
မန်ယူအသင်းရဲ့ တောင်ပံကစားသမားသစ် ဆန်ချိုဟာ ကလပ်အသင်းမှာ
ပုံမှန်ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး လက်ရှိအချိန်အထိ
ဂိုးဖန်တီးမှုရော ၊ သွင်းဂိုးရော လုံးဝ မရရှိသေးဘူးဖြစ်နေါတယ်။
ဒါပေမယ့် စနေနေ့က ကစားသွားတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်ဖြစ်တဲ့
အင်္ဂလန်အသင်း (၅−ဝ) အန်ဒိုရာ ပွဲစဉ်မှာတော့ နိုင်ငံအသင်းအတွက်
ခြေစွမ်းပြသွားခဲ့ပြီး အသင်းရဲ့ သွင်းဂိုး (၂) ဂိုးကိုလည်း ဖန်တီးပေးသွားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဆန်ချို အခုထက်
တိုးတက်လာဖို့အတွက် သူ့ကို အချိန်ပေးဖို့ လိုအပ်ပါတယ်ဆိုပြီး ပြောဆိုခဲ့ပါသေးတယ်။
ဒါ့အပြင် လက်ရှိမန်ယူအသင်းရဲ့ ကစားသမားတွေကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်လေ့ရှိတဲ့
သရဲနီ ဂန္တဝင် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းကလည်း ဆန်ချိုဘက်ကနေ
ရပ်တည်းပြောဆိုပေးသွားပြီး ၎င်းကို အချိန်ပေးဖို့ လိုအပ်တဲ့အကြောင်း
အလားတူပြောဆိုသွားခဲ့ပါတယ်။ ” ဆန်ချိုက လက်ရှိ မန်ယူအသင်းမှာ
ရော်နာလ်ဒိုရဲ့ လောင်းရိပ်အောက် ရောက်နေတဲ့သဘောမျိုး ဖြစ်နေတာလည်း
ပါတာပေါ့။ သူ့အတွက်တော့ အသင်းနဲ့ အထိုင်ကျဖို့အတွက်
အထ နှေးနေတာတော့ အမှန်ပဲ။ ဒါပေမယ့် သူ ဒေါ့မွန်မှာ ကစားခဲ့တုန်းကလည်း
အစပိုင်းမှာ သူ ခြေစွမ်းကောင်း မပြနိုင်ခဲ့ဘဲ နောက်ပိုင်းကျမှ တဖြည်းဖြည်း
ပိုကောင်းလာတာပါ။ အင်္ဂလန်အသင်းမှာ သူ့အခွင့်အရေးအကောင်းတွေ
ရခဲ့သလို မန်ယူအသင်းမှာလည်း သူ့ကို အချိန်ပေးစောင့်ကြည့်ဖို့တော့ လိုအပ်တယ်”
” မန်ယူလို မျှော်လင့်ချက်ရော ၊ ရည်မှန်းချက်ရော ကြီးမားတဲ့ အသင်းမျိုးမှာကျတော့
သူ့အတွက်လည်း ခက်ခဲပါတယ်။ ဒါပေမယ့် သူက ဒေါ့မွန်မှာတုန်းကထက်
ပိုကောင်းတဲ့ ခြေစွမ်းမျိုးကို မန်ယူအသင်းမှာ ပြသလာနိုင်ပါလိမ့်မယ်” လို့
ရွိုင်ကိန်းကပြောဆိုခဲ့ပါတယ်။ ဆန်ချို နဲ့ ပတ်သက်ပြီး နည်းပြ ဆိုးလ်ရှားကလည်း
၎င်းရဲ့ ကစားသမားအနေနဲ့ မန်ယူအသင်းမှာ အထိုင်ကျဖို့ အချိန်တစ်ခုတော့ပေးပြီး
စောင့်ကြည့်ဖို့ လိုအပ်ပါတယ်လို့ ယခုနှစ်ဘောလုံးရာသီမစတင်ခင်ကတည်းက
ပြောဆိုထားခဲ့ဖူးပါတယ်။
zawgyi
အဂၤလန္အသင္းမွာ သူ႔အခြင့္အေရးအေကာင္းေတြ ရခဲ့သလို မန္ယူအသင္းမွာလည္း သူ႔ကို အခ်ိန္ေပးေစာင့္ၾကည့္ဖို႔ေတာ့ လိုအပ္တယ္ – ႐ြိဳင္ကိန္း
မန္ယူအသင္းရဲ႕ ေတာင္ပံကစားသမားသစ္ ဆန္ခ်ိဳဟာ ကလပ္အသင္းမွာ
ပုံမွန္ေျခစြမ္းေကာင္းျပသႏိုင္ဖို႔ ႐ုန္းကန္ေနရၿပီး လက္ရွိအခ်ိန္အထိ
ဂိုးဖန္တီးမႈေရာ ၊ သြင္းဂိုးေရာ လုံးဝ မရရွိေသးဘူးျဖစ္ေနါတယ္။
ဒါေပမယ့္ စေနေန႔က ကစားသြားတဲ့ ကမာၻ႔ဖလား ေျခစစ္ပြဲစဥ္ျဖစ္တဲ့
အဂၤလန္အသင္း (၅−ဝ) အန္ဒိုရာ ပြဲစဥ္မွာေတာ့ ႏိုင္ငံအသင္းအတြက္
ေျခစြမ္းျပသြားခဲ့ၿပီး အသင္းရဲ႕ သြင္းဂိုး (၂) ဂိုးကိုလည္း ဖန္တီးေပးသြားခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ အဂၤလန္နည္းျပ ေဆာက္ဂိတ္က ဆန္ခ်ိဳ အခုထက္
တိုးတက္လာဖို႔အတြက္ သူ႔ကို အခ်ိန္ေပးဖို႔ လိုအပ္ပါတယ္ဆိုၿပီး ေျပာဆိုခဲ့ပါေသးတယ္။
ဒါ့အျပင္ လက္ရွိမန္ယူအသင္းရဲ႕ ကစားသမားေတြကို ပ်စ္ပ်စ္ႏွစ္ႏွစ္ေဝဖန္ေလ့ရွိတဲ့
သရဲနီ ဂႏၲဝင္ ကြင္းလယ္လူေဟာင္း ႐ြိဳင္ကိန္းကလည္း ဆန္ခ်ိဳဘက္ကေန
ရပ္တည္းေျပာဆိုေပးသြားၿပီး ၎ကို အခ်ိန္ေပးဖို႔ လိုအပ္တဲ့အေၾကာင္း
အလားတူေျပာဆိုသြားခဲ့ပါတယ္။ ” ဆန္ခ်ိဳက လက္ရွိ မန္ယူအသင္းမွာ
ေရာ္နာလ္ဒိုရဲ႕ ေလာင္းရိပ္ေအာက္ ေရာက္ေနတဲ့သေဘာမ်ိဳး ျဖစ္ေနတာလည္း
ပါတာေပါ့။ သူ႔အတြက္ေတာ့ အသင္းနဲ႔ အထိုင္က်ဖို႔အတြက္
အထ ေႏွးေနတာေတာ့ အမွန္ပဲ။ ဒါေပမယ့္ သူ ေဒါ့မြန္မွာ ကစားခဲ့တုန္းကလည္း
အစပိုင္းမွာ သူ ေျခစြမ္းေကာင္း မျပႏိုင္ခဲ့ဘဲ ေနာက္ပိုင္းက်မွ တျဖည္းျဖည္း
ပိုေကာင္းလာတာပါ။ အဂၤလန္အသင္းမွာ သူ႔အခြင့္အေရးအေကာင္းေတြ
ရခဲ့သလို မန္ယူအသင္းမွာလည္း သူ႔ကို အခ်ိန္ေပးေစာင့္ၾကည့္ဖို႔ေတာ့ လိုအပ္တယ္”
” မန္ယူလို ေမွ်ာ္လင့္ခ်က္ေရာ ၊ ရည္မွန္းခ်က္ေရာ ႀကီးမားတဲ့ အသင္းမ်ိဳးမွာက်ေတာ့
သူ႔အတြက္လည္း ခက္ခဲပါတယ္။ ဒါေပမယ့္ သူက ေဒါ့မြန္မွာတုန္းကထက္
ပိုေကာင္းတဲ့ ေျခစြမ္းမ်ိဳးကို မန္ယူအသင္းမွာ ျပသလာႏိုင္ပါလိမ့္မယ္” လို႔
႐ြိဳင္ကိန္းကေျပာဆိုခဲ့ပါတယ္။ ဆန္ခ်ိဳ နဲ႔ ပတ္သက္ၿပီး နည္းျပ ဆိုးလ္ရွားကလည္း
၎ရဲ႕ ကစားသမားအေနနဲ႔ မန္ယူအသင္းမွာ အထိုင္က်ဖို႔ အခ်ိန္တစ္ခုေတာ့ေပးၿပီး
ေစာင့္ၾကည့္ဖို႔ လိုအပ္ပါတယ္လို႔ ယခုႏွစ္ေဘာလုံးရာသီမစတင္ခင္ကတည္းက
ေျပာဆိုထားခဲ့ဖူးပါတယ္။