အင်္ဂလန်သားတွေကိုကျော်ပြီး ပရိသတ်တွေရဲ့အကောင်းဆုံးအဖြစ် ဖာနန်ဒက်စ်ရွေးချယ်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

The Sun သတင်းစာကြီးက သူတို့ရဲ့တွစ်တာစာမျက်နှာထက်ကနေတစ်ဆင့် ပရိသတ်တွေဆီကနေဆန္ဒမဲကောက်ခံခဲ့ပြီး ၂၀၂၀ အတွက်အထူးချွန်ဆုံးကစားသမားကို ရွေချယ်စေခဲ့ရာမှာ မန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ထိပ်ဆုံးကနေအရွေးခံခဲ့ရတယ်လို့ သိရပါတယ်။

မန်ယူကိုရောက်လာတာ ၁၁ လဘဲရှိသေးတဲ့ ဖာနန်ဒက်စ်ဟာ မယုံနိုင်စရာကောင်းလောက်အောင် မန်ယူအတွက်စွမ်းဆောင်ပြခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၈ ဂိုးသွင်းကာ ၁၄ ဂိုးဖန်တီးပေးထားတာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒီပေါ်တူဂီသားဟာ အင်္ဂလန် လက်ရွေးစင် ၃ ဦးဖြစ်တဲ့ ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်၊ အက်စ်တွန်ဗီလာက ဂရီလစ်ရှ်နဲ့ အာဆင်နယ်လူငယ် ဘူကာယိုဆာကာ တို့အထက်ကနေရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းမှာ မန်ယူကိုချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ဆွဲတင်ပေးခဲ့ရပြီး ဒီရာသီ မှာလည်း ချန်ပီယံမျှော်လင့်ချက် ပြန်လည်ရှင်သန်လာအောင် လုပ်ပေးနိုင်ခဲ့တာပါ။

ဒါကြောင့်လည်း မန်ယူဟာ လီဗာပူးထက်တစ်ပွဲလျော့နေပေမယ့် ၃ မှတ်ဘဲကွာပြီး ဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ မန်ယူကိုပေါင် ၄၇ သန်းနဲ့ပြောင်းလာတဲ့ ဖာနန်ဒက်စ်ဟာ မန်ယူအတွက်ပြိုင်ပွဲအရပ်ရပ် ၄၅ ပွဲကစားပြီး ၂၆ ဂိုးသွင်းထားပေးသူလည်းဖြစ်ပါတယ်။

သူ့ရဲ့စွမ်းဆောင်မှုကို ကျွမ်းသူအပေါင်းက မချီးကျူးဘဲမနေနိုင်အောင်ဖြစ်ခဲ့တဲ့အပြင်ပရိသတ်တွေကလည်း အကောင်းဆုံးအဖြစ် လက်သင့်ခံခဲ့ကြတာဖြစ်ပါတယ်။

ဒီကလန်ရိုက်စ် ကွင်းလယ်ခံစစ်သမားအဖြစ်ကနေ ဗဟိုခံစစ်မှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြနေတဲ့ ဒီကလန်ရိုက်စ်ဟာ အသက် ၂၁ နှစ်သာရှိသေးပေမယ့် မာ့ခ်နိုဘယ် ထံကနေအသင်းခေါင်းဆောင်လက်ပတ်ကို ရယူဖို့နီးစပ်နေတာပါ။ လက်ရှိပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားစာရင်းမှာ ပါဝင်နေလို့ ချဲလ်ဆီးရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ ရိုက်စ်ဟာ ပရိသတ်တွေရဲ့ရွေးချယ်မှုမှာတော့ ဖာနန်ဒက်စ်ကိုမကျော်နိုင်ဘဲ ဒုတိယဘဲရခဲ့ပါတယ်။ သူဟာ ကွင်းလယ်ခံစစ်ထက် ဗဟိုခံစစ်မှာစွမ်းဆောင်ရည်ပိုကောင်းနေတဲ့သူပါ။

ဂျက်ဂရီလစ်ရှ် ပြီးခဲ့တဲ့ရာသီက တန်းတက်အသင်းဖြစ်ခဲ့တဲ့ အက်စ်တွန်ဗီလာဟာ ဒီရာသီမှာတော့ အဆင့် ၆ အတွင်းဝင်နေတာပါ။ သူတို့ခြေစွမ်းပြနေခြင်းရဲ့ အကြောင်းအရင်းတွေထဲမှာ ကွင်းလယ်လူ ဂရီယာလစ်ရှ်ရဲ့အစွမ်းအစတွေက အရေးအပါဆုံးနေရာမှာရှိနေတာပါ။ သူ့ရဲ့ဖန်တီးနိုင်စွမ်းမြင့်မားမှုက မန်ယူရဲ့စိတ်ဝင်စားခြင်းကို လက်ခံရရှိစေခဲ့ပေမယ့် ဖာနန်ဒက်စ်ကိုတော့ မမီခဲ့ဘဲ တတိယနေရာမှာဘဲ ရပ်တည်ခဲ့ပါတယ်။ သူဟာပြီးခဲ့တဲ့ ဩဂုတ်လကအင်္ဂလန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ဂတ်စ်ကွိုင်နီ လက်သစ်အဖြစ်လည်း တင်စားခံထားရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဂၤလန္သားေတြကိုေက်ာ္ၿပီး ပရိသတ္ေတြရဲ႕အေကာင္းဆုံးအျဖစ္ ဖာနန္ဒက္စ္ေ႐ြးခ်ယ္ခံရ

The Sun သတင္းစာႀကီးက သူတို႔ရဲ႕တြစ္တာစာမ်က္ႏွာထက္ကေနတစ္ဆင့္ ပရိသတ္ေတြဆီကေနဆႏၵမဲေကာက္ခံခဲ့ၿပီး ၂၀၂၀ အတြက္အထူးခြၽန္ဆုံးကစားသမားကို ေ႐ြခ်ယ္ေစခဲ့ရာမွာ မန္ယူအသင္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က ထိပ္ဆုံးကေနအေ႐ြးခံခဲ့ရတယ္လို႔ သိရပါတယ္။ မန္ယူကိုေရာက္လာတာ ၁၁ လဘဲရွိေသးတဲ့ ဖာနန္ဒက္စ္ဟာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ မန္ယူအတြက္စြမ္းေဆာင္ျပခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ၁၈ ဂိုးသြင္းကာ ၁၄ ဂိုးဖန္တီးေပးထားတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ဒီေပၚတူဂီသားဟာ အဂၤလန္ လက္ေ႐ြးစင္ ၃ ဦးျဖစ္တဲ့ ဝက္စ္ဟမ္းက ဒီကလန္႐ိုက္စ္၊ အက္စ္တြန္ဗီလာက ဂရီလစ္ရွ္နဲ႔ အာဆင္နယ္လူငယ္ ဘူကာယိုဆာကာ တို႔အထက္ကေနရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ ဟာ ၿပီးခဲ့တဲ့ရာသီဒုတိယပိုင္းမွာ မန္ယူကိုခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ ဆြဲတင္ေပးခဲ့ရၿပီး ဒီရာသီ မွာလည္း ခ်န္ပီယံေမွ်ာ္လင့္ခ်က္ ျပန္လည္ရွင္သန္လာေအာင္ လုပ္ေပးႏိုင္ခဲ့တာပါ။

ဒါေၾကာင့္လည္း မန္ယူဟာ လီဗာပူးထက္တစ္ပြဲေလ်ာ့ေနေပမယ့္ ၃ မွတ္ဘဲကြာၿပီး ဒုတိယေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။ မန္ယူကိုေပါင္ ၄၇ သန္းနဲ႔ေျပာင္းလာတဲ့ ဖာနန္ဒက္စ္ဟာ မန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္ ၄၅ ပြဲကစားၿပီး ၂၆ ဂိုးသြင္းထားေပးသူလည္းျဖစ္ပါတယ္။ သူ႔ရဲ႕စြမ္းေဆာင္မႈကို ကြၽမ္းသူအေပါင္းက မခ်ီးက်ဴးဘဲမေနႏိုင္ေအာင္ျဖစ္ခဲ့တဲ့အျပင္ပရိသတ္ေတြကလည္း အေကာင္းဆုံးအျဖစ္ လက္သင့္ခံခဲ့ၾကတာျဖစ္ပါတယ္။

ဒီကလန္႐ိုက္စ္ ကြင္းလယ္ခံစစ္သမားအျဖစ္ကေန ဗဟိုခံစစ္မွာလည္း စြမ္းေဆာင္ရည္ေကာင္းေတြျပေနတဲ့ ဒီကလန္႐ိုက္စ္ဟာ အသက္ ၂၁ ႏွစ္သာရွိေသးေပမယ့္ မာ့ခ္ႏိုဘယ္ ထံကေနအသင္းေခါင္းေဆာင္လက္ပတ္ကို ရယူဖို႔နီးစပ္ေနတာပါ။ လက္ရွိပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကစားသမားစာရင္းမွာ ပါဝင္ေနလို႔ ခ်ဲလ္ဆီးရဲ႕စိတ္ဝင္စားျခင္းကိုခံေနရတဲ့ ႐ိုက္စ္ဟာ ပရိသတ္ေတြရဲ႕ေ႐ြးခ်ယ္မႈမွာေတာ့ ဖာနန္ဒက္စ္ကိုမေက်ာ္ႏိုင္ဘဲ ဒုတိယဘဲရခဲ့ပါတယ္။

သူဟာ ကြင္းလယ္ခံစစ္ထက္ ဗဟိုခံစစ္မွာစြမ္းေဆာင္ရည္ပိုေကာင္းေနတဲ့သူပါ။ ဂ်က္ဂရီလစ္ရွ္ ၿပီးခဲ့တဲ့ရာသီက တန္းတက္အသင္းျဖစ္ခဲ့တဲ့ အက္စ္တြန္ဗီလာဟာ ဒီရာသီမွာေတာ့ အဆင့္ ၆ အတြင္းဝင္ေနတာပါ။ သူတို႔ေျခစြမ္းျပေနျခင္းရဲ႕ အေၾကာင္းအရင္းေတြထဲမွာ ကြင္းလယ္လူ ဂရီယာလစ္ရွ္ရဲ႕အစြမ္းအစေတြက အေရးအပါဆုံးေနရာမွာရွိေနတာပါ။ သူ႔ရဲ႕ဖန္တီးႏိုင္စြမ္းျမင့္မားမႈက မန္ယူရဲ႕စိတ္ဝင္စားျခင္းကို လက္ခံရရွိေစခဲ့ေပမယ့္ ဖာနန္ဒက္စ္ကိုေတာ့ မမီခဲ့ဘဲ တတိယေနရာမွာဘဲ ရပ္တည္ခဲ့ပါတယ္။ သူဟာၿပီးခဲ့တဲ့ ဩဂုတ္လကအဂၤလန္လက္ေ႐ြးစင္အျဖစ္ စတင္ေ႐ြးခ်ယ္ခံခဲ့ရၿပီး ဂတ္စ္ကြိဳင္နီ လက္သစ္အျဖစ္လည္း တင္စားခံထားရပါတယ္။