အဂူရိုနေရာအတွက် တော့တင်ဟမ်စတား ဟယ်ရီကိန်းကို ခေါ်ယူဖို အံ့အားသင့်ဖွယ် ပြင်ဆင်လာတဲ့ မန်စီးတီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ မန်စီးတီးအသင်းဟာ လာမယ့်နှစ်နွေရာသီမှာ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းကို ပေါင်သန်း ၉၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
စီးတီးနည်းပြ ဂွါဒီယိုလာဟာ တိုက်စစ်ပိုင်းအတွက် အားထားရတဲ့အဂူရိုနေရာမှာ အင်္ဂလန်သားတိုက်စစ်မှူးနဲ့ အစားထိုးဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ကိန်းဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်လောက်ကတည်းက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ ၆ ရာသီအတွင်း ပြိုင်ပွဲစုံ ၂၀ ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။

အင်္ဂလန်သားဟာ လက်ရှိရာသီသစ်မှာလည်း အသင်းဖော်တိုက်စစ်မှူး ဆွန်ဟောင်မင်နဲ့အတူ ခြေစွမ်းပြနေကာ ဂျာမန်သတင်းစာတစ်ခုကတော့ ဂွါဒီယိုလာဟာ အဂူရိုနေရာအတွက် ကိန်းကိုမျက်စိကျနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

နည်းပြ မော်ရင်ဟိုလက်အောက်မှာလည်း ကိန်းဟာ ဒီရာသီပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၉ ဂိုးသွင်းယူထားခဲ့ပြီး ၁၀ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ကိန်းကတော့ တော့တင်ဟမ်မှာခြေစွမ်းပြနေပေမယ့် လန်ဒန်ကလပ်ဟာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေပြီး ဂွါဒီယိုလာရဲ့စီးတီးက ဆုဖလားအာမခံချက်ရှိနေတာကြောင့် အသင်းပြောင်းဖွယ်ရှိနေပါတယ်။

စီးတီးရဲ့အားထားရတဲ့တိုက်စစ်မှူး အဂူရိုကတော့ ဒဏ်ရာကြောင့် ရုန်းကန်နေရပြီး အသင်းအတွက် ပွဲ ၃၇၈ ပွဲမှာ ၂၅၆ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အသက် ၃၂ နှစ်သားဟာ ဒီရာသီအသင်းအတွက် ၂ ပွဲသာပါဝင်ကစားခွင့်ရရှိထားကာ စာချုပ်သက်တမ်းကလည်း ရာသီအကုန်မှာကုန်ဆုံးမှာဖြစ်တာကြောင့် စီးတီးက ကိန်းနဲ့ရေရှည်အစားထိုးဖို့ စီစဉ်လာပါတယ်။

ဟယ်ရီကိန်းကလည်း အခုနှစ်မတ်လတုန်းက တကယ်လို့တော့တင်ဟမ်အနေနဲ့ ဆုဖလားအောင်မြင်မှုမရဘူးဆိုရင် ထွက်ခွာနိုင်ချေရှိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဂူရိုေနရာအတြက္ ေတာ့တင္ဟမ္စတား ဟယ္ရီကိန္းကို ေခၚယူဖို အံ့အားသင့္ဖြယ္ ျပင္ဆင္လာတဲ့ မန္စီးတီး

သတင္းေတြအရ မန္စီးတီးအသင္းဟာ လာမယ့္ႏွစ္ေႏြရာသီမွာ ေတာ့တင္ဟမ္တိုက္စစ္မွဴး ဟယ္ရီကိန္းကို ေပါင္သန္း ၉၀ နဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ စီးတီးနည္းျပ ဂြါဒီယိုလာဟာ တိုက္စစ္ပိုင္းအတြက္ အားထားရတဲ့အဂူရိုေနရာမွာ အဂၤလန္သားတိုက္စစ္မွဴးနဲ႔ အစားထိုးဖို႔ ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။ ကိန္းဟာ ျပီးခဲ့တဲ့ရာသီအနည္းငယ္ေလာက္ကတည္းက ကမၻာ့အေကာင္းဆံုးတိုက္စစ္မွဴးတစ္ဦးျဖစ္လာခဲ့ျပီး ျပီးခဲ့တဲ့ ၆ ရာသီအတြင္း ျပိဳင္ပြဲစံု ၂၀ ဂုိးနဲ႔အထက္သြင္းယူႏုိင္ခဲ့ကာ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆု ၂ ၾကိမ္ရယူႏိုင္ခဲ့ပါတယ္။

အဂၤလန္သားဟာ လက္ရွိရာသီသစ္မွာလည္း အသင္းေဖာ္တိုက္စစ္မွဴး ဆြန္ေဟာင္မင္နဲ႔အတူ ေျခစြမ္းျပေနကာ ဂ်ာမန္သတင္းစာတစ္ခုကေတာ့ ဂြါဒီယိုလာဟာ အဂူရိုေနရာအတြက္ ကိန္းကိုမ်က္စိက်ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ နည္းျပ ေမာ္ရင္ဟိုလက္ေအာက္မွာလည္း ကိန္းဟာ ဒီရာသီပရီးမီးယားလိဂ္ ၁၅ ပြဲမွာ ၉ ဂိုးသြင္းယူထားခဲ့ျပီး ၁၀ ဂိုးဖန္တီးထားႏိုင္ခဲ့ပါတယ္။ ကိန္းကေတာ့ ေတာ့တင္ဟမ္မွာေျခစြမ္းျပေနေပမယ့္ လန္ဒန္ကလပ္ဟာ ေအာင္ျမင္မႈေတြနဲ႔ ေ၀းကြာေနျပီး ဂြါဒီယိုလာရဲ႕စီးတီးက ဆုဖလားအာမခံခ်က္ရွိေနတာေၾကာင့္ အသင္းေျပာင္းဖြယ္ရွိေနပါတယ္။

စီးတီးရဲ႕အားထားရတဲ့တိုက္စစ္မွဴး အဂူရိုကေတာ့ ဒဏ္ရာေၾကာင့္ ရုန္းကန္ေနရျပီး အသင္းအတြက္ ပြဲ ၃၇၈ ပြဲမွာ ၂၅၆ ဂိုးအထိ သြင္းယူေပးထားႏုိင္ခဲ့ပါတယ္။ အသက္ ၃၂ ႏွစ္သားဟာ ဒီရာသီအသင္းအတြက္ ၂ ပြဲသာပါ၀င္ကစားခြင့္ရရွိထားကာ စာခ်ဳပ္သက္တမ္းကလည္း ရာသီအကုန္မွာကုန္ဆံုးမွာျဖစ္တာေၾကာင့္ စီးတီးက ကိန္းနဲ႔ေရရွည္အစားထိုးဖို႔ စီစဥ္လာပါတယ္။ ဟယ္ရီကိန္းကလည္း အခုႏွစ္မတ္လတုန္းက တကယ္လို႔ေတာ့တင္ဟမ္အေနနဲ႔ ဆုဖလားေအာင္ျမင္မႈမရဘူးဆုိရင္ ထြက္ခြာႏိုင္ေခ်ရွိတယ္လို႔ ၀န္ခံေျပာၾကားခဲ့ပါတယ္။