အင်္ဂလန်က ယူရို (၁၆) သင်းအဆင့်မှာ ဂျာမနီကို နိုင်ပြီး ယူရို ဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ တွေ့မယ်လို့ ခန့်မှန်းတဲ့ စူပါကွန်ပြူတာ

Bettingexpert.com ရဲ့ စူပါ ကွန်ပြူတာကတော့ အင်္ဂလန်အသင်းဟာ ယူရို (၁၆) သင်းအဆင့် ရှုံးထွက် ပွဲစဉ်မှာ ဂျာမနီအသင်းကို အနိုင်ယူပြီး ယူရို ဗိုလ်လုပွဲစဉ်မှာ ပြင်သစ်အသင်းနဲ့ တွေ့ဆုံလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ လွန်ခဲ့တဲ့ ယူရို (၂၀၀၀) ခုနှစ်က အုပ်စု ပွဲစဉ်ပြီးနောက် နောက်ထပ် နိုင်ငံ့ အဓိက ပွဲစဉ်တွေမှာ တစ်ကြိမ်မှ အနိုင်မရတော့တဲ့ ပြိုင်ဘက်ဟောင်း ဂျာမနီအသင်းနဲ့ ပြန်လည် ရင်ဆိုင်သွားရမှာပါ။

အင်္ဂလန်အသင်းဟာ ဂျာမနီအသင်းကို (၁၉၉၆) ခုနှစ် ယူရို ဆီမီး ဖိုင်နယ် ပွဲစဉ် နဲ့ (၁၉၉၀) ခုနှစ် ကမ္ဘာ့ ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်တွေမှာ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့သလို (၂၀၁၀) ကမ္ဘာ့ဖလား (၁၆) သင်းအဆင့်မှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့်လည်း စူပါကွန်ပြူတာကတော့ အင်္ဂလန်အသင်းဟာ လာမယ့် အပတ် အင်္ဂါနေ့ည ကစားသွားကြမယ့် (၂၀၂၀) ယူရို (၁၆) သင်းအဆင့် ရှုံးထွက် ပွဲစဉ်မှာ ဂျာမနီအသင်းကို အနိုင်ရရှိလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်အရ အင်္ဂလန်အသင်းဟာ ဂျာမနီအသင်းကို အနိုင်ရပြီးတဲ့နောက် ယူရို ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ယူကရိန်းအသင်းကို အနိုင်ရမယ့် ဆွီဒင်အသင်းနဲ့ ရင်ဆိုင်ကစားရမယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

နောက်ပြီး အင်္ဂလန်အသင်းဟာ ယူရို ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ဆွီဒင်အသင်းကို အနိုင်ရပြီးတဲ့နောက် ယူရို ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ နယ်သာလန်အသင်းနဲ့ ကစားသွားမှာ ဖြစ်တယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ နယ်သာလန်အသင်းကို အနိုင်ရပြီးတဲ့နောက် ယူရို ဗိုလ်လုပွဲစဉ်မှာ (၂၀၁၈) ကမ္ဘာ့ ဖလား ချန်ပီယံ ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ရမယ်လို့လည်း စူပါကွန်ပြူတာက ခန့်မှန်းသွားပါတယ်။

စူပါကွန်ပြူတာ ခန့်မှန်းချက်အရ အင်္ဂလန်အသင်းက ဂျာမနီအသင်း၊ ဆွီဒင်အသင်း နဲ့ နယ်သာလန်အသင်းတို့ကို အနိုင်ရပြီးတဲ့နောက် ယူရို (၂၀၂၀) ဗိုလ်လုပွဲစဉ်မှာ ပြင်သစ်အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။

Zawgyi

အဂၤလန္က ယူ႐ို (၁၆) သင္းအဆင့္မွာ ဂ်ာမနီကို ႏိုင္ၿပီး ယူ႐ို ဗိုလ္လုပြဲမွာ ျပင္သစ္နဲ႔ ေတြ႕မယ္လို႔ ခန႔္မွန္းလိုက္တဲ့ စူပါကြန္ျပဴတာ

Bettingexpert.com ရဲ႕ စူပါ ကြန္ျပဴတာကေတာ့ အဂၤလန္အသင္းဟာ ယူ႐ို (၁၆) သင္းအဆင့္ ရႈံးထြက္ ပြဲစဥ္မွာ ဂ်ာမနီအသင္းကို အႏိုင္ယူၿပီး ယူ႐ို ဗိုလ္လုပြဲစဥ္မွာ ျပင္သစ္အသင္းနဲ႔ ေတြ႕ဆုံလိမ့္မယ္လို႔ ခန႔္မွန္းသြားခဲ့ပါတယ္။

နည္းျပ ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းဟာ လြန္ခဲ့တဲ့ ယူ႐ို (၂၀၀၀) ခုႏွစ္က အုပ္စု ပြဲစဥ္ၿပီးေနာက္ ေနာက္ထပ္ ႏိုင္ငံ့ အဓိက ပြဲစဥ္ေတြမွာ တစ္ႀကိမ္မွ အႏိုင္မရေတာ့တဲ့ ၿပိဳင္ဘက္ေဟာင္း ဂ်ာမနီအသင္းနဲ႔ ျပန္လည္ ရင္ဆိုင္သြားရမွာပါ။

အဂၤလန္အသင္းဟာ ဂ်ာမနီအသင္းကို (၁၉၉၆) ခုႏွစ္ ယူ႐ို ဆီမီး ဖိုင္နယ္ ပြဲစဥ္ နဲ႔ (၁၉၉၀) ခုႏွစ္ ကမာၻ႔ ဖလား ဆီမီး ဖိုင္နယ္ ပြဲစဥ္ေတြမွာ ပင္နယ္တီနဲ႔ ရႈံးနိမ့္ခဲ့သလို (၂၀၁၀) ကမာၻ႔ဖလား (၁၆) သင္းအဆင့္မွာလည္း ရႈံးနိမ့္ခဲ့ပါတယ္။

ဒါေပမယ့္လည္း စူပါကြန္ျပဴတာကေတာ့ အဂၤလန္အသင္းဟာ လာမယ့္ အပတ္ အဂၤါေန႔ည ကစားသြားၾကမယ့္ (၂၀၂၀) ယူ႐ို (၁၆) သင္းအဆင့္ ရႈံးထြက္ ပြဲစဥ္မွာ ဂ်ာမနီအသင္းကို အႏိုင္ရရွိလိမ့္မယ္လို႔ ခန႔္မွန္းသြားခဲ့ပါတယ္။

စူပါကြန္ျပဴတာရဲ႕ ခန႔္မွန္းခ်က္အရ အဂၤလန္အသင္းဟာ ဂ်ာမနီအသင္းကို အႏိုင္ရၿပီးတဲ့ေနာက္ ယူ႐ို ကြာတား ဖိုင္နယ္ ပြဲစဥ္မွာ ယူကရိန္းအသင္းကို အႏိုင္ရမယ့္ ဆြီဒင္အသင္းနဲ႔ ရင္ဆိုင္ကစားရမယ္လို႔ ခန႔္မွန္းသြားခဲ့ပါတယ္။

ေနာက္ၿပီး အဂၤလန္အသင္းဟာ ယူ႐ို ကြာတား ဖိုင္နယ္ ပြဲစဥ္မွာ ဆြီဒင္အသင္းကို အႏိုင္ရၿပီးတဲ့ေနာက္ ယူ႐ို ဆီမီး ဖိုင္နယ္ ပြဲစဥ္မွာ နယ္သာလန္အသင္းနဲ႔ ကစားသြားမွာ ျဖစ္တယ္လို႔ စူပါကြန္ျပဴတာက ခန႔္မွန္းခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ ဆီမီး ဖိုင္နယ္ ပြဲစဥ္မွာ နယ္သာလန္အသင္းကို အႏိုင္ရၿပီးတဲ့ေနာက္ ယူ႐ို ဗိုလ္လုပြဲစဥ္မွာ (၂၀၁၈) ကမာၻ႔ ဖလား ခ်န္ပီယံ ျပင္သစ္အသင္းနဲ႔ ရင္ဆိုင္ရမယ္လို႔လည္း စူပါကြန္ျပဴတာက ခန႔္မွန္းသြားပါတယ္။

စူပါကြန္ျပဴတာ ခန႔္မွန္းခ်က္အရ အဂၤလန္အသင္းက ဂ်ာမနီအသင္း၊ ဆြီဒင္အသင္း နဲ႔ နယ္သာလန္အသင္းတို႔ကို အႏိုင္ရၿပီးတဲ့ေနာက္ ယူ႐ို (၂၀၂၀) ဗိုလ္လုပြဲစဥ္မွာ ျပင္သစ္အသင္းနဲ႔ ထိပ္တိုက္ ရင္ဆိုင္သြားရမွာပဲ ျဖစ္ပါတယ္။