အင်းနရစ်ရဲ့ လှောင်ပြောင်ခြင်းခံလိုက်ရတဲ့ ယူနိုက်တက်

စပိန်အသင်းနည်းပြလူးဝစ်အင်းနရစ်က မန်ချက်စတာယူနိုက်တက်အသင်း

နည်းပြရာထူးနဲ့ပတ်သက်လို့ သူ့ကို ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေအပေါ်
လှောင်ပြောင်တု့ံပြန်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေမနက်ပိုင်းက
ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း နည်းပြသစ်တစ်ဦးရှာဖွေနေပြီး
အသင်းရဲ့နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုက လူးဝစ်အင်းနရစ်ကို
နည်းပြသစ်ခန့်အပ်ဖို့တိုက်တွန်းခဲ့တယ်ဆိုပြီးတော့ ဗြိတိန်မီဒီယာတွေက

ဖော်ပြခဲ့ကြပါတယ်။ အသက်(၅၁)နှစ်အရွယ်ရှိပြီဖြစ်သူ လူးဝစ်အင်းနရစ်ဟာ

ဘာစီလိုနာအသင်းကို ၂၀၁၄ ကနေ ၂၀၁၇ ခုနှစ်အထိကိုင်တွယ်ခဲ့တဲ့
ကာလအတွင်း ချန်ပီယံလိဂ်အပါအဝင် ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့သလို
စပိန်အသင်းနဲ့လည်း ရလဒ်ကောင်းတွေရယူနေတာကြောင့် စီရော်နယ်လ်ဒိုက

လူးဝစ်အင်းနရစ်ကို ယူနိုက်တက်နည်းပြထိုင်ခုံပေါ်ရောက်လာဖို့ ဆန္ဒရှိနေတာ
ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူးဝစ်အင်းနရစ်ကတော့ ယူနိုက်တက်အသင်းနည်းပြရာထူးကို

စိတ်မဝင်စားဘဲ သတင်းထောက်တွေက ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့

ရေပန်းစားနေတဲ့အပေါ် မေးမြန်းခဲ့ချိန်မှာ လူးဝစ်အင်းနရစ်က

“ဒီနေ့က April Fool နေ့တော့မဟုတ်ပါဘူးနော်”လို့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

Zawgyi

အင္းနရစ္ရဲ႕ ေလွာင္ေျပာင္ျခင္းခံလိုက္ရတဲ့ ယူႏိုက္တက္

စပိန္အသင္းနည္းျပလူးဝစ္အင္းနရစ္က မန္ခ်က္စတာယူႏိုက္တက္အသင္း
နည္းျပရာထူးနဲ႔ပတ္သက္လို႔ သူ႔ကို ခ်ိတ္ဆက္ေနတယ္ဆိုတဲ့သတင္းေတြအေပၚ
ေလွာင္ေျပာင္တု႔ံျပန္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ တနဂၤေႏြမနက္ပိုင္းက

ဆိုးလ္ရွားကို ရာထူးကထုတ္ပယ္ခဲ့ၿပီးေနာက္ပိုင္း နည္းျပသစ္တစ္ဦးရွာေဖြေနၿပီး
အသင္းရဲ႕နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုက လူးဝစ္အင္းနရစ္ကို
နည္းျပသစ္ခန႔္အပ္ဖို႔တိုက္တြန္းခဲ့တယ္ဆိုၿပီးေတာ့ ၿဗိတိန္မီဒီယာေတြက
ေဖာ္ျပခဲ့ၾကပါတယ္။ အသက္(၅၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ လူးဝစ္အင္းနရစ္ဟာ
ဘာစီလိုနာအသင္းကို ၂၀၁၄ ကေန ၂၀၁၇ ခုႏွစ္အထိကိုင္တြယ္ခဲ့တဲ့

ကာလအတြင္း ခ်န္ပီယံလိဂ္အပါအဝင္ ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့သလို
စပိန္အသင္းနဲ႔လည္း ရလဒ္ေကာင္းေတြရယူေနတာေၾကာင့္ စီေရာ္နယ္လ္ဒိုက
လူးဝစ္အင္းနရစ္ကို ယူႏိုက္တက္နည္းျပထိုင္ခုံေပၚေရာက္လာဖို႔ ဆႏၵရွိေနတာ
ျဖစ္ပါတယ္။

ဒါေပမဲ့လည္း လူးဝစ္အင္းနရစ္ကေတာ့ ယူႏိုက္တက္အသင္းနည္းျပရာထူးကို

စိတ္မဝင္စားဘဲ သတင္းေထာက္ေတြက ယူႏိုက္တက္နည္းျပသစ္ျဖစ္လာဖို႔

ေရပန္းစားေနတဲ့အေပၚ ေမးျမန္းခဲ့ခ်ိန္မွာ လူးဝစ္အင္းနရစ္က

“ဒီေန႔က April Fool ေန႔ေတာ့မဟုတ္ပါဘူးေနာ္”လို႔ ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။