
မနေ့ညတုန်းက ဝင်ဘာလေကွင်းတွင်အင်္ဂလန်နှင့်ဟန်ဂေရီတို့တစ်ဂိုးစီ
သရေကျတဲ့ပွဲစဉ်တွင်ဟန်ဂေရီပရိသတ်များဟာ ကွင်းလုံခြုံရေးတစ်ဦးကို
လူမျိုးရေးခွဲခြားဆဲဆိုမှုကြောင့်ပရိသတ်တစ်ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးပြီးနောက်
ရဲတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းတွေ့ရပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကဟန်ဂေရီပရိသတ်များရဲ့လူမျိုးရေးခွဲခြားမှုအား
ဖီဖာထံသို့တိုင်ကြားမှုပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းကြေညာသွားပါတယ်။
မီထရိုပိုလီတန်ရဲတပ်ဖွဲ့နှင့်အက်ဖ်အေရဲ့လုံခြုံရေးအဖွဲ့တို့ဟာစက်တင်ဘာလတုန်းက
ဘူဒါပတ်စ်ပွဲစဉ်တွင်အင်္ဂလန်ကစားသမားများကို ဟန်ဂေရီပရိသတ်များက
လူမျိုးရေးခွဲခြားဆဲဆိုခဲ့မှုကြောင့်မနေ့ညကပွဲစဉ်ကိုအထူးသတိထားကာ
လုံခြုံရေးတိုးမြှင့်ချထားမှုပြုလုပ်ခဲ့ပါတယ်။ မနေ့ညကကမ္ဘာ့ဖလားခြေစစ်ပွဲကို
ဟန်ဂေရီပရိသတ်တစ်ထောင်ကျော်မျှသာကြည့်ခွင့်ရရှိထားသော်လည်
းမီထရိုပိုလီတန်ရဲတပ်ဖွဲ့နှင့်အက်ဖ်အေလုံခြုံရေးအသင်းတို့ကိုတိုးမြှင့်ချထားခဲ့ပါတယ်။
ဒါပေမယ့်လည်း၎င်းတို့ဟာဟန်ဂေရီပရိသတ်များရဲ့ဆိုးသွမ်းမှုကို
မရပ်တန့်နိုင်ခဲ့ပါဘူး။ဟန်ဂေရီပရိသတ်မျာဟာပွဲမစတင်မီအချိန်တွင်
အင်္ဂလန်ကစားသမားများကဒူးထောက်ကာလူမျိုးရေးခွဲခြားမှုရပ်တန့်ရေး
လုပ်ဆောင်မှုကိုလှောင်ပြောင်ကန့်ကွက်ခဲ့သလို အင်္ဂလန်ပရိသတ်များနှင့်
ကစားသမားများကိုဒေါသထွက်တဲ့အမူအရာများပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့်လည်းမီထရိုပိုလီတန်ရဲတပ်ဖွဲ့ဟာအဝေးကွင်းပရိသတ်များကို
ထိန်းရန်အတွက်ပွဲကြည့်စင်သို့ဝင်ရောက်ကာထိန်းသိမ်းရန်လုပ်ဆောင်ခဲ့ပါတယ်။
ဟန်ဂေရီပရိသတ်များနှင့်ရဲတပ်ဖွဲ့တို့ဟာတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့က
နောက်ဆုတ်ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကနောက်ဆုတ်လိုက်ပြီးနောက်ရန်ပွဲ
ငြိမ်းချမ်းသွားသော်လည်းလုံခြုံရေးအချို့တို့ဟာအဝေးကွင်းပရိသတ်များကို
စောင့်ကြည့်ရန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မနေ့ညတုန်းကအင်္ဂလန်နှင့် ဟန်ဂေရီ
ပွဲစဉ်တွင်ဧည့်သည်အသင်းဟာပွဲချိန်၂၄မိနစ်တွင် ပင်နယ်တီမှတဆင့် ဆယ်လိုင်
သွင်းယူတဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီးပွဲချိန်၃၇မိနစ်မှာဂျွန်စတုန်းကချေပဂိုးပြန်သွင်းခဲ့ပါတယ်။
zawgyi
အဂၤလန္ႏွင့္ဟန္ေဂရီတို႔တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ဟန္ေဂရီပရိသတ္မ်ား ခိုက္ရန္ျဖစ္ပြား
မေန႔ညတုန္းက ဝင္ဘာေလကြင္းတြင္အဂၤလန္ႏွင့္ဟန္ေဂရီတို႔တစ္ဂိုးစီ
သေရက်တဲ့ပြဲစဥ္တြင္ဟန္ေဂရီပရိသတ္မ်ားဟာ ကြင္းလုံၿခဳံေရးတစ္ဦးကို
လူမ်ိဳးေရးခြဲျခားဆဲဆိုမႈေၾကာင့္ပရိသတ္တစ္ဦးကိုရဲတပ္ဖြဲ႕ကဖမ္းဆီးၿပီးေနာက္
ရဲတပ္ဖြဲ႕ဝင္မ်ားကိုတိုက္ခိုက္မႈျပဳလုပ္ခဲ့ေၾကာင္းေတြ႕ရပါတယ္။
အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကဟန္ေဂရီပရိသတ္မ်ားရဲ႕လူမ်ိဳးေရးခြဲျခားမႈအား
ဖီဖာထံသို႔တိုင္ၾကားမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းလည္းေၾကညာသြားပါတယ္။
မီထ႐ိုပိုလီတန္ရဲတပ္ဖြဲ႕ႏွင့္အက္ဖ္ေအရဲ႕လုံၿခဳံေရးအဖြဲ႕တို႔ဟာစက္တင္ဘာလတုန္းက
ဘူဒါပတ္စ္ပြဲစဥ္တြင္အဂၤလန္ကစားသမားမ်ားကို ဟန္ေဂရီပရိသတ္မ်ားက
လူမ်ိဳးေရးခြဲျခားဆဲဆိုခဲ့မႈေၾကာင့္မေန႔ညကပြဲစဥ္ကိုအထူးသတိထားကာ
လုံၿခဳံေရးတိုးျမႇင့္ခ်ထားမႈျပဳလုပ္ခဲ့ပါတယ္။ မေန႔ညကကမာၻ႔ဖလားေျခစစ္ပြဲကို
ဟန္ေဂရီပရိသတ္တစ္ေထာင္ေက်ာ္မွ်သာၾကည့္ခြင့္ရရွိထားေသာ္လည္
းမီထ႐ိုပိုလီတန္ရဲတပ္ဖြဲ႕ႏွင့္အက္ဖ္ေအလုံၿခဳံေရးအသင္းတို႔ကိုတိုးျမႇင့္ခ်ထားခဲ့ပါတယ္။
ဒါေပမယ့္လည္း၎တို႔ဟာဟန္ေဂရီပရိသတ္မ်ားရဲ႕ဆိုးသြမ္းမႈကို
မရပ္တန႔္ႏိုင္ခဲ့ပါဘူး။ဟန္ေဂရီပရိသတ္မ်ာဟာပြဲမစတင္မီအခ်ိန္တြင္
အဂၤလန္ကစားသမားမ်ားကဒူးေထာက္ကာလူမ်ိဳးေရးခြဲျခားမႈရပ္တန႔္ေရး
လုပ္ေဆာင္မႈကိုေလွာင္ေျပာင္ကန႔္ကြက္ခဲ့သလို အဂၤလန္ပရိသတ္မ်ားႏွင့္
ကစားသမားမ်ားကိုေဒါသထြက္တဲ့အမူအရာမ်ားျပဳလုပ္ခဲ့ပါတယ္။
ဒါေၾကာင့္လည္းမီထ႐ိုပိုလီတန္ရဲတပ္ဖြဲ႕ဟာအေဝးကြင္းပရိသတ္မ်ားကို
ထိန္းရန္အတြက္ပြဲၾကည့္စင္သို႔ဝင္ေရာက္ကာထိန္းသိမ္းရန္လုပ္ေဆာင္ခဲ့ပါတယ္။
ဟန္ေဂရီပရိသတ္မ်ားႏွင့္ရဲတပ္ဖြဲ႕တို႔ဟာတိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးရဲတပ္ဖြဲ႕က
ေနာက္ဆုတ္ခဲ့ရပါတယ္။ ရဲတပ္ဖြဲ႕ကေနာက္ဆုတ္လိုက္ၿပီးေနာက္ရန္ပြဲ
ၿငိမ္းခ်မ္းသြားေသာ္လည္းလုံၿခဳံေရးအခ်ိဳ႕တို႔ဟာအေဝးကြင္းပရိသတ္မ်ားကို
ေစာင့္ၾကည့္ရန္ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ မေန႔ညတုန္းကအဂၤလန္ႏွင့္ ဟန္ေဂရီ
ပြဲစဥ္တြင္ဧည့္သည္အသင္းဟာပြဲခ်ိန္၂၄မိနစ္တြင္ ပင္နယ္တီမွတဆင့္ ဆယ္လိုင္
သြင္းယူတဲ့ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲခ်ိန္၃၇မိနစ္မွာဂြၽန္စတုန္းကေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။