အင်တာပွဲအဆုံးသတ်ကို Tablet က ကြည့်ပြီးမှ အောင်ပွဲခံနိုင်ခဲ့တဲ့ဂလက်ဘတ်ကစားသမားတွေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂလက်ဘတ်ကစားသမားတွေဟာ ဗုဒ္ဓဟူးညချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပုံစံတစ်မျိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဘင်ဇီမာရဲ့ဂိုးတွေနဲ့ ရီးရဲလ်ကိုအရေးနိမ့်ခဲ့ရပြီးတဲ့နောက် ဂလက်ဘတ်ဟာ အုပ်စုအမှတ်ပေးဇယားမှာ ဒုတိယနေရာရောက်သွားခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့အတွက် သူတို့နဲ့တစ်ချိန်တည်းကန်တဲ့ အင်တာ-ရှက်တာပွဲ သရေရလဒ်ထွက်ဖို့ လိုအပ်ခဲ့ပါတယ်။

မက်ဒရစ်မှာ ရီးရဲလ်-ဂလက်ဘတ်ပွဲပြီးသွားပေမယ့် မီလန်မှာတော့ အင်တာ-ရှက်တာပွဲဟာ မပြီးသေးတာကြောင့် ဂလက်ဘတ်ကစားသမားတွေဟာ သူတို့ခုံတန်းနားက Tablet တစ်ခုမှာ တစ်ဖက်ပွဲရဲ့အခြေအနေကို စုပြုံကြည့်ရှုခဲ့ကြပါတယ်။

တစ်ဖက်ပွဲသာ သရေရလဒ်ထွက်ခဲ့မယ်ဆိုရင် သူတို့နောက်တစ်ဆင့်တက်မယ်ဆိုတာကို သိတာကြောင့် ဂလက်ဘတ်ကစားသမားတွေဟာ အင်တာပွဲအဆုံးသတ်ကို ရင်ခုန်စွာနဲ့ကြည့်ခဲ့ကြတာပါ။

ခဏအကြာမှာပဲ ဂိုးမရှိသရေဖြစ်နေတဲ့ပွဲမှာ အင်တာရဲ့နောက်ဆုံးတိုက်စစ်ဆင်မှုဟာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘဲ ဆန်စီရိုမှာ ပွဲသိမ်းခရာမှုတ်လိုက်တဲ့အတွက်

ဂလက်ဘတ်ကစားသမားတွေဟာ ကွင်းမြက်ခင်းပေါ်ထွက်ပြီး ခုန်ပေါက်အောင်ပွဲခံခဲ့ကြပါတယ်။

ဂလက်ဘတ်အသင်းအနေနဲ့ ဥရောပရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲကြီးမှာ ၁၉၇၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂလက်ဘတ်ကွင်းလယ်လူခရာမာကဆိုရင်”ကျွန်တော်တို့ မီးကုန်ယမ်းကုန်ပျော်နေကြတာပါ။ လူစားလဲခံရပြီးတဲ့နောက် အင်တာပွဲကို ကျွန်တော်ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်သင်းလုံးအနေနဲ့ ကြည့်ခဲ့ရတာက အံ့သြဖွယ်အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလိုအခိုက်အတန့်တွေက မေ့နိုင်မှာ မဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဂလက်ဘတ်အသင်းနောက်တစ်ဆင့်တက်နိုင်ခဲ့တာကြောင့် ဒီရာသီချန်ပီယံလိဂ်မှာ ဘွန်ဒက်စ်လီဂါကိုယ်စားပြု ၄ သင်းစလုံး ၁၆ အသင်းအဆင့်တက်လှမ်းနိုင်ခဲ့တဲ့သဘောပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အင္တာပြဲအဆုံးသတ္ကို Tablet က ၾကည့္ၿပီးမွ ေအာင္ပြဲခံႏိုင္ခဲ့တဲ့ဂလက္ဘတ္ကစားသမားေတြ

ဂလက္ဘတ္ကစားသမားေတြဟာ ဗုဒၶဟူးညခ်န္ပီယံလိဂ္မွာ ရီးရဲလ္မက္ဒရစ္ကို ၂-၀ နဲ႔ရႈံးနိမ့္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ပုံစံတစ္မ်ိဳးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

ဘင္ဇီမာရဲ႕ဂိုးေတြနဲ႔ ရီးရဲလ္ကိုအေရးနိမ့္ခဲ့ရၿပီးတဲ့ေနာက္ ဂလက္ဘတ္ဟာ အုပ္စုအမွတ္ေပးဇယားမွာ ဒုတိယေနရာေရာက္သြားခဲ့ၿပီး ေနာက္တစ္ဆင့္တက္ဖို႔အတြက္ သူတို႔နဲ႔တစ္ခ်ိန္တည္းကန္တဲ့ အင္တာ-ရွက္တာပြဲ သေရရလဒ္ထြက္ဖို႔ လိုအပ္ခဲ့ပါတယ္။ မက္ဒရစ္မွာ ရီးရဲလ္-ဂလက္ဘတ္ပြဲၿပီးသြားေပမယ့္ မီလန္မွာေတာ့ အင္တာ-ရွက္တာပြဲဟာ မၿပီးေသးတာေၾကာင့္ ဂလက္ဘတ္ကစားသမားေတြဟာ သူတို႔ခုံတန္းနားက Tablet တစ္ခုမွာ တစ္ဖက္ပြဲရဲ႕အေျခအေနကို စုၿပဳံၾကည့္ရႈခဲ့ၾကပါတယ္။

တစ္ဖက္ပြဲသာ သေရရလဒ္ထြက္ခဲ့မယ္ဆိုရင္ သူတို႔ေနာက္တစ္ဆင့္တက္မယ္ဆိုတာကို သိတာေၾကာင့္ ဂလက္ဘတ္ကစားသမားေတြဟာ အင္တာပြဲအဆုံးသတ္ကို ရင္ခုန္စြာနဲ႔ၾကည့္ခဲ့ၾကတာပါ။ ခဏအၾကာမွာပဲ ဂိုးမရွိသေရျဖစ္ေနတဲ့ပြဲမွာ အင္တာရဲ႕ေနာက္ဆုံးတိုက္စစ္ဆင္မႈဟာ ဂိုးအျဖစ္ေျပာင္းလဲႏိုင္ျခင္းမရွိခဲ့ဘဲ ဆန္စီ႐ိုမွာ ပြဲသိမ္းခရာမႈတ္လိုက္တဲ့အတြက္ ဂလက္ဘတ္ကစားသမားေတြဟာ ကြင္းျမက္ခင္းေပၚထြက္ၿပီး ခုန္ေပါက္ေအာင္ပြဲခံခဲ့ၾကပါတယ္။

ဂလက္ဘတ္အသင္းအေနနဲ႔ ဥေရာပရဲ႕အဆင့္ျမင့္ဆုံးၿပိဳင္ပြဲႀကီးမွာ ၁၉၇၇ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ရႈံးထြက္အဆင့္တက္လွမ္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဂလက္ဘတ္ကြင္းလယ္လူခရာမာကဆိုရင္”ကြၽန္ေတာ္တို႔ မီးကုန္ယမ္းကုန္ေပ်ာ္ေနၾကတာပါ။ လူစားလဲခံရၿပီးတဲ့ေနာက္ အင္တာပြဲကို ကြၽန္ေတာ္ၾကည့္ခဲ့ပါတယ္။ ဒါေပမဲ့ တစ္သင္းလုံးအေနနဲ႔ ၾကည့္ခဲ့ရတာက အံ့ၾသဖြယ္အခိုက္အတန႔္တစ္ခုျဖစ္ခဲ့ပါတယ္။ ဒီလိုအခိုက္အတန႔္ေတြက ေမ့ႏိုင္မွာ မဟုတ္ပါဘူး”လို႔ ဆိုခဲ့ပါတယ္။ ဂလက္ဘတ္အသင္းေနာက္တစ္ဆင့္တက္ႏိုင္ခဲ့တာေၾကာင့္ ဒီရာသီခ်န္ပီယံလိဂ္မွာ ဘြန္ဒက္စ္လီဂါကိုယ္စားျပဳ ၄ သင္းစလုံး ၁၆ အသင္းအဆင့္တက္လွမ္းႏိုင္ခဲ့တဲ့သေဘာပါပဲ။