ရိုးမားတိုက်စစ်မှူးတမ်မီအေဘရာဟမ်ဟာအဝါကတ်ပြသခြင်းခံရကာ
လာမယ့်ရိုးမားရဲ့ပွဲစဉ်ကိုလွဲချော်မှုအတွက်အကြီးအကျယ်ဒေါသထွက်နေပါတယ်။
နွေရာသီတွင်ချဲလ်ဆီးမှပြောင်းရွှေ့လာခဲ့တဲ့အေဘရာဟမ်ဟာ
မနေ့ညတုန်းက ဘိုလော့ဂ်နာကိုအဝေးကွင်းတွင်၁-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာ
အဝါကတ်ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ဘိုလော့ဂ်နာနှင့်ပွဲတွင်အနိုင်ဂိုးသွင်းယူခဲ့တဲ့
မားသီးယပ်စ်ဆဗင်ဘတ်ကို
အနည်းငယ်သာထိခဲ့တာဖြစ်ပြီးအဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
ဆဗင်ဘတ်ဟာယင်းပွဲမှာဘိုလော့ဂ်နာအတွက်အနိုင်ဂိုးကိုသွင်းခဲ့သူလည်းဖြစ်ပါတယ်။
ယင်းအဝါကတ်မှာအေဘရာဟမ်အတွက်ယခုရာသီပဉ္စမမြောက်
အဝါကတ်ဖြစ်ပြီးတစ်ပွဲပယ်ခံရပါမယ်။သူဟာလာမယ့်စနေနေ့မှာ
အမှတ်ပေးဇယားတတိယနေရာမှအင်တာမီလန်နှင့်အရေးပါတဲ့ပွဲစဉ်ကို
လွဲချော်ပါမယ်။အသက်၂၃နှစ်ရှိအေဘရာဟမ်က “ဒီနေ့အဝါကတ်ပြခံခဲ့ရတယ်။
လာမယ့်ပွဲကိုလွဲပါမယ်။တစ်ကြိမ်တည်းတားဆီးပြီးပြစ်ဒဏ်ကျူးလွန်တာ
အဝါကတ်ပြသခံခဲ့ရတယ်။တကယ့်ကိုရှက်စရာပါ”လို့တွစ်တာတွင်တင်သွားပါတယ်။
အေဘရာဟမ်ဟာယခုရာသီမှာရိုးမားအတွက်၂၁ပွဲကစားထားရာမှာ
၈ဂိုးသွင်းယူထားနိုင်သူဖြစ်ပါတယ်။ရိုးမားဟာစီးရီးအေ
အမှတ်ပေးဇယားအဆင့်၅နေရာမှာရပ်တည်နေပြီးစနေနေ့မှာ
ချန်ပီယံအင်တာကိုဧည့်ခံကစားရပါမယ်။
zawgyi
အင်တာပွဲလွဲမှုအတွက် အေဘရာဟမ်ပေါက်ကွဲ