အငြင်းပွား VAR ရဲ့ဆုံးဖြတ်ချက်နဲ့အတူ အဝေးကွင်းမှာ သရေနဲ့ပဲ ကျေနပ်လိုက်ရတဲ့ လီဗာပူး (အဲဗာတန် ၂-၂ လီဗာပူး ပွဲပြီးမြင်ကွင်းကျယ်)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နိုင်ငံတကာရက်သတ္တပတ်အပြီး ကျင်းပတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ရဲ့ အစောဆုံးပွဲက အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အကြိတ်အနယ်ရှိခဲ့သလို ပြီးခဲ့တဲ့ရာသီကတည်းက အားလုံးရဲ့ဇာတ်လိုက်ကျော်ကြီးဖြစ်ခဲ့ဲတဲ့ VAR က ဒီပွဲမှာလည်း အားလုံးရဲ့ Attention ယူသွားပါတယ်။

ဒီပွဲက တကယ့်ကိုအကြိတ်အနယ်ရှိခဲ့ပြီး လီဗာပူးကွင်းလယ်မှာ သီယာဂိုက အသင်းကို အကောင်းဆုံးထိန်းကျောင်းသွားသလို အဲဗာတန်ကလည်း လက်ရှိချန်ပီယံအသင်းကို အပြန်အလှန်ယှဉ်ကစားခဲ့ပါတယ်။

ပွဲအစ ၃ မိနစ်မှာပဲ ရောဘတ်ဆန်ရဲ့ဖန်တီးပေးမှုကနေ မာနေးက လီဗာပူးအတွက် ဦးဆောင်ဂိုးယူခဲ့ပြီး ပွဲချိန် ၇ မိနစ်မှာ ပင်နယ်တီဧရိယာထဲ ဗန်ဒိုက်ကို အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် ကြမ်းကြမ်းတမ်းတမ်းကစားပေမယ့် VAR ပြန်ကြည့်ရာမှာ ဗန်ဒိုက်လူကျွံနေတယ်လို့ သတ်မှတ်လိုက်လို့ အဲဗာတန်လည်း ပင်နယ်တီပေးခံရနိုင်တဲ့အနေအထား၊ ပစ်ဖို့ဒ် အနီကတ်ပြသခံရနိုင်တဲ့အနေအထားကနေ လွတ်မြောက်သွားပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာ ရိုဒရီဂွက်ဇ်ရဲ့ထောင့်ဖြတ်ဘောကနေ နောက်ခံလူ မိုက်ကယ်ကိန်းက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ အဲဗာတန်အသင်း ချေပဂိုးရရှိခဲ့ပါတယ်။ ပွဲချိန် ၇၂ မိနစ်မှာ ဟန်ဒါဆန်ရဲ့ထောင့်ဖြတ်ဘောကို မီနာ တားဆီးလို့ ထွက်လာရာကနေ ဆာလာက လှလှပပ မြေမကျကန်သွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်း ဦးဆောင်ဂိုးထပ်ရခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာ အာနိုးလ်ရဲ့ထောင့်ကန်ဘောကနေ နောက်ခံလူ မာတစ် အပိုင်ခေါင်းတိုက်ချက် လှပပေမယ့် ပစ်ဖို့ဒ် လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး ၃ မိနစ်အကြာမှာ နောက်ခံလူ ဒစ်ဂ်နီရဲ့ထောင့်ဖြတ်ဘောကနေ ကယ်လ်ဗက်လီဝင်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ အဲဗာတန်အသင်း ချေပဂိုးရရှိသွားခဲ့ပါတယ်။

မိနစ် ၉၀မှာ ရစ်ချာလီဆန် ထုတ်ပယ်ခံခဲ့ရပြီး ပွဲချိန် ၉၃ မိနစ်မှာ မာနေးရဲ့လှပတဲ့ပေးပို့မှုကနေ ဟန်ဒါဆန် မနားတမ်းပိတ်သွင်းနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်တဲ့အခါ ကွင်းလယ်ကနေ သီယာဂို ပေးလိုက်ချိန်မှာ မာနေး လူကျွံနေတယ်လို့ သတ်မှတ်ခဲ့တာကြောင့် လီဗာပူးလည်း အတော်လေးနစ်နာခဲ့ရပါတယ်။

ဒီအတွက်ကြောင့် အဲဗာတန်အသင်း ရှုံးပွဲမရှိစံချိန် ဆက်ထိန်းနိုင်ခဲ့ပြီး လီဗာပူးကတော့ ၁၀မှတ် ရရှိခဲ့ပါတယ်။ လီဗာပူးဟာ မြို့ခံပြိုုင်ဘက် အဲဗာတန်ကို ပြိုင်ပွဲစုံနောက်ဆုံး ၂၃ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပြိုင်ဘက်အသင်းတစ်သင်းကို ရှုံးပွဲမရှိအရှည်ကြာဆုံးစံချိန်လည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန်မိနစ် ၉၀ မှာ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန် ထုတ်ပယ်ခံခဲ့ရပြီး အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့မာဆေးဆိုက်ဒါဘီပွဲက ပရီးမီးယားလိဂ်သမိုင်းမှာ အနီကတ်အများဆုံးပွဲအဖြစ် ၂၂ ကြိမ်နဲ့ စံချိန်သစ်တင်ခဲ့သလို အဲဗာတန်က အနီကတ် ၁၅ ကြိမ်ပြသခံထားရရာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသင်းတစ်သင်းနဲ့ပွဲမှာ အနီကတ်အများဆုံးပြသခံရတဲ့အသင်းဖြစ်လာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အျငင္းပြား VAR ရဲ႕ဆုံးျဖတ္ခ်က္နဲ႔အတူ အေ၀းကြင္းမွာ သေရနဲ႔ပဲ ေက်နပ္လုိက္ရတဲ့ လီဗာပူး (အဲဗာတန္ ၂-၂ လီဗာပူး ပြဲၿပီးျမင္ကြင္းက်ယ္)

ႏိုင္ငံတကာရက္သတၱပတ္အၿပီး က်င္းပတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္(၅)ရဲ႕ အေစာဆုံးပြဲက အျပန္အလွန္သြင္းဂိုးေတြနဲ႔အတူ အႀကိတ္အနယ္ရွိခဲ့သလုိ ၿပီးခဲ့တဲ့ရာသီကတည္းက အားလုံးရဲ႕ဇာတ္လိုက္ေက်ာ္ႀကီးျဖစ္ခဲ့ဲတဲ့ VAR က ဒီပြဲမွာလည္း အားလုံးရဲ႕ Attention ယူသြားပါတယ္။

ဒီပြဲက တကယ့္ကိုအႀကိတ္အနယ္ရွိခဲ့ၿပီး လီဗာပူးကြင္းလယ္မွာ သီယာဂိုက အသင္းကို အေကာင္းဆံုးထိန္းေက်ာင္းသြားသလုိ အဲဗာတန္ကလည္း လက္ရွိခ်န္ပီယံအသင္းကို အျပန္အလွန္ယွဥ္ကစားခဲ့ပါတယ္။

ပြဲအစ ၃ မိနစ္မွာပဲ ေရာဘတ္ဆန္ရဲ႕ဖန္တီးေပးမႈကေန မာေနးက လီဗာပူးအတြက္ ဦးေဆာင္ဂိုးယူခဲ့ၿပီး ပြဲခ်ိန္ ၇ မိနစ္မွာ ပင္နယ္တီဧရိယာထဲ ဗန္ဒိုက္ကို အဲဗာတန္ဂုိးသမား ပစ္ဖို႔ဒ္ ၾကမ္းၾကမ္းတမ္းတမ္းကစားေပမယ့္ VAR ျပန္ၾကည့္ရာမွာ ဗန္ဒုိက္လူကၽြံေနတယ္လုိ႔ သတ္မွတ္လုိက္လုိ႔ အဲဗာတန္လည္း ပင္နယ္တီေပးခံရႏိုင္တဲ့အေနအထား၊ ပစ္ဖုိ႔ဒ္ အနီကတ္ျပသခံရႏိုင္တဲ့အေနအထားကေန လြတ္ေျမာက္သြားပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာ ႐ိုဒရီဂြက္ဇ္ရဲ႕ေထာင့္ျဖတ္ေဘာကေန ေနာက္ခံလူ မုိက္ကယ္ကိန္းက ေခါင္းတုိက္သြင္းယူႏုိင္ခဲ့လုိ႔ အဲဗာတန္အသင္း ေခ်ပဂိုးရရွိခဲ့ပါတယ္။ ပြဲခ်ိန္ ၇၂ မိနစ္မွာ ဟန္ဒါဆန္ရဲ႕ေထာင့္ျဖတ္ေဘာကို မီနာ တားဆီးလုိ႔ ထြက္လာရာကေန ဆာလာက လွလွပပ ေျမမက်ကန္သြင္းယူႏုိင္ခဲ့လုိ႔ လီဗာပူးအသင္း ဦးေဆာင္ဂိုးထပ္ရခဲ့ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာ အာႏိုးလ္ရဲ႕ေထာင့္ကန္ေဘာကေန ေနာက္ခံလူ မာတစ္ အပိုင္ေခါင္းတုိက္ခ်က္ လွပေပမယ့္ ပစ္ဖုိ႔ဒ္ လက္စြမ္းျပကာကြယ္ႏုိင္ခဲ့ၿပီး ၃ မိနစ္အၾကာမွာ ေနာက္ခံလူ ဒစ္ဂ္နီရဲ႕ေထာင့္ျဖတ္ေဘာကေန ကယ္လ္ဗက္လီ၀င္က ေခါင္းတုိက္သြင္းယူႏိုင္ခဲ့လုိ႔ အဲဗာတန္အသင္း ေခ်ပဂိုးရရွိသြားခဲ့ပါတယ္။

မိနစ္ ၉၀မွာ ရစ္ခ်ာလီဆန္ ထုတ္ပယ္ခံခဲ့ရၿပီး ပြဲခ်ိန္ ၉၃ မိနစ္မွာ မာေနးရဲ႕လွပတဲ့ေပးပုိ႔မႈကေန ဟန္ဒါဆန္ မနားတမ္းပိတ္သြင္းႏိုင္ခဲ့ေပမယ့္ VAR ျပန္ၾကည့္တဲ့အခါ ကြင္းလယ္ကေန သီယာဂို ေပးလုိက္ခ်ိန္မွာ မာေနး လူကၽြံေနတယ္လုိ႔ သတ္မွတ္ခဲ့တာေၾကာင့္ လီဗာပူးလည္း အေတာ္ေလးနစ္နာခဲ့ရပါတယ္။

ဒီအတြက္ေၾကာင့္ အဲဗာတန္အသင္း ႐ံႈးပြဲမရွိစံခ်ိန္ ဆက္ထိန္းႏိုင္ခဲ့ၿပီး လီဗာပူးကေတာ့ ၁၀မွတ္ ရရွိခဲ့ပါတယ္။ လီဗာပူးဟာ ၿမိဳ႕ခံၿပိဳုင္ဘက္ အဲဗာတန္ကို ၿပိဳင္ပြဲစုံေနာက္ဆုံး ၂၃ပြဲဆက္ ႐ံႈးပြဲမရွိစံခ်ိန္တင္ႏုိင္ခဲ့ၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ ၿပိဳင္ဘက္အသင္းတစ္သင္းကို ႐ံႈးပြဲမရွိအရွည္ၾကာဆုံးစံခ်ိန္လည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၉၀ မွာ အဲဗာတန္တုိက္စစ္မွဴး ရစ္ခ်ာလီဆန္ ထုတ္ပယ္ခံခဲ့ရၿပီး အဲဗာတန္နဲ႔ လီဗာပူးတို႔ရဲ႕မာေဆးဆုိက္ဒါဘီပြဲက ပရီးမီးယားလိဂ္သမုိင္းမွာ အနီကတ္အမ်ားဆုံးပြဲအျဖစ္ ၂၂ ႀကိမ္နဲ႔ စံခ်ိန္သစ္တင္ခဲ့သလုိ အဲဗာတန္က အနီကတ္ ၁၅ ႀကိမ္ျပသခံထားရရာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အသင္းတစ္သင္းနဲ႔ပြဲမွာ အနီကတ္အမ်ားဆုံးျပသခံရတဲ့အသင္းျဖစ္လာပါတယ္။