
အင်္ဂလန် 2-1 ဆွစ်ဇာလန် ပွဲစဉ်တွင် ယူနိုက်တက် မှ နောက်ခံလူ လုခ်ရှောက
ပွဲထွက်ကစားသမားအဖြစ်ပါဝင်ပြီး (61)မိနစ်အထိကစားခဲ့ပါတယ်။
ယင်းပွဲတွင် လုခ်ရှောက အင်္ဂလန်အတွက် အဖွင့်ဂိုးအား သွင်းယူခဲ့ပါတယ်။
လုခ်ရှောဟာ ပြီးခဲ့တဲ့ ယူရို2020ပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ
အထူးခြေစွမ်းပြကစားခဲ့ပြီး အီတလီနဲ့ကစားခဲ့တဲ့
ဗိုလ်လုပွဲမှာလည်း အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
လုခ်ရှောဟာ ဒီရာသီ ယူနိုက်တက်အသင်းမှာ ပုံမှန်နေရာရနေတဲ့သူတော့ မဟုတ်ပါဘူး။
ရာသီအစမှာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရသလို
ယူနိုက်တက်အသင်း ရလဒ်တွေ ဆိုးဝါးမှုတွေနဲ့အတူ
လုခ်ရှောရဲ့ ပုံမှန်ခြေစွမ်းတွေလည်း ပျောက်ဆုံးနေတာပါ။
ယူနိုက်တက်အသင်းနဲ့နိုင်ငံလက်ရွေးစင် အသင်းတွေမှာ ကြုံဆုံရတဲ့
ကွဲပြားတဲ့ ပတ်ဝန်းကျင် အခြေအနေတွေနဲ့ ပတ်သက်ပြီး
လုခ်ရှောက အခုလို ပြောပြလာခဲ့ပါတယ်။
” အင်္ဂလန်အသင်းကို လာရတဲ့အခါ ကျွန်တော် ပျော်ရွှင်ရတယ်ဗျ။
ကျွန်တော့်မျက်နှာလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပွဲတွေကစားရတယ်။
ဒီမှာဆို တော်တော် စိတ်ချမ်းသာရပါတယ်။
ကျွန်တော် ဒီကိုလာတိုင်း အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်ဖြစ်တယ်လို့ ခံစားရတယ်။
ကျွန်တော်တို့ တိုင်းပြည်အတွက် ကစားပေးရတာကို ချစ်မြတ်နိုးကြပါတယ်”
” ကျွန်တော်ဒီကို ရောက်တဲ့အခါ ဖြစ်ပျက်နေတဲ့ အရာတွေအပေါ်မှာပဲ
အာရုံစိုက်ထားတာမို့ ဒီအချိန်မှာ ကျွန်တော့်ရဲ့ အဓိက ဦးစားပေးအာရုံစိုက်မှုက
အင်္ဂလန်ပါ။ လူတိုင်းကလည်း ဒီလိုဘဲ တွေးထားကြမယ်ထင်ပါတယ်။
ကိုယ့်ကို အလိုရှိနေတယ်လို့ ခံစားမိဖို့က အမြဲတမ်း သိပ်ကိုအရေးကြီးပါတယ်”
” အထူးသဖြင့် အင်္ဂလန်မှာပေါ့။ ကိုယ့်ကို အလိုရှိကြတယ်လို့ ခံစားရစေတယ်လေ။
ယူနိုက်တက်အသင်းမှာ ကျွန်တော် မပျော်ဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။
ဒါပေမယ့်အင်္ဂလန်မှာဆိုရင် ကိုယ့်ကို လိုအပ်တယ်လို့ ခံစားရတယ်။
ပျော်ပျော်ရွှင်ရွှင်နဲ့ ဘောလုံးကစားနိုင်ပါတယ်။
ဘောလုံးမှာ အရေးကြီးတဲ့ အဓိက အပိုင်းက စိတ်ချမ်းသာနေဖို့ပဲလေ”
” အမှန်တိုင်းပြောရရင် ယူနိုက်တက်အသင်းမှာ ကျွန်တော်တို့ ကျဆင်းနေတဲ့အချိန်
စိတ်ချမ်းသာနေဖို့ဆိုတာ တော်တော်ကြီးခက်ခဲပါတယ်။
ဒီရာသီကလည်း ကောင်းမွန်တဲ့ ဖြတ်သန်းမှု မဟုတ်တာကြောင့်
ပျော်နေဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ အသင်းမှာ တိုးတက်ဖို့အတွက်
ကျွန်တော်တို့ အများကြီး ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် အခုချိန် အင်္ဂလန်မှာ ရောက်နေတာကြောင့်
လက်ရွေးစင်အသင်းအတွက်ပဲ ပိုပြီး အာရုံစိုက်ထားပါတယ်”လို့ လုခ်ရှောက ပြောပါတယ်။
zawgyi
အဂၤလန္မွာ ပိုေပ်ာ္ၿပီး အထူးေျခစြမ္းျပေကာင္းေနတဲ့ လုခ္ေရွာ
အဂၤလန္ 2-1 ဆြစ္ဇာလန္ ပြဲစဥ္တြင္ ယူႏိုက္တက္ မွ ေနာက္ခံလူ လုခ္ေရွာက
ပြဲထြက္ကစားသမားအျဖစ္ပါဝင္ၿပီး (61)မိနစ္အထိကစားခဲ့ပါတယ္။
ယင္းပြဲတြင္ လုခ္ေရွာက အဂၤလန္အတြက္ အဖြင့္ဂိုးအား သြင္းယူခဲ့ပါတယ္။
လုခ္ေရွာဟာ ၿပီးခဲ့တဲ့ ယူ႐ို2020ၿပိဳင္ပြဲမွာ အဂၤလန္လက္ေ႐ြးစင္အသင္းမွာ
အထူးေျခစြမ္းျပကစားခဲ့ၿပီး အီတလီနဲ႔ကစားခဲ့တဲ့
ဗိုလ္လုပြဲမွာလည္း အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။
လုခ္ေရွာဟာ ဒီရာသီ ယူႏိုက္တက္အသင္းမွာ ပုံမွန္ေနရာရေနတဲ့သူေတာ့ မဟုတ္ပါဘူး။
ရာသီအစမွာ ဒဏ္ရာျပႆနာေတြနဲ႔႐ုန္းကန္ခဲ့ရသလို
ယူႏိုက္တက္အသင္း ရလဒ္ေတြ ဆိုးဝါးမႈေတြနဲ႔အတူ
လုခ္ေရွာရဲ႕ ပုံမွန္ေျခစြမ္းေတြလည္း ေပ်ာက္ဆုံးေနတာပါ။
ယူႏိုက္တက္အသင္းနဲ႔ႏိုင္ငံလက္ေ႐ြးစင္ အသင္းေတြမွာ ႀကဳံဆုံရတဲ့
ကြဲျပားတဲ့ ပတ္ဝန္းက်င္ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး
လုခ္ေရွာက အခုလို ေျပာျပလာခဲ့ပါတယ္။
” အဂၤလန္အသင္းကို လာရတဲ့အခါ ကြၽန္ေတာ္ ေပ်ာ္႐ႊင္ရတယ္ဗ်။
ကြၽန္ေတာ့္မ်က္ႏွာလည္း ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ ပြဲေတြကစားရတယ္။
ဒီမွာဆို ေတာ္ေတာ္ စိတ္ခ်မ္းသာရပါတယ္။
ကြၽန္ေတာ္ ဒီကိုလာတိုင္း အၿမဲတမ္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖစ္တယ္လို႔ ခံစားရတယ္။
ကြၽန္ေတာ္တို႔ တိုင္းျပည္အတြက္ ကစားေပးရတာကို ခ်စ္ျမတ္ႏိုးၾကပါတယ္”
” ကြၽန္ေတာ္ဒီကို ေရာက္တဲ့အခါ ျဖစ္ပ်က္ေနတဲ့ အရာေတြအေပၚမွာပဲ
အာ႐ုံစိုက္ထားတာမို႔ ဒီအခ်ိန္မွာ ကြၽန္ေတာ့္ရဲ႕ အဓိက ဦးစားေပးအာ႐ုံစိုက္မႈက
အဂၤလန္ပါ။ လူတိုင္းကလည္း ဒီလိုဘဲ ေတြးထားၾကမယ္ထင္ပါတယ္။
ကိုယ့္ကို အလိုရွိေနတယ္လို႔ ခံစားမိဖို႔က အၿမဲတမ္း သိပ္ကိုအေရးႀကီးပါတယ္”
” အထူးသျဖင့္ အဂၤလန္မွာေပါ့။ ကိုယ့္ကို အလိုရွိၾကတယ္လို႔ ခံစားရေစတယ္ေလ။
ယူႏိုက္တက္အသင္းမွာ ကြၽန္ေတာ္ မေပ်ာ္ဘူးလို႔ ေျပာေနတာ မဟုတ္ပါဘူး။
ဒါေပမယ့္အဂၤလန္မွာဆိုရင္ ကိုယ့္ကို လိုအပ္တယ္လို႔ ခံစားရတယ္။
ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေဘာလုံးကစားႏိုင္ပါတယ္။
ေဘာလုံးမွာ အေရးႀကီးတဲ့ အဓိက အပိုင္းက စိတ္ခ်မ္းသာေနဖို႔ပဲေလ”
” အမွန္တိုင္းေျပာရရင္ ယူႏိုက္တက္အသင္းမွာ ကြၽန္ေတာ္တို႔ က်ဆင္းေနတဲ့အခ်ိန္
စိတ္ခ်မ္းသာေနဖို႔ဆိုတာ ေတာ္ေတာ္ႀကီးခက္ခဲပါတယ္။
ဒီရာသီကလည္း ေကာင္းမြန္တဲ့ ျဖတ္သန္းမႈ မဟုတ္တာေၾကာင့္
ေပ်ာ္ေနဖို႔ဆိုတာ အင္မတန္ ခဲယဥ္းပါတယ္။ အသင္းမွာ တိုးတက္ဖို႔အတြက္
ကြၽန္ေတာ္တို႔ အမ်ားႀကီး ႀကိဳးစားခဲ့ပါတယ္။
ဒါေပမယ့္ အခုခ်ိန္ အဂၤလန္မွာ ေရာက္ေနတာေၾကာင့္
လက္ေ႐ြးစင္အသင္းအတြက္ပဲ ပိုၿပီး အာ႐ုံစိုက္ထားပါတယ္”လို႔ လုခ္ေရွာက ေျပာပါတယ္။