အင်္ဂလန်အသင်းက ယူရိုပြိုင်ပွဲမှာ ဘယ်အသင်းကိုမှ မကြောက်ဘူးလို့ ကြုံးဝါးလိုက်တဲ့ ရက်ချ်ဖို့ဒ်

 

အင်္ဂလန် တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကတော့ ယခုအပတ် သောကြာနေ့ည စကော့တလန်အသင်းနဲ့ ကစားသွားမယ့် ယူရို အုပ်စု ပွဲစဉ် မတိုင်ခင်မှာ အင်္ဂလန်အသင်းက ဘယ်အသင်းကိုမှ မကြောက်ဘူးလို့ ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ လက်ရှိ (၂၀၂၀) ယူရို ပြိုင်ပွဲမှာတော့ အုပ်စု (D) မှာ ကျရောက်နေပြီး အုပ်စု ပွဲစဉ် အဖြစ်နဲ့ ခရိုအေးရှားအသင်းနဲ့ ကစားခဲ့စဉ်က စတာလင်ရဲ့ ဒုတိယပိုင်းသွင်းဂိုးကြောင့် (၁-ဝ) ရလဒ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ခရိုအေးရှားအသင်းနဲ့ ကစားခဲ့စဉ်က ဂိုးကန်သွင်းမှု (၈) ကြိမ်၊ ဂိုးပေါက်တည့် ကန်သွင်းမှု (၂) ကြိမ်၊ ဘောလုံး ပိုင်ဆိုင်မှု (၄၉) ရာခိုင်နှုန်း နဲ့ ဘောလုံး ပေးပို့မှု (၄၅၃) ကြိမ်အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ (၂၀၁၈) ခုနှစ်က ရုရှား ကမ္ဘာ့ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်မှာတော့ ခရိုအေးရှားအသင်းကို ရှုံးနိမ့်ခဲ့ပြီး လက်ရှိ (၂၀၂၀) ယူရို ပြိုင်ပွဲမှာ (၂၀၁၈) က ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စု ချောင်နေပြီး သောကြာနေ့ညမှာ ကစားမယ့် ပွဲစဉ်မှာသာ စကော့တလန်အသင်းကို အနိုင်ရရှိမယ် ဆိုရင် နောက်တစ်ဆင့် ရှုံးထွက်အဆင့်ကို တက်လှမ်းသွားဖို့ သေချာသလောက် ရှိပြီ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ခရိုအေးရှားအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အားရစရာ ခြေစွမ်းမပြသနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်မှူး ရက်ချ်ဖို့ကတော့ လက်ရှိ ယူရို ပြိုင်ပွဲမှာ ဘယ်အသင်းကိုမှ မကြောက်ဘူးလို့ ပြောကြားသွားပါတယ်။

တိုက်စစ်မှူး ရက်ချ်ဖို့ဒ်က “ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့က ကျွန်တော်တို့ ရင်ဆိုင်သွားရမယ့် ဘယ်အသင်းကိုမှ မကြောက်ပါဘူး။ ဘယ်သူမဆို ကြိုးစားရမယ်။ အသင်းဖော်တွေကိုလည်း ယုံကြည်ရပါမယ်”

“တကယ်လို့ အသင်းဖော်တွေကိုမှ မယုံကြည်ဘူးဆိုရင် နိုင်ပွဲအကြောင်းကို မေ့ပစ်မိပါလိမ့်မယ်။ ကျွန်တော်တို့ အင်္ဂလန်အသင်းက ဘယ်အသင်းကိုမှ မကြောက်ဘူး။ ဒီလက်ရှိ ပြိုင်ပွဲမှာ ကောင်းမွန်စွာ ကစားပြီး ကျွန်တော်တို့ ကြောက်နေတဲ့ အသင်း ရှိလား ဆိုရင်တော့ ရှိတော့ ရှိပါတယ်။ လုံးဝကို ရှိပါတယ်။”လို့ ပြောကြားသွားခဲ့ပါတယ်။

Zawgyi

အဂၤလန္အသင္းက ယူ႐ိုၿပိဳင္ပြဲမွာ ဘယ္အသင္းကိုမွ မေၾကာက္ဘူးလို႔ ႀကဳံးဝါးလိုက္တဲ့ ရက္ခ်္ဖို႔ဒ္

အဂၤလန္ တိုက္စစ္မႉး ရက္ခ်္ဖို႔ဒ္ကေတာ့ ယခုအပတ္ ေသာၾကာေန႔ည စေကာ့တလန္အသင္းနဲ႔ ကစားသြားမယ့္ ယူ႐ို အုပ္စု ပြဲစဥ္ မတိုင္ခင္မွာ အဂၤလန္အသင္းက ဘယ္အသင္းကိုမွ မေၾကာက္ဘူးလို႔ ႀကဳံးဝါးခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ လက္ရွိ (၂၀၂၀) ယူ႐ို ၿပိဳင္ပြဲမွာေတာ့ အုပ္စု (D) မွာ က်ေရာက္ေနၿပီး အုပ္စု ပြဲစဥ္ အျဖစ္နဲ႔ ခ႐ိုေအးရွားအသင္းနဲ႔ ကစားခဲ့စဥ္က စတာလင္ရဲ႕ ဒုတိယပိုင္းသြင္းဂိုးေၾကာင့္ (၁-ဝ) ရလဒ္နဲ႔ အႏိုင္ ရရွိခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ခ႐ိုေအးရွားအသင္းနဲ႔ ကစားခဲ့စဥ္က ဂိုးကန္သြင္းမႈ (၈) ႀကိမ္၊ ဂိုးေပါက္တည့္ ကန္သြင္းမႈ (၂) ႀကိမ္၊ ေဘာလုံး ပိုင္ဆိုင္မႈ (၄၉) ရာခိုင္ႏႈန္း နဲ႔ ေဘာလုံး ေပးပို႔မႈ (၄၅၃) ႀကိမ္အထိ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

နည္းျပ ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းဟာ (၂၀၁၈) ခုႏွစ္က ႐ုရွား ကမာၻ႔ဖလား ဆီမီး ဖိုင္နယ္ ပြဲစဥ္မွာေတာ့ ခ႐ိုေအးရွားအသင္းကို ရႈံးနိမ့္ခဲ့ၿပီး လက္ရွိ (၂၀၂၀) ယူ႐ို ၿပိဳင္ပြဲမွာ (၂၀၁၈) က ရႈံးေႂကြးကို ျပန္ဆပ္ႏိုင္ခဲ့ပါတယ္။

အဂၤလန္အသင္းဟာ အုပ္စု ေခ်ာင္ေနၿပီး ေသာၾကာေန႔ညမွာ ကစားမယ့္ ပြဲစဥ္မွာသာ စေကာ့တလန္အသင္းကို အႏိုင္ရရွိမယ္ ဆိုရင္ ေနာက္တစ္ဆင့္ ရႈံးထြက္အဆင့္ကို တက္လွမ္းသြားဖို႔ ေသခ်ာသေလာက္ ရွိၿပီ ျဖစ္ပါတယ္။

အဂၤလန္အသင္းအေနနဲ႔ ခ႐ိုေအးရွားအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အားရစရာ ေျခစြမ္းမျပသႏိုင္ခဲ့ေပမယ့္လည္း တိုက္စစ္မႉး ရက္ခ်္ဖို႔ကေတာ့ လက္ရွိ ယူ႐ို ၿပိဳင္ပြဲမွာ ဘယ္အသင္းကိုမွ မေၾကာက္ဘူးလို႔ ေျပာၾကားသြားပါတယ္။

တိုက္စစ္မႉး ရက္ခ်္ဖို႔ဒ္က “ကြၽန္ေတာ္ ေျပာခ်င္တာကေတာ့ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ ရင္ဆိုင္သြားရမယ့္ ဘယ္အသင္းကိုမွ မေၾကာက္ပါဘူး။ ဘယ္သူမဆို ႀကိဳးစားရမယ္။ အသင္းေဖာ္ေတြကိုလည္း ယုံၾကည္ရပါမယ္”

“တကယ္လို႔ အသင္းေဖာ္ေတြကိုမွ မယုံၾကည္ဘူးဆိုရင္ ႏိုင္ပြဲအေၾကာင္းကို ေမ့ပစ္မိပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ အဂၤလန္အသင္းက ဘယ္အသင္းကိုမွ မေၾကာက္ဘူး။ ဒီလက္ရွိ ၿပိဳင္ပြဲမွာ ေကာင္းမြန္စြာ ကစားၿပီး ကြၽန္ေတာ္တို႔ ေၾကာက္ေနတဲ့ အသင္း ရွိလား ဆိုရင္ေတာ့ ရွိေတာ့ ရွိပါတယ္။ လုံးဝကို ရွိပါတယ္။”လို႔ ေျပာၾကားသြားခဲ့ပါတယ္။