အင်တာကတော့ သိပါမနုံရှာပါဘူး…ယူနိုက်တက်မှာ နေရာမရသေးတဲ့ ဗန်ဒီဘိခ်ကို အဲရစ်ဆင်နဲ့ ဒဲ့လဲချင်ပါတယ်တဲ့..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေစီမီလန် ဂန္တဝင် ကော့စ်တာကူတာက အင်တာမီလန်အနေနဲ့ အဲရစ်ဆင်ကို ယူနိုက်တက် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်နဲ့ အလဲအထပ် ပြုလုပ်ဖို့ ကြိုးစားသင့်ကြောင်း အကြံပေးခဲ့ပါတယ်။

မန်ချက်စတာညနေခင်းသတင်းစာ(MEN)ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ယမန်နှစ်ရာသီက အဲရစ်ဆင်ကို ဝယ်ယူခွင့်ရမယ့် အခြေအနေအပေါ် စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ကွင်းလယ်လူကလည်း အိုးထရက်ဖို့ဒ်ကို ပြောင်းလာဖို့ ဆိုးလ်ရှားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက်ကတော့ ဒိန်းမတ်သားကို စိတ်ဝင်စားနေမှုအား ရပ်တန့်ခဲ့ကာ ၆လအကြာမှာ ဘရူနို ဖာနန်ဒက်စ်ကိုသာ ဝယ်ယူခဲ့ပါတယ်။ အဲရစ်ဆင်ဟာ အင်တာမှာ နည်းပြ ကွန်တီလက်အောက် ရုန်းကန်နေရပြီး ဇန်နဝါရီမှာ အသင်းက ထွက်ခွာဖို့ မျှော်လင့်ရပါတယ်။

နွေရာသီကမှ အိုးထရက်ဖို့ဒ်ကို ရောက်လာပေမဲ့ နေရာမရတဲ့ အပေါ် ဗန်ဒီဘိခ်က စိတ်ပျက်ကာ အသင်းက ပြန်ထွက်ချင်နေတယ်လို့ ဆိုပေမဲ့ ဆိုးလ်ရှားကတော့ နေရာရမှာပါ ဆိုပြီး အကြိမ်ကြိမ် ကတိပေးထားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ကော့စ်တာကူတာက အဲရစ်ဆင်သာ အသင်းက ထွက်ခွာမယ်ဆိုရင် ဗန်ဒီဘိခ်နဲ့ အလဲအထပ် ပြုလုပ်သင့်ကြောင်း ယုံကြည်လျက် ရှိနေပါတယ်။

“အဲရစ်ဆင်က အင်္ဂလန်မှာ မကစားရတဲ့ ကစားသမားတစ်ယောက်နဲ့ အလဲအထပ် ဖြစ်သင့်ပါတယ်။ ယူနိုက်တက်၊ အာဆင်နယ်မှာ ဥပမာအားဖြင့် ဗန်ဒီဘိခ်က အင်တာအတွက် ကောင်းမွန်တဲ့ အတွေးအခေါ် ဖြစ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းကတော့ အဲရစ်ဆင်က ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ဟာ ဘယ်တုန်းကမှ ခိုင်မာခဲ့ခြင်း မရှိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi



