
ထိပ်တိုက်တွေ့ဆုံမှုအစဉ်အလာမှာ ပိုလန်ကို အရမ်းသာခဲ့တဲ့ ဆွီဒင် အီတလီထက် အဆုံးသတ်သေချာသူပိုများတဲ့ ပေါ်တူဂီ ဂိုးပြတ်နိုင်ပွဲရမယ်
ပိုလန် Vs ဆွီဒင်
ပိုလန်ကတော့ ကံကောင်းတယ်လို့ ဆိုရပါမယ်။ ရုရှားနဲ့ဆီမီးပွဲကစားစရာမလိုဘဲ
ဘိုင်ရပြီး ဗိုလ်လုပွဲတက်ခွင့်ရခဲ့ပါတယ်။
ဒါကြောင့် စကော့တလန်နဲ့ ခြေစမ်းခဲ့တာဖြစ်ပြီး
ပီယာတက်ခ်ရဲ့နာကျင်အချိန်ပိုပင်နယ်တီကြောင့်သာသရေရခဲ့တာပါ။
ဒါပေမဲ့ပိုလန်မှာလူမစုံခဲ့ဘဲ လီဝန်ဒေါစကီးနဲ့ ဆက်ဇီနီကိုဆိုရင် လုံး၀အနားပေးခဲ့ပါတယ်။
ဆွီဒင်နဲ့ဗိုလ်လုပွဲမှာတော့ ၂ဦးလုံးပွဲထွက်ပါလာမှာပါ။
ဆွီဒင်ကတော့ ချက်ကိုခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရပြီး
ကွက်ဆန်ရဲ့အချိန်ပိုဂိုးကြောင့်သာဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။
ဆွီဒင်မှာလည်း ပွဲပယ်ပြစ်ဒဏ်ကလွတ်လာတဲ့ မိုဗစ် ပြန်ပါလာမှာပါ။
၂သင်းစလုံးရဲ့ခြေစွမ်းက ကွာဟချက်ကြီးကြီးမားမားမရှိပေမယ့်
အိမ်ရှင်အခွင့်အရေးရှိတဲ့ပိုလန်က =၃၀ ပေးထားရပါတယ်။
ဆွီဒင်ရဲ့လက်ရှိခြေစွမ်းက အကောင်းဆုံးပုံစံမရှိဘဲ အဝေးကွင်း ၃ပွဲဆက်ရှုံးထားပေမယ့်
ပိုလန်နဲ့အစဉ်အလာမှာတော့အရမ်းသာခဲ့ပါတယ်။
ယူရို ၂၀၂၀အုပ်စုပွဲအပါအဝင် ပိုလန်နဲ့ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၈ပွဲလုံး ဆွီဒင်နိုင်ခဲ့တာပါ။
ဒီတစ်ကြိမ်မှာလည်း မနိုင်တောင် ပုံမှန်ပွဲချိန် မိနစ် ၉၀အတွင်း
သရေလောက်တော့ ဆွီဒင် ကစားနိုင်မယ်လို့ထင်ပါတယ်။
ရွေးချယ်မှု – ဆွီဒင်
ပေါ်တူဂီ Vs မက်ဆီဒိုးနီးယား
တူရကီကို ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲတက်လာတဲ့ ပေါ်တူဂီကိုလည်း
ခြေစွမ်းသာမက ကံတရားကပါ သူတို့ဘက်မှာရှိနေတယ်လို့ ဆိုနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ယူရို ၂၀၂၀ ချန်ပီယံ အီတလီ ဆီမီးမှာပြုတ်ကျန်ခဲ့လို့ပါပဲ။
အီတလီနဲ့သာဆိုရင် ခက်ခက်ခဲခဲကစားရဖို့သေချာပေမယ့်
အခု မက်ဆီဒိုးနီးယားနဲ့သာ ရင်ဆိုင်ရမှာမို့ ပွဲချောင်တယ်လို့ဆိုရမှာပါ။
မက်ဆီဒိုးနီးယားက အီတလီကိုနောက်ကောက်ချခဲ့ပေမယ့်
သူတို့ကောင်းလို့ဆိုတာထက် အီတလီအဆုံးသတ်ညံ့ ကံခေခဲ့လို့ပါ။
One Chance One Goal ဆိုသလို၁ကြိမ်သာရတဲ့အခွင့်အရေးကနေ
အီတလီကို အသည်းခွဲဂိုးသွင်းနိုင်ခဲ့ပေမယ့်
မက်ဆီဒိုးနီးယား ၂ပွဲဆက်တော့ ကံမကောင်းနိုင်ပါဘူး။
ပေါ်တူဂီမှာက အီတလီလိုမဟုတ်ဘဲ ရော်နယ်ဒို၊ ဂျိုတာ၊ ဖာနန်ဒက်စ်၊
ဘာနာဒိုဆေးလ်ဗားတို့လို အဆုံးသတ်သေချာသူတွေပိုများပါတယ်။
ဒါကြောင့်လည်း ပေါ်တူဂီဘော်ဒီဈေးက ၂+၂၅ ဆိုပြီးပြင်းရှစွာဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ဂိုးပြတ်နိုင်ပွဲနဲ့အတူ ကာတာသွားခွင့်လက်မှတ်တစ်နေရာစာ ပေါ်တူဂီ အရယူပြပါလိမ့်မယ်။
ရွေးချယ်မှု – ပေါ်တူဂီ
zawgyi
ထိပ္တိုက္ေတြ႕ဆုံမႈအစဥ္အလာမွာ ပိုလန္ကို အရမ္းသာခဲ့တဲ့ ဆြီဒင္ အီတလီထက္ အဆုံးသတ္ေသခ်ာသူပိုမ်ားတဲ့ ေပၚတူဂီ ဂိုးျပတ္ႏိုင္ပြဲရမယ္
အဂၤါညကို ဥေရာပဇုန္ေျခစစ္ပြဲေတြနဲ႔ျဖတ္သန္းမယ္ (ေကာင္းပိုင္)
ပိုလန္ Vs ဆြီဒင္
ပိုလန္ကေတာ့ ကံေကာင္းတယ္လို႔ ဆိုရပါမယ္။ ႐ုရွားနဲ႔ဆီမီးပြဲကစားစရာမလိုဘဲ
ဘိုင္ရၿပီး ဗိုလ္လုပြဲတက္ခြင့္ရခဲ့ပါတယ္။
ဒါေၾကာင့္ စေကာ့တလန္နဲ႔ ေျခစမ္းခဲ့တာျဖစ္ၿပီး
ပီယာတက္ခ္ရဲ႕နာက်င္အခ်ိန္ပိုပင္နယ္တီေၾကာင့္သာသေရရခဲ့တာပါ။
ဒါေပမဲ့ပိုလန္မွာလူမစုံခဲ့ဘဲ လီဝန္ေဒါစကီးနဲ႔ ဆက္ဇီနီကိုဆိုရင္ လုံး၀အနားေပးခဲ့ပါတယ္။
ဆြီဒင္နဲ႔ဗိုလ္လုပြဲမွာေတာ့ ၂ဦးလုံးပြဲထြက္ပါလာမွာပါ။
ဆြီဒင္ကေတာ့ ခ်က္ကိုခက္ခက္ခဲခဲျဖတ္ေက်ာ္ခဲ့ရၿပီး
ကြက္ဆန္ရဲ႕အခ်ိန္ပိုဂိုးေၾကာင့္သာဗိုလ္လုပြဲတက္ႏိုင္ခဲ့တာပါ။
ဆြီဒင္မွာလည္း ပြဲပယ္ျပစ္ဒဏ္ကလြတ္လာတဲ့ မိုဗစ္ ျပန္ပါလာမွာပါ။
၂သင္းစလုံးရဲ႕ေျခစြမ္းက ကြာဟခ်က္ႀကီးႀကီးမားမားမရွိေပမယ့္
အိမ္ရွင္အခြင့္အေရးရွိတဲ့ပိုလန္က =၃၀ ေပးထားရပါတယ္။
ဆြီဒင္ရဲ႕လက္ရွိေျခစြမ္းက အေကာင္းဆုံးပုံစံမရွိဘဲ အေဝးကြင္း ၃ပြဲဆက္ရႈံးထားေပမယ့္
ပိုလန္နဲ႔အစဥ္အလာမွာေတာ့အရမ္းသာခဲ့ပါတယ္။
ယူ႐ို ၂၀၂၀အုပ္စုပြဲအပါအဝင္ ပိုလန္နဲ႔ရင္ဆိုင္ခဲ့ရတဲ့ ၿပိဳင္ပြဲစုံေနာက္ဆုံး ၈ပြဲလုံး ဆြီဒင္ႏိုင္ခဲ့တာပါ။
ဒီတစ္ႀကိမ္မွာလည္း မႏိုင္ေတာင္ ပုံမွန္ပြဲခ်ိန္ မိနစ္ ၉၀အတြင္း
သေရေလာက္ေတာ့ ဆြီဒင္ ကစားႏိုင္မယ္လို႔ထင္ပါတယ္။
ေ႐ြးခ်ယ္မႈ – ဆြီဒင္
ေပၚတူဂီ Vs မက္ဆီဒိုးနီးယား
တူရကီကို ဂိုးျပတ္အႏိုင္ယူၿပီး ဗိုလ္လုပြဲတက္လာတဲ့ ေပၚတူဂီကိုလည္း
ေျခစြမ္းသာမက ကံတရားကပါ သူတို႔ဘက္မွာရွိေနတယ္လို႔ ဆိုႏိုင္တယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ ယူ႐ို ၂၀၂၀ ခ်န္ပီယံ အီတလီ ဆီမီးမွာျပဳတ္က်န္ခဲ့လို႔ပါပဲ။
အီတလီနဲ႔သာဆိုရင္ ခက္ခက္ခဲခဲကစားရဖို႔ေသခ်ာေပမယ့္
အခု မက္ဆီဒိုးနီးယားနဲ႔သာ ရင္ဆိုင္ရမွာမို႔ ပြဲေခ်ာင္တယ္လို႔ဆိုရမွာပါ။
မက္ဆီဒိုးနီးယားက အီတလီကိုေနာက္ေကာက္ခ်ခဲ့ေပမယ့္
သူတို႔ေကာင္းလို႔ဆိုတာထက္ အီတလီအဆုံးသတ္ညံ့ ကံေခခဲ့လို႔ပါ။
One Chance One Goal ဆိုသလို၁ႀကိမ္သာရတဲ့အခြင့္အေရးကေန
အီတလီကို အသည္းခြဲဂိုးသြင္းႏိုင္ခဲ့ေပမယ့္
မက္ဆီဒိုးနီးယား ၂ပြဲဆက္ေတာ့ ကံမေကာင္းႏိုင္ပါဘူး။
ေပၚတူဂီမွာက အီတလီလိုမဟုတ္ဘဲ ေရာ္နယ္ဒို၊ ဂ်ိဳတာ၊ ဖာနန္ဒက္စ္၊
ဘာနာဒိုေဆးလ္ဗားတို႔လို အဆုံးသတ္ေသခ်ာသူေတြပိုမ်ားပါတယ္။
ဒါေၾကာင့္လည္း ေပၚတူဂီေဘာ္ဒီေဈးက ၂+၂၅ ဆိုၿပီးျပင္းရွစြာဖြင့္လွစ္ထားတာျဖစ္ပါတယ္။
ဂိုးျပတ္ႏိုင္ပြဲနဲ႔အတူ ကာတာသြားခြင့္လက္မွတ္တစ္ေနရာစာ ေပၚတူဂီ အရယူျပပါလိမ့္မယ္။
ေ႐ြးခ်ယ္မႈ – ေပၚတူဂီ