အချက်အလက်တွေနဲ့ စစ်ထုတ်လိုက်တဲ့ ချန်ပီယံလိဂ်ချန်ပီယံလောင်းအသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယခုရာသီချန်ပီယံလိဂ်ပွဲတွေက ၁၆သင်းအဆင့် ရောက်လာပြီဖြစ်ရာ ပရီသတ်တွေရဲ့စိတ်ဝင်စားမှုကလည်း ပိုမိုမြင့်တက်လာပြီး အချက်အလက်တွေနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်ရာမှာတော့ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ဖို့ ဖြစ်နိုင်ခြေအရှိဆုံးအသင်းတွေ ထွက်ပေါ်လာပါတယ်။


အုပ်စုအဆင့်ကနေ အင်တာမီလန်နဲ့ ယူနိုက်တက်တို့လို ဥရောပဟဲဗီးဝိတ်အသင်းတွေထွက်ခဲ့ရသလို ချန်ပီယံ ၁၃ကြိမ်ရရှိထားတဲ့ ရီးရဲလ်ဆိုရင်လည်း အုပ်စုနောက်ဆုံးပွဲမှာ အနိုင်ရခဲ့လို့သာ ၁၆သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။


ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီမှာ ကျင်းပမယ့် ၁၆သင်းအဆင့်ရှုံးထွက်ပွဲတွေက ပိုမိုစိတ်လှုပ်ရှားစရာကောင်းလာနိုင်ပြီး အချက်အလက်တွေသီးသန့်စုဆောင်းတင်ဆက်နေတဲ့ FiveThirtyEight.com က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ခြေအတွက် တစ်သင်းချင်းစီရဲ့အချက်အလက်တွေကို စိစစ်ကာ ဖြစ်နိုင်ခြေအများဆုံးအသင်းကို ရွေးထုတ်ခဲ့ပါတယ်။


လက်ရှိချန်ပီယံ ဘိုင်ယန်က ဘွတ်ကီတွေရဲ့အလေးပေးမှုမှာ ချန်ပီယံဆုကာကွယ်နိုင်ဖို့ မသိမသာရေပန်းစားနေပေမယ့် FiveThirtyEight ဝက်ဆိုက်ကတော့ ချန်ပီယံဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာပဲ သတ်မှတ်ခဲ့ပါတယ်။

ပထမနေရာမှာတော့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးက ၂၄ ရာခိုင်နှုန်းက ရပ်တည်နေပြီး စီးတီးဟာ ငွေကြေးအများအပြားသုံးစွဲထားပေမယ့် ချန်ပီယံလိဂ်မှာ အောင်မြင်မှုမရသေးဘဲ နောက်ဆုံး ၃ရာသီဆက် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရပါတယ်။


ဒါပေမဲ့ စီးတီးရဲ့လူစာရင်းနဲ့ နည်းပြဂွါဒီယိုလာရဲ့အရည်အသွေးတွေက သံသယဝင်စရာမလိုအောင် တောင့်တင်းကောင်းမွန်နေပြီး စပိန်သား ဂွါဒီယိုလာက အသင်းဟောင်း ဘာစီလိုနာမှာ ချန်ပီယံလိဂ်ဖလား ၂ကြိမ် ရယူနိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ်ဖလားကိုင်မြှောက်ခဲ့တဲ့ လီဗာပူးကတော့ ဒီနှစ်မှာ ချန်ပီယံဖြစ်ဖို့ ၇%ပဲရှိပြီး လမ်းပတ်ရဲ့ချဲလ်ဆီးနဲ့ ယမန်နှစ် ဒုတိယဆုရှင် ပီအက်စ်ဂျီတို့ကလည်း လီဗာပူးနဲ့အတူတူ ရပ်တည်နေပါတယ်။

ဒီထက်ပိုမိုအံ့အားသင့်စရာကောင်းတာက အဲဒီ ၃သင်းထက် ချန်ပီယံဖြစ်ဖို့ ဘာစီလိုနာအသင်း ပိုမိုနီးစပ်နေတာပဲဖြစ်ပြီး ၁၀ %/ရှိပေမယ့် စီရော်နယ်ဒိုဦးဆောင်တဲ့ ဂျူဗင်တပ်စ်ကတော့ ၁၆သင်းအနက် အဆင့် ၁၀ နေရာမှာပဲ ရပ်တည်နေရပါတယ်။


၁ – မန်စီးတီး (၂၄%)
၂ – ဘိုင်ယန် (၁၇%)
၃ – ဘာစီလိုနာ (၁၀%)
၄ – လီဗာပူး (၇%)

၅ – ချဲလ်ဆီး (၇%)


၆ – ပီအက်စ်ဂျီ (၇%)
၇ – ဒေါ့မွန် (၆%)

၈ – ရီးရဲလ် (၆%)
၉ – အက်သလက် (၅%)
၁၀ – ဂျူဗင်တပ်စ် (၃%)
၁၁ – လိုက်ပ်ဇစ် (၃%)
၁၂ – အတ္တလန္တာ (၁%)

၁၃ – ဆီဗီလာ (၁%)
၁၄ – ဂလာဘတ် (၁%)
၁၅ – ပေါ်တို (၁%)
၁၆ – လာဇီယို (၁%)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi


၁ – မန်စီးတီး (၂၄%)

၂ – ဘိုင်ယန် (၁၇%)
၃ – ဘာစီလိုနာ (၁၀%)
၎ – လီဗာပူး (၇%)
၅ – ချဲလ်ဆီး (၇%)
၆ – ပီအက်စ်ဂျီ (၇%)

၇ – ဒေါ့မွန် (၆%)
၈ – ရီးရဲလ် (၆%)
၉ – အက်သလက် (၅%)
၁၀ – ဂျူဗင်တပ်စ် (၃%)
၁၁ – လိုက်ပ်ဇစ် (၃%)

၁၂ – အတ္တလန္တာ (၁%)
၁၃ – ဆီဗီလာ (၁%)
၁၄ – ဂလာဘတ် (၁%)
၁၅ – ပေါ်တို (၁%)
၁၆ – လာဇီယို (၁%)