အင်္ဂလန်-ဂျာမနီ အားပြိုင်ပွဲနဲ့ လက်ရှိချန်ပီယံ ပေါ်တူဂီအတွက် စိန်ခေါ်မှုထပ်ဖြစ်မယ့် ဘယ်ဂျီယံ

ယူရို ၂၀၂၀ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၁ နိုင်ငံက အိမ်ရှင် အနေနဲ့လက်ခံ ကျင်းပခဲ့ပြီး အုပ်စုပွဲစဉ်တွေ ကတော့ ပြီးဆုံးသွားခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်တဲ့ အသင်း ၁၆ သင်းပေါ်ထွက် လာခဲ့ပါတယ်။

အုပ်စု ၆ ခုက ပထမ နဲ့ ဒုတိယ အသင်း ၁၂ သင်း နဲ့ အကောင်းဆုံး တတိယ ၄ သင်းက လာမယ့် ဇွန်လ ၂၆ ရက်နေ့က စပြီး ရှုံးထွက် ပွဲစဉ်တွေကို စတင် ယှဉ်ပြိုင်ကြရ တော့မှာပါ။

စပိန်အသင်းပါဝင်တဲ့ အုပ်စု E မှာ မျှော်မှန်းထားသလို မဖြစ်လာခဲ့တဲ့အတွက် ၁၆ သင်းဆင့် ပွဲစဉ်တွေဟာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသွားခဲ့ပါတယ်။

စပိန် ဟာ အုပ်စုမှာ ဆွီဒင် ရဲ့ အနောက် ဒုတိယသာ ရခဲ့တဲ့အတွက် ရှုံးထွက် လမ်းကြောင်း ပြောင်းသွားခဲ့ပြီး ခရိုအေးရှား နဲ့ ရင်ဆိုင်ရတော့မှာပါ။

မရဏ အုပ်စုလို့ နာမည်ကြီးတဲ့ အုပ်စု F မှာတော့ အားလုံး မျှော်လင့်ထားတဲ့ အတိုင်း ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ ၃ သင်းစလုံး နောက်တစ်ဆင့် တက်လာခဲ့ ကြပြီး ဂျာမနီ က အင်္ဂလန် ၊ ပေါ်တူဂီ က ဘယ်လ်ဂျီယံ တို့နဲ့ ရင်ဆိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။

ရှုံးထွက်အဆင့်မှာ အလယ်အလတ် အဆင့် အသင်းအချင်းချင်း ထိပ်တိုက် တွေ့ဆုံမှုတွေ များပြီးး ပြိုင်ပွဲကို ပိုအကြိတ်အနယ် ဖြစ်စေသေချာပါတယ်။

ဆွီဒင် – ယူကရိန်း ၊ ဝေးလ် – ဒိန်းမတ် ပွဲစဉ်တွေ ကနေ အလယ်အလတ် အသင်း ၂ သင်းက ပြိုင်ပွဲလမ်းကြောင်းအရ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ကြမှာ ဖြစ်သလို

ခရိုအေးရှားကလည်း အသင်းကြီးတွေထဲမှာ အားအနည်းဆုံးလို့ သတ်မှတ်ထားတဲ့ စပိန် နဲ့ ကစားရမှာ ဖြစ်လို့ ကွာတားဖိုင်နယ် အတွက် မျှော်လင့်လို့ ရနိုင်ပါသေးတယ်။

ရှုံးထွက် လမ်းကြောင်း အရတော့ ဂျာမနီ – အင်္ဂလန် တို့ ဘက်ခြမ်းက ပိုမို ချောင်လွယ် နေနိုင်ပြီး အနိုင်ရမယ့် အသင်းဟာ ဗိုလ်လုပွဲ အထိ တက်လှမ်း လာနိုင်ဖို့ ရှိနေပါတယ်။

နောက်တစ်ခြမ်းမှာတော့ ဘယ်လ်ဂျီယံ ၊ ပေါ်တူဂီ ၊ ပြင်သစ် ၊ အီတလီ ၊ စပိန် တို့ အတူ ကျရောက်နေပြီး ၁၆ သင်းဆင့် ၊ ကွာတား ၊ ဆီမီး ပွဲစဉ် အားလုံးမှာ အသင်းကြီးတွေ ထိပ်တိုက် ရင်ဆိုင်ရမှုတွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ၁၆ သင်းဆင့် ပွဲစဉ်တွေကို လာမယ့် ဇွန်လ ၂၆ ရက်နေ့ ကနေ ဇွန်လ ၂၉ ရက်နေ့ အထိ ယှဉ်ပြိုင်ကစားသွားကြမှာပဲ ဖြစ်ပါတယ်။

ဒီပွဲစဉ်တွေကို ကစားမယ့်ရက်နဲ့ မြန်မာစံတော်ချိန်နဲ့ ဖော်ပြရမယ်ဆိုရင်တော့ …

၁ ဝေးလ် – ဒိန်းမတ် (ဇွန်လ ၂၆ ရက် နေ့ ၊ ည ၁၀း၃၀ နာရီ)

၂ အီတလီ – သြစတြီးယား (ဇွန်လ ၂၇ ရက်နေ့ ၊ နံနက် ၁း၃၀ နာရီ)

၃ နယ်သာလန် – ချက် (ဇွန်လ ၂၇ ရက်နေ့ ၊ ည ၁၀း၃၀ နာရီ)

၄ ဘယ်ဂျီယံ – ပေါ်တူဂီ (ဇွန်လ ၂၈ ရက် ၊ နံနက် ၁း၃၀ နာရီ)

၅ ။ ခရိုအေးရှား – စပိန် (ဇွန်လ ၂၈ ရက် ၊ ည ၁၀း၃၀ နာရီ)

၆ ပြင်သစ် – ဆွစ်ဇာလန် (ဇွန်လ ၂၉ ရက် ၊ နံနက် ၁း၃၀ နာရီ)

၇ အင်္ဂလန် – ဂျာမနီ (ဇွန်လ ၂၉ ရက် ၊ ည ၁၀း၃၀ နာရီ)

၈ ဆွီဒင် – ယူကရိန်း (ဇွန်လ ၃၀ ရက် ၊ နံနက် ၁း၃၀ နာရီ)

Zawgyi

အဂၤလန္-ဂ်ာမနီ အားၿပိဳင္ပြဲနဲ႔ လက္ရွိခ်န္ပီယံ ေပၚတူဂီအတြက္ စိန္ေခၚမႈထပ္ျဖစ္မယ့္ ဘယ္ဂ်ီယံ

ယူ႐ို ၂၀၂၀ၿပိဳင္ပြဲကို ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံက အိမ္ရွင္ အေနနဲ႔လက္ခံ က်င္းပခဲ့ၿပီး အုပ္စုပြဲစဥ္ေတြ ကေတာ့ ၿပီးဆုံးသြားခဲ့ၿပီး ရႈံးထြက္အဆင့္ကို တက္ေရာက္တဲ့ အသင္း ၁၆ သင္းေပၚထြက္ လာခဲ့ပါတယ္။ အုပ္စု ၆ ခုက ပထမ နဲ႔ ဒုတိယ အသင္း ၁၂ သင္း နဲ႔ အေကာင္းဆုံး တတိယ ၄ သင္းက လာမယ့္ ဇြန္လ ၂၆ ရက္ေန႔က စၿပီး ရႈံးထြက္ ပြဲစဥ္ေတြကို စတင္ ယွဥ္ၿပိဳင္ၾကရ ေတာ့မွာပါ။

စပိန္အသင္းပါဝင္တဲ့ အုပ္စု E မွာ ေမွ်ာ္မွန္းထားသလို မျဖစ္လာခဲ့တဲ့အတြက္ ၁၆ သင္းဆင့္ ပြဲစဥ္ေတြဟာ ပိုၿပီး စိတ္ဝင္စားဖို႔ ေကာင္းသြား ခဲ့ပါတယ္။ စပိန္ ဟာ အုပ္စုမွာ ဆြီဒင္ ရဲ႕ အေနာက္ ဒုတိယသာ ရခဲ့တဲ့အတြက္ ရႈံးထြက္ လမ္းေၾကာင္း ေျပာင္းသြားခဲ့ၿပီး ခ႐ိုေအးရွား နဲ႔ ရင္ဆိုင္ရေတာ့မွာပါ။

မရဏ အုပ္စုလို႔ နာမည္ႀကီးတဲ့ အုပ္စု F မွာေတာ့ အားလုံး ေမွ်ာ္လင့္ထားတဲ့ အတိုင္း ျပင္သစ္ ၊ ဂ်ာမနီ ၊ ေပၚတူဂီ ၃ သင္းစလုံး ေနာက္တစ္ဆင့္ တက္လာခဲ့ ၾကၿပီး ဂ်ာမနီ က အဂၤလန္ ၊ ေပၚတူဂီ က ဘယ္လ္ဂ်ီယံ တို႔နဲ႔ ရင္ဆိုင္ဖို႔ ျဖစ္လာခဲ့ပါတယ္။

ရႈံးထြက္အဆင့္မွာ အလယ္အလတ္ အဆင့္ အသင္းအခ်င္းခ်င္း ထိပ္တိုက္ ေတြ႕ဆုံမႈေတြ မ်ားၿပီးး ၿပိဳင္ပြဲကို ပိုအႀကိတ္အနယ္ ျဖစ္ေစေသခ်ာပါတယ္ ။ ဆြီဒင္ – ယူကရိန္း ၊ ေဝးလ္ – ဒိန္းမတ္ ပြဲစဥ္ေတြ ကေန အလယ္အလတ္ အသင္း ၂ သင္းက ၿပိဳင္ပြဲလမ္းေၾကာင္းအရ ကြာတားဖိုင္နယ္အထိ တက္လွမ္းႏိုင္ၾကမွာ ျဖစ္သလို ခ႐ိုေအးရွား ကလည္း အသင္းႀကီးေတြထဲမွာ အားအနည္းဆုံးလို႔ သတ္မွတ္ထားတဲ့ စပိန္ နဲ႔ ကစားရမွာ ျဖစ္လို႔ ကြာတားဖိုင္နယ္ အတြက္ ေမွ်ာ္လင့္လို႔ ရႏိုင္ပါေသးတယ္။

ရႈံးထြက္ လမ္းေၾကာင္း အရေတာ့ ဂ်ာမနီ – အဂၤလန္ တို႔ ဘက္ျခမ္းက ပိုမို ေခ်ာင္လြယ္ ေနႏိုင္ၿပီး အႏိုင္ရမယ့္ အသင္းဟာ ဗိုလ္လုပြဲ အထိ တက္လွမ္း လာႏိုင္ဖို႔ ရွိေနပါတယ္။ ေနာက္တစ္ျခမ္းမွာေတာ့ ဘယ္လ္ဂ်ီယံ ၊ ေပၚတူဂီ ၊ ျပင္သစ္ ၊ အီတလီ ၊ စပိန္ တို႔ အတူ က်ေရာက္ေနၿပီး ၁၆ သင္းဆင့္ ၊ ကြာတား ၊ ဆီမီး ပြဲစဥ္ အားလုံးမွာ အသင္းႀကီးေတြ ထိပ္တိုက္ ရင္ဆိုင္ရမႈေတြကို ျမင္ေတြ႕ရဖို႔ ရွိေနပါတယ္။

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ၁၆ သင္းဆင့္ ပြဲစဥ္ေတြကို လာမယ့္ ဇြန္လ ၂၆ ရက္ေန႔ ကေန ဇြန္လ ၂၉ ရက္ေန႔ အထိ ယွဥ္ၿပိဳင္ကစားသြားၾကမွာပဲ ျဖစ္ပါတယ္။

ဒီပြဲစဥ္ေတြကို ကစားမယ့္ရက္နဲ႔ ျမန္မာစံေတာ္ခ်ိန္နဲ႔ ေဖာ္ျပရမယ္ဆိုရင္ေတာ့ ..
၁ ေဝးလ္ – ဒိန္းမတ္ (ဇြန္လ ၂၆ ရက္ ေန႔ ၊ ည ၁၀း၃၀ နာရီ)

၂ အီတလီ – ၾသစႀတီးယား (ဇြန္လ ၂၇ ရက္ေန႔ ၊ နံနက္ ၁း၃၀ နာရီ)

၃ နယ္သာလန္ – ခ်က္ (ဇြန္လ ၂၇ ရက္ေန႔ ၊ ည ၁၀း၃၀ နာရီ)

၄ ဘယ္ဂ်ီယံ – ေပၚတူဂီ (ဇြန္လ ၂၈ ရက္ ၊ နံနက္ ၁း၃၀ နာရီ)

၅ ။ ခ႐ိုေအးရွား – စပိန္ (ဇြန္လ ၂၈ ရက္ ၊ ည ၁၀း၃၀ နာရီ)

၆ ျပင္သစ္ – ဆြစ္ဇာလန္ (ဇြန္လ ၂၉ ရက္ ၊ နံနက္ ၁း၃၀ နာရီ)

၇ အဂၤလန္ – ဂ်ာမနီ (ဇြန္လ ၂၉ ရက္ ၊ ည ၁၀း၃၀ နာရီ)

၈ ဆြီဒင္ – ယူကရိန္း (ဇြန္လ ၃၀ ရက္ ၊ နံနက္ ၁း၃၀ နာရီ)