
စနေနေ့တုန်းကအလာဗက်စ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတွင်အသက်ရှူရကြပ်မှုကြောင့်
ဆေးရုံသို့အရေးပေါ်သွားရောက်ခဲ့ရတဲ့ဘာစီလိုနာတိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးဟာ
နှလုံးခုန်နှုန်းမမှန်တဲ့ဝေဒနာခံစားနေရကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာအလာဗက်စ်နှင့်ပွဲစဉ်တွင်ဘာစီလိုနာအတွက်
ပထမဆုံးအိမ်ကွင်းပွဲထွက်ကစားခဲ့ပြီးပွဲချိန်မိနစ်၄၀တွင်နှလုံးခုန်နှုန်းမမှန်မှုကြောင့်
ဖီးလစ်ပီကော်တင်ဟိုနှင့်လူစားလဲခဲ့ရပါတယ်။
အဂွဲရိုးဟာရင်ဘတ်ကိုလက်ဖြင့်ဖိကာအသက်ရှူရခက်ခဲနေမှုကြောင့်
စိုးရိမ်ရတဲ့ပုံစံမှာရှိနေခဲ့ပြီးအရေးပေါ်လူနာတင်ယာဉ်ဖြင့်ဆေးရုံသို့ပို့ခဲ့ရပါတယ်။
ယနေ့တွင် SPORT ရဲ့ဖော်ပြချက်အရဆာဂျီယိုအဂွဲရိုးဟာနှလုံးခုန်နှုန်းမမှန်တဲ့
ဝေဒနာခံစားနေရပြီးနောက်ထပ်စစ်ဆေးမှုများပြုလုပ်ရဦးမည်ဖြစ်ကြောင်းသိရပါတယ်။
ဆာဂျီယိုအဂွဲရိုးဟာကစားသမားဘဝအစတုန်းကလည်း နှလုံးခုန်နှုန်းမမှန်တဲ့
ပြဿနာကြုံခဲ့ဖူးသူဖြစ်ပါတယ်။ သူဟာနွေရာသီတွင်ဆယ်စုနှစ်တစ်ခုကြာ
ကစားလာခဲ့တဲ့မန်စီးတီးမှထွက်ခွာကာအချစ်ဆုံးသူငယ်ချင်းမက်ဆီရှိရာ
ဘာစီလိုနာသို့ပြောင်းခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်မက်ဆီကအဂွဲရိုး
ရောက်လာချိန်တွင်ပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာသွားခဲ့ပါတယ်။
သူဟာဘာစီလိုနာသို့ရောက်ပြီးနောက်ဒဏ်ရာပြဿနာကြုံရကာရီးရဲလ်မက်ဒရစ်ကို
ရှုံးနိမ့်တဲ့အယ်ကလက်စီကိုပွဲတွင်မှဘာစီလိုနာအတွက်ပထမဆုံးပွဲကို
ကစားနိုင်ခဲ့တာဖြစ်ပြီးနှစ်သိမ့်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဂွဲရိုးတစ်ယောက်
အမြန်ဆုံးသက်သာပျောက်ကင်းပြီးသူချစ်တဲ့ဘောလုံးမြက်ခင်းပြင်ကြီးမှာ
အမြန်ဆုံးခြေချနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။
zawgyi
အဂြဲ႐ိုးဟာႏွလုံးခုန္ႏႈန္းမမွန္တဲ့ေဝဒနာခံစားေနရေၾကာင္းစစ္ေဆးေတြ႕ရွိခဲ့ရ
စေနေန႔တုန္းကအလာဗက္စ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲတြင္အသက္ရႉရၾကပ္မႈေၾကာင့္
ေဆး႐ုံသို႔အေရးေပၚသြားေရာက္ခဲ့ရတဲ့ဘာစီလိုနာတိုက္စစ္မႉးဆာဂ်ီယိုအဂြဲ႐ိုးဟာ
ႏွလုံးခုန္ႏႈန္းမမွန္တဲ့ေဝဒနာခံစားေနရေၾကာင္းစစ္ေဆးေတြ႕ရွိခဲ့ရပါတယ္။
အာဂ်င္တီးနားတိုက္စစ္မႉးဟာအလာဗက္စ္ႏွင့္ပြဲစဥ္တြင္ဘာစီလိုနာအတြက္
ပထမဆုံးအိမ္ကြင္းပြဲထြက္ကစားခဲ့ၿပီးပြဲခ်ိန္မိနစ္၄၀တြင္ႏွလုံးခုန္ႏႈန္းမမွန္မႈေၾကာင့္
ဖီးလစ္ပီေကာ္တင္ဟိုႏွင့္လူစားလဲခဲ့ရပါတယ္။
အဂြဲ႐ိုးဟာရင္ဘတ္ကိုလက္ျဖင့္ဖိကာအသက္ရႉရခက္ခဲေနမႈေၾကာင့္
စိုးရိမ္ရတဲ့ပုံစံမွာရွိေနခဲ့ၿပီးအေရးေပၚလူနာတင္ယာဥ္ျဖင့္ေဆး႐ုံသို႔ပို႔ခဲ့ရပါတယ္။
ယေန႔တြင္ SPORT ရဲ႕ေဖာ္ျပခ်က္အရဆာဂ်ီယိုအဂြဲ႐ိုးဟာႏွလုံးခုန္ႏႈန္းမမွန္တဲ့
ေဝဒနာခံစားေနရၿပီးေနာက္ထပ္စစ္ေဆးမႈမ်ားျပဳလုပ္ရဦးမည္ျဖစ္ေၾကာင္းသိရပါတယ္။
ဆာဂ်ီယိုအဂြဲ႐ိုးဟာကစားသမားဘဝအစတုန္းကလည္း ႏွလုံးခုန္ႏႈန္းမမွန္တဲ့
ျပႆနာႀကဳံခဲ့ဖူးသူျဖစ္ပါတယ္။ သူဟာေႏြရာသီတြင္ဆယ္စုႏွစ္တစ္ခုၾကာ
ကစားလာခဲ့တဲ့မန္စီးတီးမွထြက္ခြာကာအခ်စ္ဆုံးသူငယ္ခ်င္းမက္ဆီရွိရာ
ဘာစီလိုနာသို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္မက္ဆီကအဂြဲ႐ိုး
ေရာက္လာခ်ိန္တြင္ပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာသြားခဲ့ပါတယ္။
သူဟာဘာစီလိုနာသို႔ေရာက္ၿပီးေနာက္ဒဏ္ရာျပႆနာႀကဳံရကာရီးရဲလ္မက္ဒရစ္ကို
ရႈံးနိမ့္တဲ့အယ္ကလက္စီကိုပြဲတြင္မွဘာစီလိုနာအတြက္ပထမဆုံးပြဲကို
ကစားႏိုင္ခဲ့တာျဖစ္ၿပီးႏွစ္သိမ့္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ အဂြဲ႐ိုးတစ္ေယာက္
အျမန္ဆုံးသက္သာေပ်ာက္ကင္းၿပီးသူခ်စ္တဲ့ေဘာလုံးျမက္ခင္းျပင္ႀကီးမွာ
အျမန္ဆုံးေျခခ်ႏိုင္ပါေစလို႔ဆုေတာင္းလိုက္ပါတယ္။