
ဇီဒန်းဟာအိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကို
ရယူရန်ဆန္ဒပြင်းပြနေပေမယ့်လည်းကြီးမားတဲ့အတားအဆီးများနှင့်ရင်ဆိုင်နေ
ရကြောင်းသိရပါတယ်။
မန်ယူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်တွင်ဒုတိယနေရာတွင်
ရပ်တည်ခဲ့အပြင်နွေရာသီတုန်းကခရစ္စတီယာနိုရော်နယ်ဒို၊ဆန်ချိုနှင့်
ရာဖေးလ်ဗာရိန်းတို့အားခေါ်ယူမှုနဲ့အတူပရီးမီးယားလိဂ်ဖလားအတွက်
အဓိကစိန်ခေါ်သူဖြစ်လာမယ်လို့ယုံကြည်ခဲ့ရပါတယ်။
ဒါပေမယ့်ဆိုးလ်ရှားဦးဆောင်တဲ့မန်ယူဟာပရီးမီးယားလိဂ်အမှတ်ပေးဇယား
ထိပ်ဆုံးမှချဲလ်ဆီးနှင့်ရမှတ်၉မှတ်အထိကွာဟနေပါတယ်။၎င်းတို့ဟာအိုးထရက်ဖို့ဒ်တွင်
လီဗာပူးနှင့်မန်စီးတီးတို့ကိုဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနည်းပြဆိုးလ်ရှားတွင်လည်
းဖိအားများစွာကျရောက်လာပါတယ်။
လက်ရှိအချိန်တွင်မန်ယူနည်းပြရာထူးအတွက်လက်စတာနည်းပြဘရန်ဒန်ရော်ဂျာက
ရေပန်းအစားဆုံးဖြစ်နေပြီးမန်ချက်စတာတွင်နေထိုင်ရန်နေအိမ်ပင်ရှာနေပြီလို့
သတင်းထွက်နေပါတယ်။ဒါ့အပြင်မန်ယူနည်းပြရာထူးအတွက်ရေပန်းစားနေသူမှ
ာရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်းဖြစ်ပါတယ်။
ပြင်သစ်ဂန္ထဝင်ကစားသမားဟာပြီးခဲ့တဲ့ရာသီအကုန်တွင်ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ
ထွက်ခွာလာပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။
Daily Record ရဲ့ဖော်ပြချက်အရဇီဒန်းဟာရီးရဲလ်မက်ဒရစ်တွင်ကြီးကျယ်ခမ်းနားတဲ့
အောင်မြင်မှုများရယူစဉ်ကလက်တွဲခဲ့ဖူးတဲ့ ခရစ္စတီယာနိုရော်နယ်ဒို၊ရာဖေးလ်ဗာရိန်းတို့နှင့်
မန်ယူတွင်ပြန်လည်လက်တွဲရမှာဖြစ်လို့မန်ယူနည်းပြရာထူးကိုကိုင်တွယ်ရန်စိတ်ဝင်စားနေပါတယ်။
ဒါ့အပြင်သူဟာရီးရဲလ်မက်ဒရစ်ကိုကိုင်တွယ်တုန်းကခေါ်ယူရန်အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဖူးတဲ့
ပေါလ်ပေါ့ဘာကိုလည်းကိုင်တွယ်နိုင်မယ့်အခွင့်အရေးရလာပါမယ်။
ဒါပေမယ့်ချန်ပီယံလိဂ်ဖလားသုံးကြိမ်ရနည်းပြအတွက်အင်္ဂလန်အနောက်မြောက်ပိုင်းသို့
သွားရောက်ရေးမှာထင်မှတ်ထားသကဲ့သို့လွယ်ကူနေခြင်းမရှိပါဘူး။
ယနေ့ထွက်ပေါ်လာတဲ့သတင်းအရဇီဒန်းရဲ့ဇနီးဖြစ်သူဗီရိုနီကေးဟာအင်္ဂလန်သို့ပြောင်းရွှေ့
နေထိုင်လိုခြင်းမရှိဘဲခင်ပွန်းသည်ကိုလည်းဆက်လက်အနားယူစေကာပြင်သစ်အသင်
းနည်းပြရာထူးအတွက်စောင့်ဆိုင်းနေစေလိုနေပါတယ်။
ဒါ့အပြင်အသက်၄၉နှစ်ရှိဇီဒန်းမှာလည်းအင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုအပိုင်းတွင်
အားနည်းရာပရီးမီးယားလိဂ်တွင်နည်းပြရေးနှင့်ပတ်သက်ပြီးကိုယ့်ကိုယ်ကိုယုံကြည်မှု
အားနည်းနေပါတယ်။
ဒါပေမယ့်ဇီဒန်းရဲ့ဥရောပနှင့်စပိန်တွင်အောင်မြင်မှုများ၊ကမ္ဘာ့အကောင်းဆုံးကစားသမားများကို
ကိုင်တွယ်ဖူးတဲ့အတွေ့အကြုံများကြောင့်မန်ယူအတွက်အိုလီဂန်းနားဆိုးလ်ရှားကိုထုတ်ပယ်ဖြစ်ပါက
အစားထိုးခန့်အပ်ရန်အသင့်တော်ဆုံးသူဖြစ်နေပါတယ်။ ဘရန်ဒန်ရော်ဂျာနှင့်အဲရစ်တင်ဟက်တို့မှာလည်း
မန်ယူနည်းပြရာထူးအတွက်ရေပန်းစားနေကြပါတယ်။ဒါပေမယ့်မန်ယူဟာဆိုးလ်ရှားကို
ထုတ်ပယ်မှုအတွက်နစ်နာကြေးများစွာပေးရမယ့်အပြင်ယင်းနည်းပြများကိုခန့်အပ်ရန်အတွက်လည်
းစာချုပ်အတွက်နစ်နာကြေးပေးရဦးမှာဖြစ်ပါတယ်။
လတ်တလောအချိန်တွင်မန်ယူအသင်းဘုတ်အဖွဲ့ကလည်းနွေရာသီတုန်းကမှစာချုပ်သစ်ချုပ်ဆိုခဲ့တဲ့
ဆိုးလ်ရှားကိုအလျှင်စလိုထုတ်ပယ်ဖို့အစီအစဉ်ရှိပုံမရပါဘူး။
Zawgyi
အဂၤလန္ကို မေျပာင္းလိုတဲ့ဇနီးသည္ေၾကာင့္ ယူႏိုက္တက္ကိုလာဖို႔ အခက္ႀကဳံေနရတဲ့ ဇီဒန္း
ဇီဒန္းဟာအိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးကို
ရယူရန္ဆႏၵျပင္းျပေနေပမယ့္လည္းႀကီးမားတဲ့အတားအဆီးမ်ားႏွင့္ရင္ဆိုင္ေန
ရေၾကာင္းသိရပါတယ္။
မန္ယူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္တြင္ဒုတိယေနရာတြင္
ရပ္တည္ခဲ့အျပင္ေႏြရာသီတုန္းကခရစၥတီယာႏိုေရာ္နယ္ဒို၊ဆန္ခ်ိဳႏွင့္
ရာေဖးလ္ဗာရိန္းတို႔အားေခၚယူမႈနဲ႔အတူပရီးမီးယားလိဂ္ဖလားအတြက္
အဓိကစိန္ေခၚသူျဖစ္လာမယ္လို႔ယုံၾကည္ခဲ့ရပါတယ္။
ဒါေပမယ့္ဆိုးလ္ရွားဦးေဆာင္တဲ့မန္ယူဟာပရီးမီးယားလိဂ္အမွတ္ေပးဇယား
ထိပ္ဆုံးမွခ်ဲလ္ဆီးႏွင့္ရမွတ္၉မွတ္အထိကြာဟေနပါတယ္။၎တို႔ဟာအိုးထရက္ဖို႔ဒ္တြင္
လီဗာပူးႏွင့္မန္စီးတီးတို႔ကိုဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီးနည္းျပဆိုးလ္ရွားတြင္လည္
းဖိအားမ်ားစြာက်ေရာက္လာပါတယ္။
လက္ရွိအခ်ိန္တြင္မန္ယူနည္းျပရာထူးအတြက္လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာက
ေရပန္းအစားဆုံးျဖစ္ေနၿပီးမန္ခ်က္စတာတြင္ေနထိုင္ရန္ေနအိမ္ပင္ရွာေနၿပီလို႔
သတင္းထြက္ေနပါတယ္။ဒါ့အျပင္မန္ယူနည္းျပရာထူးအတြက္ေရပန္းစားေနသူမွ
ာရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဇီဒန္းျဖစ္ပါတယ္။
ျပင္သစ္ဂႏၴဝင္ကစားသမားဟာၿပီးခဲ့တဲ့ရာသီအကုန္တြင္ရီးရဲလ္မက္ဒရစ္နည္းျပရာထူးမွ
ထြက္ခြာလာၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနသူလည္းျဖစ္ပါတယ္။
Daily Record ရဲ႕ေဖာ္ျပခ်က္အရဇီဒန္းဟာရီးရဲလ္မက္ဒရစ္တြင္ႀကီးက်ယ္ခမ္းနားတဲ့
ေအာင္ျမင္မႈမ်ားရယူစဥ္ကလက္တြဲခဲ့ဖူးတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို၊ရာေဖးလ္ဗာရိန္းတို႔ႏွင့္
မန္ယူတြင္ျပန္လည္လက္တြဲရမွာျဖစ္လို႔မန္ယူနည္းျပရာထူးကိုကိုင္တြယ္ရန္စိတ္ဝင္စားေနပါတယ္။
ဒါ့အျပင္သူဟာရီးရဲလ္မက္ဒရစ္ကိုကိုင္တြယ္တုန္းကေခၚယူရန္အႀကိမ္ႀကိမ္ႀကိဳးပမ္းခဲ့ဖူးတဲ့
ေပါလ္ေပါ့ဘာကိုလည္းကိုင္တြယ္ႏိုင္မယ့္အခြင့္အေရးရလာပါမယ္။
ဒါေပမယ့္ခ်န္ပီယံလိဂ္ဖလားသုံးႀကိမ္ရနည္းျပအတြက္အဂၤလန္အေနာက္ေျမာက္ပိုင္းသို႔
သြားေရာက္ေရးမွာထင္မွတ္ထားသကဲ့သို႔လြယ္ကူေနျခင္းမရွိပါဘူး။
ယေန႔ထြက္ေပၚလာတဲ့သတင္းအရဇီဒန္းရဲ႕ဇနီးျဖစ္သူဗီ႐ိုနီေကးဟာအဂၤလန္သို႔ေျပာင္းေ႐ႊ႕
ေနထိုင္လိုျခင္းမရွိဘဲခင္ပြန္းသည္ကိုလည္းဆက္လက္အနားယူေစကာျပင္သစ္အသင္
းနည္းျပရာထူးအတြက္ေစာင့္ဆိုင္းေနေစလိုေနပါတယ္။
ဒါ့အျပင္အသက္၄၉ႏွစ္ရွိဇီဒန္းမွာလည္းအဂၤလိပ္ဘာသာစကားကြၽမ္းက်င္မႈအပိုင္းတြင္
အားနည္းရာပရီးမီးယားလိဂ္တြင္နည္းျပေရးႏွင့္ပတ္သက္ၿပီးကိုယ့္ကိုယ္ကိုယုံၾကည္မႈ
အားနည္းေနပါတယ္။
ဒါေပမယ့္ဇီဒန္းရဲ႕ဥေရာပႏွင့္စပိန္တြင္ေအာင္ျမင္မႈမ်ား၊ကမာၻ႔အေကာင္းဆုံးကစားသမားမ်ားကို
ကိုင္တြယ္ဖူးတဲ့အေတြ႕အႀကဳံမ်ားေၾကာင့္မန္ယူအတြက္အိုလီဂန္းနားဆိုးလ္ရွားကိုထုတ္ပယ္ျဖစ္ပါက
အစားထိုးခန႔္အပ္ရန္အသင့္ေတာ္ဆုံးသူျဖစ္ေနပါတယ္။ ဘရန္ဒန္ေရာ္ဂ်ာႏွင့္အဲရစ္တင္ဟက္တို႔မွာလည္း
မန္ယူနည္းျပရာထူးအတြက္ေရပန္းစားေနၾကပါတယ္။ဒါေပမယ့္မန္ယူဟာဆိုးလ္ရွားကို
ထုတ္ပယ္မႈအတြက္နစ္နာေၾကးမ်ားစြာေပးရမယ့္အျပင္ယင္းနည္းျပမ်ားကိုခန႔္အပ္ရန္အတြက္လည္
းစာခ်ဳပ္အတြက္နစ္နာေၾကးေပးရဦးမွာျဖစ္ပါတယ္။
လတ္တေလာအခ်ိန္တြင္မန္ယူအသင္းဘုတ္အဖြဲ႕ကလည္းေႏြရာသီတုန္းကမွစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့
ဆိုးလ္ရွားကိုအလွ်င္စလိုထုတ္ပယ္ဖို႔အစီအစဥ္ရွိပုံမရပါဘူး။



