အခွင့်အရေးထပ်မံရရှိဖို့ အလားအလာ နည်းပါးသွားပြီ ဖြစ်တဲ့ မာရှယ်

အန်သိုနီ မာရှယ်ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝက

လက်ရှိအချိန်ထိ စိတ်ပျက်စရာလို့ ဆိုနိုင်ပါတယ်။

မာရှယ်က ပုံမှန်‌ြခေစွမ်း ပြသနိုင်ခြင်း မရှိသလို ဒါတွေ အားလုံးက သူ့ရဲ့

အမှားသက်သက်ကြောင့်တော့ မဟုတ်ပါဘူး။

ထိပ်တန်းကစားသမားတွေ အားလုံးဟာ အကောင်းဆုံး ပုံစံမှာ ‌ြခေစွမ်ပြသနိုင်ဖို့

ပုံမှန် ပွဲကစားခွင့်လိုအပ်ပါတယ်။ မာရှယ်မှာ ဒီအခွင့်အရေး မရှိပါဘူး။

တစ်ဖက်မှာလည်း မာရှယ်က ပုံမှန်ကစားခွင့်ပေးဖို့ ထိုက်တန်တဲ့

‌ြခေစွမ်းပြသနိုင်ခြင်း မရှိဘူးလို့လည်း ပြန်လည် သုံးသပ်နိုင်ပါတယ်။

မာရှယ်ဟာ ဗီလာရီးရဲနဲ့ ပွဲစဉ်မှာ caretaker နည်းပြ မိုက်ကယ်ကာရစ်ရဲ့

ယုံကြည်ခြင်း ခံခဲ့ရပါတယ်။ ကာရစ်က သူ့ကို အဲဗာတန်အသင်းနဲ့

သရေကျခဲ့တဲ့ အိမ်ကွင်းပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။

မာရှယ်က စပိန်နိုင်ငံမှာ( ၆၅ ) မိနစ် ကစားခွင့်ရခဲ့ပြီး လူစားလဲမခံရခင်ထိ

ပွဲအပေါ် သိသာတဲ့ သက်ရောက်မှုမျိုး ပေးစွမ်းနိုင်ခဲ့ခြင်း မရှိပါဘူး။

သူက ဂိုးပေါက်တည့် ကန်သွင်းမှု တစ်ကြိမ်မျှ မပြုလုပ်နိုင်ခဲ့သလို

အခွင့်အရေး ဖန်တီးပေးနိုင်ခြင်းလည်း မရှိခဲ့ပါဘူး။

ဒါကြောင့် မာရှယ်ဟာ ချဲလ်ဆီးအသင်းနဲ့ ပွဲထွက်ကစားသမားစာရင်းကနေ

ချန်လှပ်ခြင်း ခံခဲ့ရသလို ကစားခွင့်မရတဲ့ အရံအနေနဲ့သာ ရှိနေခဲ့ပါတယ်။

မာရှယ်အနေနဲ့ ရလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချသင့်ပါတယ်။

ဗီလာရီးရဲနဲ့ ပွဲစဉ်မှာ သက်သေပြနိုင်ခဲ့ခြင်း မရှိတာက သူ့ကို များစွာ

ထိခိုက်စေနိုင်ပါတယ်။ မေဆန် ဂရင်းဝုဒ်က အဖျားဝေဒနာကနေ ပြန်လည်

သက်သာလာပြီဖြစ်သလို နောက်ဆုံးပွဲစဉ်မှာလည်း အရံခုံမှာ ပါဝင်လာခဲ့ပါတယ်။

သူက ဝက်ဖို့ဒ် ၊ ဗီလာရီးရဲတို့နဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီးနောက် ပြန်လည်

ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေမှာ သေချာပါတယ်။

နောက်ပြီးအက်ဒီဆင် ကာဗာနီ ပြန်လည်သက်သာလာမှုက မာရှယ်အတွက်

ပိုမိုဆိုးရွားစေပါတယ်။ ဥရုဂွေးလက်‌ရွေးစင် ပြန်လာပါက မာရှယ်အနေနဲ့

အထောင်တိုက်စစ်မှူးနေရာမှာ ရွေးချယ်ခံရဖို့ လုံးဝ အခွင့်အရေး

လျော့နည်းသွားပါလိမ့်မယ်။ ဒါကြောင့် ဘယ်ခြမ်းနေရာအတွက် မားကတ်

ရက်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ရနိုင်ပါတယ်။ ကြားဖြတ်နည်းပြ ရာဖ် ရင်းနစ်ခ် ရောက်ရှိ

လာမှုက မာရှယ်အတွက် အ‌ြခေအနေသစ်တွေကို ဖန်တီးပေးလာနိုင်ပေမယ့်

သူ့ရဲ့ လက်ရှိ ယူနိုက်တက် ကစားသမားဘဝကတော့ အခွင့်အရေး

ထပ်မံရရှိဖို့ အလားအလာ နည်းပါးသွားပြီ ဖြစ်ကြောင်းပါ ။

zawgyi

အခြင့္အေရးထပ္မံရရွိဖို႔ အလားအလာ နည္းပါးသြားၿပီ ျဖစ္တဲ့ မာရွယ္

အန္သိုနီ မာရွယ္ရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္ ကစားသမားဘဝက

လက္ရွိအခ်ိန္ထိ စိတ္ပ်က္စရာလို႔ ဆိုႏိုင္ပါတယ္။

မာရွယ္က ပုံမွန္‌ျေခစြမ္း ျပသႏိုင္ျခင္း မရွိသလို ဒါေတြ အားလုံးက သူ႔ရဲ႕

အမွားသက္သက္ေၾကာင့္ေတာ့ မဟုတ္ပါဘူး။

ထိပ္တန္းကစားသမားေတြ အားလုံးဟာ အေကာင္းဆုံး ပုံစံမွာ ‌ျေခစြမ္ျပသႏိုင္ဖို႔

ပုံမွန္ ပြဲကစားခြင့္လိုအပ္ပါတယ္။ မာရွယ္မွာ ဒီအခြင့္အေရး မရွိပါဘူး။

တစ္ဖက္မွာလည္း မာရွယ္က ပုံမွန္ကစားခြင့္ေပးဖို႔ ထိုက္တန္တဲ့

‌ျေခစြမ္းျပသႏိုင္ျခင္း မရွိဘူးလို႔လည္း ျပန္လည္ သုံးသပ္ႏိုင္ပါတယ္။

မာရွယ္ဟာ ဗီလာရီးရဲနဲ႔ ပြဲစဥ္မွာ caretaker နည္းျပ မိုက္ကယ္ကာရစ္ရဲ႕

ယုံၾကည္ျခင္း ခံခဲ့ရပါတယ္။ ကာရစ္က သူ႔ကို အဲဗာတန္အသင္းနဲ႔

သေရက်ခဲ့တဲ့ အိမ္ကြင္းပြဲစဥ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပြဲထြက္ခြင့္ေပးခဲ့ပါတယ္။

မာရွယ္က စပိန္ႏိုင္ငံမွာ( ၆၅ ) မိနစ္ ကစားခြင့္ရခဲ့ၿပီး လူစားလဲမခံရခင္ထိ

ပြဲအေပၚ သိသာတဲ့ သက္ေရာက္မႈမ်ိဳး ေပးစြမ္းႏိုင္ခဲ့ျခင္း မရွိပါဘူး။

သူက ဂိုးေပါက္တည့္ ကန္သြင္းမႈ တစ္ႀကိမ္မွ် မျပဳလုပ္ႏိုင္ခဲ့သလို

အခြင့္အေရး ဖန္တီးေပးႏိုင္ျခင္းလည္း မရွိခဲ့ပါဘူး။

ဒါေၾကာင့္ မာရွယ္ဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ပြဲထြက္ကစားသမားစာရင္းကေန

ခ်န္လွပ္ျခင္း ခံခဲ့ရသလို ကစားခြင့္မရတဲ့ အရံအေနနဲ႔သာ ရွိေနခဲ့ပါတယ္။

မာရွယ္အေနနဲ႔ ရလာတဲ့ အခြင့္အေရးတိုင္းကို အသုံးခ်သင့္ပါတယ္။

ဗီလာရီးရဲနဲ႔ ပြဲစဥ္မွာ သက္ေသျပႏိုင္ခဲ့ျခင္း မရွိတာက သူ႔ကို မ်ားစြာ

ထိခိုက္ေစႏိုင္ပါတယ္။ ေမဆန္ ဂရင္းဝုဒ္က အဖ်ားေဝဒနာကေန ျပန္လည္

သက္သာလာၿပီျဖစ္သလို ေနာက္ဆုံးပြဲစဥ္မွာလည္း အရံခုံမွာ ပါဝင္လာခဲ့ပါတယ္။

သူက ဝက္ဖို႔ဒ္ ၊ ဗီလာရီးရဲတို႔နဲ႔ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ျပန္လည္

ကစားခြင့္ရဖို႔ ဆႏၵျပင္းျပေနမွာ ေသခ်ာပါတယ္။

ေနာက္ၿပီးအက္ဒီဆင္ ကာဗာနီ ျပန္လည္သက္သာလာမႈက မာရွယ္အတြက္

ပိုမိုဆိုး႐ြားေစပါတယ္။ ဥ႐ုေဂြးလက္‌ေ႐ြးစင္ ျပန္လာပါက မာရွယ္အေနနဲ႔

အေထာင္တိုက္စစ္မႉးေနရာမွာ ေ႐ြးခ်ယ္ခံရဖို႔ လုံးဝ အခြင့္အေရး

ေလ်ာ့နည္းသြားပါလိမ့္မယ္။ ဒါေၾကာင့္ ဘယ္ျခမ္းေနရာအတြက္ မားကတ္

ရက္ဖို႔ဒ္နဲ႔ ယွဥ္ၿပိဳင္ရႏိုင္ပါတယ္။ ၾကားျဖတ္နည္းျပ ရာဖ္ ရင္းနစ္ခ္ ေရာက္ရွိ

လာမႈက မာရွယ္အတြက္ အ‌ျေခအေနသစ္ေတြကို ဖန္တီးေပးလာႏိုင္ေပမယ့္

သူ႔ရဲ႕ လက္ရွိ ယူႏိုက္တက္ ကစားသမားဘဝကေတာ့ အခြင့္အေရး

ထပ္မံရရွိဖို႔ အလားအလာ နည္းပါးသြားၿပီ ျဖစ္ေၾကာင္းပါ ။