အင်္ဂလန်က ဂျာမနီကို ယူရို (၁၆) သင်းအဆင့်မှာ အနိုင်ယူပြီး နောက်တစ်ဆင့် တက်မယ်လို့ ခန့်မှန်းတဲ့ ဖာဒီနန်

ဖာဒီနန်ကတော့ အင်္ဂလန်အသင်း နဲ့ ဂျာမနီအသင်းတို့ ကစားသွားမယ့် ယူရို (၁၆) သင်းအဆင့် ရှုံးထွက် ပွဲစဉ်မှာ အင်္ဂလန်အသင်းက ဂျာမနီအသင်းကို အနိုင်ယူလိမ့်မယ်လို့ ယုံကြည်မှု ပြည့်ဝတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ချက်အသင်းကို (၁-ဝ) နဲ့ အနိုင်ရပြီးတဲ့နောက် အုပ်စု (ဒီ) မှာ ရမှတ် (၇) မှတ် ရရှိထားတာကြောင့် (၁၆) သင်း ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်နဲ့ တက်လှမ်းခဲ့တာပဲ ဖြစ်ပါတယ်။

တစ်ဖက်က ဂျာမနီအသင်းကတော့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဟန်ဂေရီအသင်းနဲ့ တစ်ဖက် (၂) ဂိုးစီနဲ့ (၂-၂) သရေကျခဲ့ပြီး အုပ်စု (အက်ဖ်) မှာ ရမှတ် (၄) မှတ်နဲ့ (၁၆) သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ အုပ်စု ပွဲစဉ် (၃) ပွဲမှာ ရှုံးပွဲ မရှိ (၂) ပွဲနိုင်၊ (၁) ပွဲသရေ ရလဒ်တွေကို ရရှိခဲ့ပြီး နည်းပြ ဂျိုအာချင်လိုရဲ့ ဂျာမနီအသင်းက အုပ်စု ပွဲစဉ် (၃) ပွဲမှာ (၁) ပွဲသရေ၊ (၁) ပွဲရှုံး၊ (၁) ပွဲနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ (၁၉၆၆) ခုနှစ် နောက်ပိုင်း အဓိက နိုင်ငံ ပြိုင်ပွဲတွေရဲ့ ရှုံးထွက် အဆင့် ပွဲစဉ်တွေမှာ ဂျာမနီအသင်းနဲ့ (၄) ကြိမ်တွေ့ဆုံရာမှာ လုံးဝ နိုင်ပွဲမရဘဲ ရှုံးနိမ့်ထားပြီး အစဉ်အလာအရ ရလဒ်ဆိုးတွေကို ရရှိထားပါတယ်။

ဒါပေမယ့်လည်း ဖာဒီနန်ကတော့ ဂျာမနီအသင်း နဲ့ ဟန်ဂေရီအသင်းတို့ရဲ့ ပွဲစဉ်မှာ ဂျာမနီအသင်းရဲ့ ခြေစွမ်းကို အားမရတာကြောင့် အင်္ဂလန်အသင်းက (၁၆) သင်းအဆင့်မှာ အနိုင်ရလိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။

BBC Sport Studio မှာ ဖာဒီနန်က “ကျွန်တော်တို့ နောက်ဆုံး အုပ်စု ပွဲစဉ်တွေထဲမှာ ပွဲကောင်း (၂) ကောင်းကို ပျော်ရွင်ခဲ့ကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ အခု ရှုံးထွက်အဆင့်က စောင့်နေပါတယ်။ အင်္ဂလန်အသင်းဟာ အခုအချိန်မှာ တကယ် အာရုံစိုက်နိုင်ပါတယ်။ ကျွန်တော်တို့တွေ အခြား ရှုံးထွက်ပွဲစဉ်တွေကိုလည်း ကြည့်ခဲ့ကြမှာပါ”

“ကျွန်တော် အုပ်စု နောက်ဆုံး ပွဲစဉ်ကို ကြည့်ပြီးေနောက် အင်္ဂလန်က (၁၆) သင်းအဆင့်မှာ ရလဒ်ကောင်းမယ်လို့ ကျွန်တော် ယုံကြည်မှု ပြည့်နေပါတယ်။ ကျွန်တော်တို့ စိတ်လှုပ်ရှားနေတယ် ဆိုတာ ကျွန်တော် သိတယ်။ ဒီလိုမျိုး စိတ်လှုပ်ရှားတာကလည်း ကျွန်တော်တို့ အင်္ဂလန် ပရိသတ်တွေ လုပ်နေကျအရာပါပဲ”လို့ ပြောကြားသွားပါတယ်။

 

Zawgyi

အဂၤလန္က ဂ်ာမနီကို ယူ႐ို (၁၆) သင္းအဆင့္မွာ အႏိုင္ယူၿပီး ေနာက္တစ္ဆင့္ တက္မယ္လို႔ ခန႔္မွန္းတဲ့ ဖာဒီနန္

ဖာဒီနန္ကေတာ့ အဂၤလန္အသင္း နဲ႔ ဂ်ာမနီအသင္းတုိ႔ ကစားသြားမယ့္ ယူရုိ (၁၆) သင္းအဆင့္ ရႈံးထြက္ ပဲြစဥ္မွာ အဂၤလန္အသင္းက ဂ်ာမနီအသင္းကုိ အႏုိင္ယူလိမ့္မယ္လုိ႔ ယုံၾကည္မႈ ျပည့္ဝတယ္လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။

အဂၤလန္အသင္းဟာ အုပ္စု ေနာက္ဆုံး ပဲြစဥ္မွာ ခ်က္အသင္းကုိ (၁-၀) နဲ႔ အႏုိင္ရၿပီးတဲ့ေနာက္ အုပ္စု (ဒီ) မွာ ရမွတ္ (၇) မွတ္ ရရွိထားတာေၾကာင့္ (၁၆) သင္း ရႈံးထြက္အဆင့္ကို အုပ္စုဗုိလ္နဲ႔ တက္လွမ္းခဲ့တာပဲ ျဖစ္ပါတယ္။

တစ္ဖက္က ဂ်ာမနီအသင္းကေတာ့ အုပ္စု ေနာက္ဆုံး ပြဲစဥ္မွာ ဟန္ေဂရီအသင္းနဲ႔ တစ္ဖက္ (၂) ဂုိးစီနဲ႔ (၂-၂) သေရက်ခဲ့ၿပီး အုပ္စု (အက္ဖ္) မွာ ရမွတ္ (၄) မွတ္နဲ႔ (၁၆) သင္း ရႈံးထြက္အဆင့္ကုိ တက္လွမ္းလာႏုိင္ခဲ့ပါတယ္။

နည္းျပ ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းဟာ အုပ္စု ပဲြစဥ္ (၃) ပဲြမွာ ရႈံးပဲြ မရိွ (၂) ပဲြႏုိင္၊ (၁) ပဲြသေရ ရလဒ္ေတြကို ရရွိခဲ့ၿပီး နည္းျပ ဂ်ဳိအာခ်င္လုိရဲ႕ ဂ်ာမနီအသင္းက အုပ္စု ပဲြစဥ္ (၃) ပဲြမွာ (၁) ပဲြသေရ၊ (၁) ပဲြရႈံး၊ (၁) ပဲြႏုိင္ခဲ့ပါတယ္။

အဂၤလန္အသင္းဟာ (၁၉၆၆) ခုႏွစ္ ေနာက္ပုိင္း အဓိက ႏုိင္ငံ ၿပိဳင္ပဲြေတြရဲ႕ ရႈံးထြက္ အဆင့္ ပြဲစဥ္ေတြမွာ ဂ်ာမနီအသင္းနဲ႔ (၄) ႀကိမ္ေတြ႔ဆုံရာမွာ လုံးဝ ႏုိင္ပဲြမရဘဲ ရႈံးနိ္မ့္ထားၿပီး အစဥ္အလာအရ ရလဒ္ဆုိးေတြကုိ ရရွိထားပါတယ္။

ဒါေပမယ့္လည္း ဖာဒီနန္ကေတာ့ ဂ်ာမနီအသင္း နဲ႔ ဟန္ေဂရီအသင္းတုိ႔ရဲ႕ ပဲြစဥ္မွာ ဂ်ာမနီအသင္းရဲ႕ ေျခစြမ္းကုိ အားမရတာေၾကာင့္ အဂၤလန္အသင္းက (၁၆) သင္းအဆင့္မွာ အႏုိင္ရလိမ့္မယ္လုိ႔ ယုံၾကည္လ်က္ ရွိေနပါတယ္။

BBC Sport Studio မွာ ဖာဒီနန္က “ကြ်န္ေတာ္တုိ႔ ေနာက္ဆုံး အုပ္စု ပဲြစဥ္ေတြထဲမွာ ပြဲေကာင္း (၂) ေကာင္းကုိ ေပ်ာ္ရြင္ခဲ့ၾကတယ္လုိ႔ ကြ်န္ေတာ္ ထင္ပါတယ္။ အခု ရႈံးထြက္အဆင့္က ေစာင့္ေနပါတယ္။ အဂၤလန္အသင္းဟာ အခုအခ်ိန္မွာ တကယ္ အာရုံစုိက္ႏုိင္ပါတယ္။ ကြ်န္ေတာ္တုိ႔ေတြ အျခား ရႈံးထြက္ပဲြစဥ္ေတြကုိလည္း ၾကည့္ခဲ့ၾကမွာပါ”

“ကြ်န္ေတာ္ အုပ္စု ေနာက္ဆုံး ပဲြစဥ္ကုိ ၾကည့္ၿပီးေေနာက္ အဂၤလန္က (၁၆) သင္းအဆင့္မွာ ရလဒ္ေကာင္းမယ္လုိ႔ ကြ်န္ေတာ္ ယုံၾကည္မႈ ျပည့္ေနပါတယ္။ ကြ်န္ေတာ္တုိ႔ စိတ္လႈပ္ရွားေနတယ္ ဆုိတာ ကြ်န္ေတာ္ သိတယ္။ ဒီလုိမ်ဳိး စိတ္လႈပ္ရွားတာကလည္း ကြ်န္ေတာ္တုိ႔ အဂၤလန္ ပရိသတ္ေတြ လုပ္ေနက်အရာပါပဲ”လုိ႔ ေျပာၾကားသြားပါတယ္။