အချစ်အတွက် မန်စီးတီးကို စွန့်ခွာချင်နေတဲ့ ဖာရန်တောရက်စ်

ဖာရန်တောရက်စ်ဟာဘောလုံးကြောင့်တစ်ခုတည်းသာဘာစီလိုနာသို့

ပြောင်းရွှေ့နိုင်တာမဟုတ်ပါဘူး။မန်စီးတီးတိုက်စစ်သမားဟာ

ဘာစီလိုနာနည်းပြဟောင်းရဲ့သမီးဆီရာမာတီနက်ဇ်နှင့်ချစ်ကြိုက်နေကြောင်း

သတင်းထွက်ပေါ်နေပါတယ်။

ဆီရာကပရော်ဖက်ရှင် Show-Jumper တစ်ဦးဖြစ်ပြီး ဘာစီလိုနာမြင်းကလပ်

Barcelona Royal Polo Club အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။စပိန်သတင်းစာ

EnBlau က တောရက်စ်ဟာမန်စီးတီးတွင်ကစားနေရမှုနဲ့အတူ ချစ်သူဆီရာနှင့်

ဝေးကွာနေရမှုကြောင့်စိတ်ပျက်နေပြီး ဘာစီလိုနာသို့

ပြောင်းရွှေ့ကစားလိုနေကြောင်းဖော်ပြသွားပါတယ်။

ဘာစီလိုနာနည်းပြဇာဗီးဟာအသင်းကိုပြန်လည်တည်ဆောက်ရန် စီစဉ်နေပြီး

၎င်းတို့ခေါ်ယူလိုနေတဲ့ကစားသမားများစာရင်းတွင်ဖာရန်တောရက်စ်က

ထိပ်ဆုံးမှပါဝင်နေပါတယ်။

စပိန်လက်ရွေးစင်တိုက်စစ်သမားဟာ

ယခုရာသီမှာခြေရိုးအက်ဒဏ်ရာရရှိမှုနဲ့အတူ မန်စီးတီးရဲ့ပွဲ၁၄ပွဲကို

လွဲချော်လာသူလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာဗလင်စီယာကစားသမားဟောင်းကို ပေါင်၃၈သန်းဖြင့်

ကမ်းလှမ်းရန်စီစဉ်နေကြောင်းသတင်းထွက်နေပြီးမန်စီးတီးက

ပေါင်သန်း၅၀ တန်ကြေးသတ်မှတ်ထားပါတယ်။မန်စီးတီးဟာ

တောရက်စ်ကို လွန်ခဲ့တဲ့၁၈လတုန်းကဝယ်ယူစဉ်ကပေါင်သန်း၂၀အသုံးပြုခဲ့ရပါတယ်။

zawgyi

အခ်စ္အတြက္ မန္စီးတီးကို စြန႔္ခြာခ်င္ေနတဲ့ ဖာရန္ေတာရက္စ္

ဖာရန္ေတာရက္စ္ဟာေဘာလုံးေၾကာင့္တစ္ခုတည္းသာဘာစီလိုနာသို႔

ေျပာင္းေ႐ႊ႕ႏိုင္တာမဟုတ္ပါဘူး။မန္စီးတီးတိုက္စစ္သမားဟာ

ဘာစီလိုနာနည္းျပေဟာင္းရဲ႕သမီးဆီရာမာတီနက္ဇ္ႏွင့္ခ်စ္ႀကိဳက္ေနေၾကာင္း

သတင္းထြက္ေပၚေနပါတယ္။

ဆီရာကပေရာ္ဖက္ရွင္ Show-Jumper တစ္ဦးျဖစ္ၿပီး ဘာစီလိုနာျမင္းကလပ္

Barcelona Royal Polo Club အဖြဲ႕ဝင္တစ္ဦးျဖစ္ပါတယ္။စပိန္သတင္းစာ

EnBlau က ေတာရက္စ္ဟာမန္စီးတီးတြင္ကစားေနရမႈနဲ႔အတူ ခ်စ္သူဆီရာႏွင့္

ေဝးကြာေနရမႈေၾကာင့္စိတ္ပ်က္ေနၿပီး ဘာစီလိုနာသို႔

ေျပာင္းေ႐ႊ႕ကစားလိုေနေၾကာင္းေဖာ္ျပသြားပါတယ္။

ဘာစီလိုနာနည္းျပဇာဗီးဟာအသင္းကိုျပန္လည္တည္ေဆာက္ရန္ စီစဥ္ေနၿပီး

၎တို႔ေခၚယူလိုေနတဲ့ကစားသမားမ်ားစာရင္းတြင္ဖာရန္ေတာရက္စ္က

ထိပ္ဆုံးမွပါဝင္ေနပါတယ္။စပိန္လက္ေ႐ြးစင္တိုက္စစ္သမားဟာ

ယခုရာသီမွာေျခ႐ိုးအက္ဒဏ္ရာရရွိမႈနဲ႔အတူ မန္စီးတီးရဲ႕ပြဲ၁၄ပြဲကို

လြဲေခ်ာ္လာသူလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာဗလင္စီယာကစားသမားေဟာင္းကို ေပါင္၃၈သန္းျဖင့္

ကမ္းလွမ္းရန္စီစဥ္ေနေၾကာင္းသတင္းထြက္ေနၿပီးမန္စီးတီးက

ေပါင္သန္း၅၀ တန္ေၾကးသတ္မွတ္ထားပါတယ္။မန္စီးတီးဟာ

ေတာရက္စ္ကို လြန္ခဲ့တဲ့၁၈လတုန္းကဝယ္ယူစဥ္ကေပါင္သန္း၂၀အသုံးျပဳခဲ့ရပါတယ္။