အငှားစာချုပ်သက်တမ်းပြည့်ခဲ့ပြီးနောက် ယူနိုက်တက် ပရိသတ်တွေကို ခံစားချက်အပြည့်နဲ့ နှုတ်ဆက်သွားခဲ့တဲ့ အီဂါလို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုဒီယွန် အီဂါလိုဟာ ယူနိုက်တက်နဲ့ အငှားသက်တမ်းကုန်ဆုံးပြီဖြစ်ကြောင်း လူမှုကွန်ရက်မှာ အတည်ပြုခဲ့ပြီးနောက် ဒူဘိုင်းကို ပြောင်းကစားဖို့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
အီဂါလိုဟာ ယခုလကုန်မှာ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းထံ ပြန်တော့မှာ ဖြစ်ပြီး ဒူဘိုင်းက ၁နှစ်လုပ်ခ ပေါင် ၇သန်းနဲ့ ကမ်းလှမ်းထားသလို မေဂျာလိဂ်နဲ့ ပရီးမီးယားလိဂ် ကလပ်တွေကိုလည်း ပြောင်းနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။


၃၁နှစ်သားဟာ ပြိုင်ပွဲစုံ ၂၃ပွဲမှာ ၅ဂိုးသွင်းခဲ့ပြီး ဈေးသက်သာပြီး အန္တရာယ်မများတဲ့ ခေါ်ယူမှု ဖြစ်ခဲ့ပေမဲ့ ကာဗာနီရောက်လာချိန်မှာတော့ လုံး၀ နေရာမရခဲ့ပါဘူး။ယူနိုက်တက်ကို ငယ်စဉ်ကတည်းက အားပေးခဲတဲ့ အီဂါလိုက “ဒီအိပ်မက်ကြီး အဆုံးသတ်သွားတာ ခံစားရခက်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက် ကစားသမားတစ်ယောက်အနေနဲ့ ဒီလို ရှည်လျားတဲ့ အိပ်မက်မျိုးကို ပိုင်ဆိုင်ခဲ့တာ ဘုရားသခင်က ကူညီခဲ့တာ ဖြစ်ပြီး ကျွန်တော် အမြဲ ဂုဏ်ယူ ဝမ်းမြောက်နေမယ့် အရာတစ်ခု ဖြစ်ပါတယ်”


“နည်းပြကိုလည်း ကျွန်တော်တို့ အများစု မယုံကြချိန်မှာ ယုံကြည်ပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော့်ရဲ့ အံ့အားသင့်စရာ အသင်းဖော်တွေကိုလည်း လွမ်းနေမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ ဒီနှစ် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းနေပါတယ်”

“ယူနိုက်တက်ပရိသတ်တွေကိုလည်း ကျွန်တော် လွမ်းနေမှာပါ။ ဒါပေမဲ့ အဝေးကနေလည်း ခင်ဗျားတို့ရဲ့ အားပေးသံ ကြားနိုင်တာပါတယ်။ ခင်ဗျားတို့ ကွင်းထဲ ပြန်လာကြည့်မယ့်အချိန်ကို မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်ကတော့ ယူနိုက်တက် ပရိသတ်အဖြစ် အမြဲထာဝရ ရှိနေမှာပါ။ မန်ချက်စတာယူနိုက်တက်ကို ကျေးဇူးတင်ပါတယ်”လို့ ရေးသားထားပါတယ်။


အီဂါလိုဟာ ယခုလအစောပိုင်းက မေဂျာလိဂ်မှာ ကစားချင်ကြောင်း ဝန်ခံထားတယ်လို့ Daily Mailက ဖော်ပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
အငွားစာခ်ဳပ္သက္တမ္းျပည့္ခဲ့ျပီးေနာက္ ယူႏိုက္တက္ ပရိသတ္ေတြကို ခံစားခ်က္အျပည့္နဲ႔ ႏႈတ္ဆက္သြားခဲ့တဲ့ အီဂါလုိ

======================
အိုဒီယြန္ အီဂါလိုဟာ ယူႏိုက္တက္နဲ႔ အငွားသက္တမ္းကုန္ဆံုးျပီျဖစ္ေၾကာင္း လူမႈကြန္ရက္မွာ အတည္ျပဳခဲ့ျပီးေနာက္ ဒူဘိုင္းကို ေျပာင္းကစားဖို႔ ေဆြးေႏြးေနျပီ ျဖစ္ပါတယ္။
အီဂါလိုဟာ ယခုလကုန္မွာ တရုတ္ကလပ္ ရွန္ဟိုင္းရွင္ဟြာအသင္းထံ ျပန္ေတာ့မွာ ျဖစ္ျပီး ဒူဘိုင္းက ၁ႏွစ္လုပ္ခ ေပါင္ ၇သန္းနဲ႔ ကမ္းလွမ္းထားသလို ေမဂ်ာလိဂ္နဲ႔ ပရီးမီးယားလိဂ္ ကလပ္ေတြကိုလည္း ေျပာင္းႏုိင္တဲ့ အေျခအေနမွာ ရွိေနပါတယ္။
၃၁ႏွစ္သားဟာ ျပိဳင္ပြဲစံု ၂၃ပဲြမွာ ၅ဂုိးသြင္းခဲ့ျပီး ေစ်းသက္သာျပီး အႏၱရာယ္မမ်ားတဲ့ ေခၚယူမႈ ျဖစ္ခဲ့ေပမဲ့ ကာဗာနီေရာက္လာခ်ိန္မွာေတာ့ လံုး၀ ေနရာမရခဲ့ပါဘူး။
ယူႏုိက္တက္ကို ငယ္စဥ္ကတည္းက အားေပးခဲတ့ဲ အီဂါလိုက “ဒီအိပ္မက္ၾကီး အဆံုးသတ္သြားတာ ခံစားရခက္ပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္ ကစားသမားတစ္ေယာက္အေနနဲ႔ ဒီလို ရွည္လ်ားတဲ့ အိပ္မက္မ်ိဳးကို ပုိင္ဆိုင္ခဲ့တာ ဘုရားသခင္က ကူညီခဲ့တာ ျဖစ္ျပီး ကြ်န္ေတာ္ အျမဲ ဂုဏ္ယူ ၀မ္းေျမာက္ေနမယ့္ အရာတစ္ခု ျဖစ္ပါတယ္”

“နည္းျပကိုလည္း ကြ်န္ေတာ္တို႔ အမ်ားစု မယံုၾကခ်ိန္မွာ ယံုၾကည္ေပးခဲ့လို႔ ေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္။ ကြ်န္ေတာ့္ရဲ႕ အံ့အားသင့္စရာ အသင္းေဖာ္ေတြကိုလည္း လြမ္းေနမွာျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္။ ကြ်န္ေတာ္တုိ႔ ဒီႏွစ္ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလား ဆြတ္ခူးႏိုင္ပါေစလို႔ ဆုေတာင္းေနပါတယ္”
“ယူႏိုက္တက္ပရိသတ္ေတြကိုလည္း ကြ်န္ေတာ္ လြမ္းေနမွာပါ။ ဒါေပမဲ့ အေ၀းကေနလည္း ခင္ဗ်ားတို႔ရဲ႕ အားေပးသံ ၾကားႏိုင္တာပါတယ္။ ခင္ဗ်ားတို႔ ကြင္းထဲ ျပန္လာၾကည့္မယ့္အခ်ိန္ကို မေစာင့္ႏို္င္ေတာ့ပါဘူး။ ကြ်န္ေတာ္ကေတာ့ ယူႏိုက္တက္ ပရိသတ္အျဖစ္ အျမဲထာ၀ရ ရွိေနမွာပါ။ မန္ခ်က္စတာယူႏိုက္တက္ကို ေက်းဇူးတင္ပါတယ္”လို႔ ေရးသားထားပါတယ္။
အီဂါလိုဟာ ယခုလအေစာပိုင္းက ေမဂ်ာလိဂ္မွာ ကစားခ်င္ေၾကာင္း ၀န္ခံထားတယ္လို႔ Daily Mailက ေဖာ္ျပခဲ့ပါတယ္။