အဂွဲရိုးနေရာမှာ ဂရင်းဝုဒ်ကို အစားထိုးမယ့် ဘာကာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လူငယ်တောင်ပံတိုက်စစ်ကစားသမား

ဂရင်းဝုဒ်ကို အာဆင်နယ်နဲ့ဘာစီလိုနာအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

အသက်(၂၀)အရွယ်သာရှိသေးတဲ့ဂရင်းဝုဒ်ဟာ ယာယီနည်းပြအဖြစ်ရန်နစ်ခ်ကို

ခန့်အပ်ခဲ့ချိန်ကစလို့ ပွဲထွက်ကစားခွင့်ရဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။

လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဟာ ဝါရင့်တိုက်စစ်မှူးအဂွဲရိုး

နှလုံးရောဂါကြောင့် ဘောလုံးသမားဘဝကအနားယူသွားပြီဖြစ်တဲ့အတွက်

တိုက်စစ်ပိုင်းကို မဖြစ်မနေအားဖြည့်ဖို့လိုအပ်နေပြီး အနာဂတ်မှာ

အခုထက်ပိုတောက်ပလာဖို့ရှိတဲ့ ဂရင်းဝုဒ်ကိုခေါ်ယူလိုနေတာပါ။

ဒါ့အပြင် အာဆင်နယ်အသင်းကလည်း ဂရင်းဝုဒ်ကိုခေါ်ယူဖို့ဆန္ဒပြင်းပြနေပြီး

သူနဲ့ယူနိုက်တက်အသင်းတို့ရဲ့အနေအထားကို စောင့်ကြည့်နေပါတယ်။

၂၀၁၈-၁၉ ရာသီတုန်းက နည်းပြဟောင်းဆိုးလ်ရှားရဲ့အရောင်တင်ပေးမှုနဲ့အတူ

ယူနိုက်တက်စီနီယာအသင်းအတွက်ခြေစွမ်းပြကစားနိုင်ခဲ့တဲ့

ဂရင်းဝုဒ်ဟာ အခုအချိန်အထိ ယူနိုက်တက်အသင်းအတွက်

ပွဲပေါင်း(၁၂၂)ပွဲကစား၊ (၃၄)ဂိုးသွင်းူထားပြီး တစ်ဦးချင်း

စံချိန်မှတ်တမ်းကောင်းတွေစိုက်ထူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ရန်နစ်ခ်က တိုက်စစ်ပိုင်းမှာ ရပ်ရှ်ဖို့ဒ်နဲ့ဆန်ချိုကို

ဦးစားပေးအသုံးပြုနေတာကြောင့် ဂရင်းဝုဒ် မကျေမနပ်ဖြစ်နေတယ်ဆိုတဲ့

သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

zawgyi

အဂြဲ႐ိုးေနရာမွာ ဂရင္းဝုဒ္ကို အစားထိုးမယ့္ ဘာကာ

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဂၤလန္လူငယ္ေတာင္ပံတိုက္စစ္ကစားသမား

ဂရင္းဝုဒ္ကို အာဆင္နယ္နဲ႔ဘာစီလိုနာအသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနၾကပါတယ္။

အသက္(၂၀)အ႐ြယ္သာရွိေသးတဲ့ဂရင္းဝုဒ္ဟာ ယာယီနည္းျပအျဖစ္ရန္နစ္ခ္ကို

ခန႔္အပ္ခဲ့ခ်ိန္ကစလို႔ ပြဲထြက္ကစားခြင့္ရဖို႔႐ုန္းကန္ေနရတာျဖစ္ပါတယ္။

လာလီဂါထိပ္သီး ဘာစီလိုနာအသင္းဟာ ဝါရင့္တိုက္စစ္မႉးအဂြဲ႐ိုး

ႏွလုံးေရာဂါေၾကာင့္ ေဘာလုံးသမားဘဝကအနားယူသြားၿပီျဖစ္တဲ့အတြက္

တိုက္စစ္ပိုင္းကို မျဖစ္မေနအားျဖည့္ဖို႔လိုအပ္ေနၿပီး အနာဂတ္မွာ

အခုထက္ပိုေတာက္ပလာဖို႔ရွိတဲ့ ဂရင္းဝုဒ္ကိုေခၚယူလိုေနတာပါ။

ဒါ့အျပင္ အာဆင္နယ္အသင္းကလည္း ဂရင္းဝုဒ္ကိုေခၚယူဖို႔ဆႏၵျပင္းျပေနၿပီး

သူနဲ႔ယူႏိုက္တက္အသင္းတို႔ရဲ႕အေနအထားကို ေစာင့္ၾကည့္ေနပါတယ္။

၂၀၁၈-၁၉ ရာသီတုန္းက နည္းျပေဟာင္းဆိုးလ္ရွားရဲ႕အေရာင္တင္ေပးမႈနဲ႔အတူ

ယူႏိုက္တက္စီနီယာအသင္းအတြက္ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့

ဂရင္းဝုဒ္ဟာ အခုအခ်ိန္အထိ ယူႏိုက္တက္အသင္းအတြက္

ပြဲေပါင္း(၁၂၂)ပြဲကစား၊ (၃၄)ဂိုးသြင္းူထားၿပီး တစ္ဦးခ်င္း

စံခ်ိန္မွတ္တမ္းေကာင္းေတြစိုက္ထူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ရန္နစ္ခ္က တိုက္စစ္ပိုင္းမွာ ရပ္ရွ္ဖို႔ဒ္နဲ႔ဆန္ခ်ိဳကို

ဦးစားေပးအသုံးျပဳေနတာေၾကာင့္ ဂရင္းဝုဒ္ မေက်မနပ္ျဖစ္ေနတယ္ဆိုတဲ့

သတင္းေတြလည္းထြက္ေပၚေနပါတယ္။