တက္အသင္းဟာ အဓိကၿပိဳင္ဘက္
အာဆင္နယ္အသင္းကို ဦးေဆာင္ဂိုးေပးခဲ့ရေပမယ့္ ဘ႐ူႏိုဖာနန္ဒက္စ္က
သူ႔ရဲ႕ယူႏိုက္တက္ကစားသမားဘဝပြဲ(၁၀၀)ျပည့္မွာ ေခ်ပဂိုးျပန္သြင္းခဲ့ၿပီး
နာမည္ေက်ာ္တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒိုက ႏိုင္ငံနဲ႔ကလပ္ႏွစ္ခုေပါင္း
သြင္းဂိုး(၈၀၀)ျပည့္ဂိုးနဲ႔ (၈၀၁)ဂိုးေျမာက္ေတြကို သြင္းယူခဲ့တာေၾကာင့္
ယူႏိုက္တက္အသင္း ပရီးမီးယားလိဂ္(၃)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ေနတာကို
ရပ္တန႔္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ မနက္ျဖန္က်ရင္ ပဲေလ့စ္နဲ႔
အေဝးကြင္းပြဲရင္ဆိုင္ရမွာျဖစ္ၿပီး အဲဒီပြဲမတိုင္ခင္ ဘ႐ူႏိုဖာနန္ဒက္စ္က
“အခုအခ်ိန္မွာ ႏိုင္ပြဲတစ္ပြဲရရွိဖို႔က အသင္းအတြက္အေရးအႀကီးဆုံး
ျဖစ္ေနပါတယ္။ ကြၽန္ေတာ္တို႔ဟာ အနိမ့္အျမင့္ေတြအမ်ားႀကီးနဲ႔ရင္ဆိုင္ခဲ့ရၿပီး
ခက္ခက္ခဲခဲေက်ာ္ျဖတ္ခဲ့ရတာပါ။ ကြၽန္ေတာ္တို႔ ႏိုင္ပြဲရခဲ့တယ္ဆိုေပမယ့္
ေက်နပ္ေနလို႔မရေသးဘဲ ေနာက္ပြဲက ရက္ပိုင္းအတြင္းကစားရမွာျဖစ္တာေၾကာင့္
လာမယ့္ပြဲအတြက္ အသင့္ျဖစ္ေနဖို႔လိုအပ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။