အစဉ်အလာတွေအရ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ (၈၀%)သေချာနေတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ပြိုင်ပွဲ နောက်ဆုံး (၁၀)နှစ်အတွင်း အစဉ်အလာမှတ်တမ်းတွေအရ အခုလောလောဆယ် အမှတ်ပေးဇယား အဆင့်(၁)နေရာမှာ ဦးဆောင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ (၈၀%)အထိ သေချာနေပါပြီ။ ယူနိုက်တက်အသင်းဟာ အင်္ဂါနေ့က ကစားခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် (၁၇)ပွဲကစားအပြီး ရမှတ်(၃၆)မှတ်နဲ့ ဒုတိယနေရာက လီဗာပူးလ်အသင်းကို (၃)မှတ်ဖြတ် ဦးဆောင်နေပါတယ်။

အသင်းဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၂-၁၃ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးရယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာတော့ (၈)နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ဖို့အတွက် အခြေအနေကောင်းနေပါပြီ။ နောက်တစ်ချက်ကလည်း နောက်ဆုံး (၁၀)နှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ မှတ်တမ်းတစ်ခုကြောင့် ယူနိုက်တက်အသင်းရဲ့ ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်က ပိုအားကောင်းနေတာဖြစ်ပါတယ်။ အဲဒါကတော့ ၂၀၁၁ ခုနှစ်ကစလို့ ပွဲစဉ်(၁၇)အပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့အသင်းတွေထဲက (၈)သင်းဟာ ရာသီကုန်ရင် ချန်ပီယံဖြစ်ခဲ့တာကြောင့် ယူနိုက်တက်အသင်းလည်း အဲဒီလိုစွမ်းဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

အဲဒီနှစ်တွေအတွင်း အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တဲ့ ယူနိုက်တက်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ လက်စတာနဲ့ လီဗာပူးလ်အသင်းတို့ဟာ ရာသီကုန်မှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့(၁၀)နှစ်အတွင်း ပွဲစဉ်(၁၇)အပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ပြီးမှ ရာသီကုန်မှာ ချန်ပီယံမဖြစ်ခဲ့တာက လီဗာပူးလ်အသင်းဖြစ်ပြီး ၂၀၁၃-၁၄ ရာသီမှာ မန်စီးတီး၊ ၂၀၁၈-၁၉ ရာသီမှာလည်း မန်စီးတီးကပဲ သူတို့ကို ကျော်ဖြတ်ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၉-၂၀ ရာသီမှာတော့ လီဗာပူးလ်အသင်းဟာ (၁၇)ပွဲကစားအပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သလို သူတို့အသင်းရဲ့ ကျိန်စာဆိုးလို့ သတ်မှတ်ရမယ့် ပရီးမီးယားလိဂ်ဖလားကိုပါ အရယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၁၀-၁၁၊ ၂၀၁၂-၁၃ ရာသီတွေမှာ ပွဲစဉ်(၁၇)အပြီး အမှတ်ပေးဇယားကို ဦးဆောင်ခဲ့သလို ရာသီကုန်မှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ သတိထားရမယ့်အချက်ကတော့ ၂၀၁၃-၁၄ ရာသီတုန်းက ပွဲစဉ်(၁၇)အပြီးမှာ အဆင့်(၁)နေရာ ရပ်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အခု ယူနိုက်တက်အသင်းလိုပဲ ရမှတ်(၃၆)မှတ်နဲ့ ဦးဆောင်ခဲ့တာဖြစ်ပြီး ရာသီကုန်မှာတော့ အဆင့်(၂)နေရာနဲ့သာ ကျေနပ်ခဲ့ရတာပဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အခုလာမယ့် တနင်္ဂနွေနေ့ကျရင် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ လီဗာပူးလ်အသင်းနဲ့ အန်ဖီးလ်မှာ ပွဲကျပ်ကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ အနိုင်ရခဲ့ရင်တော့ သူတို့ရဲ့ အဓိကပြိုင်ဘက်ကို (၆)မှတ်အထိ ဖြတ်ထားနိုင်မှာပါ။ (၈)ရာသီအတွင်း ပွဲစဉ်(၁၇)အပြီး အမှတ်ပေးဇယား အဆင့်(၁)နေရာကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့တဲ့ ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်အစဉ်အလာကောင်းအတိုင်း ရာသီကုန်မှာ ဗိုလ်စွဲနိုင်မလား၊ ဒါမှမဟုတ် ခြေချော်လက်ချော်ဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ေနာက္ဆုံး (၁၀)ႏွစ္အတြင္း အစဥ္အလာမွတ္တမ္းေတြအရ အခုေလာေလာဆယ္ အမွတ္ေပးဇယား အဆင့္(၁)ေနရာမွာ ဦးေဆာင္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ (၈၀%)အထိ ေသခ်ာေနပါၿပီ။ ယူႏိုက္တက္အသင္းဟာ အဂၤါေန႔က ကစားခဲ့တဲ့ ဘန္ေလနဲ႔ပြဲမွာ (၁-ဝ)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ (၁၇)ပြဲကစားအၿပီး ရမွတ္(၃၆)မွတ္နဲ႔ ဒုတိယေနရာက လီဗာပူးလ္အသင္းကို (၃)မွတ္ျဖတ္ ဦးေဆာင္ေနပါတယ္။ အသင္းဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္ရဲ႕ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၁၂-၁၃ရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ေနာက္ဆုံးရယူႏိုင္ခဲ့တဲ့ ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာေတာ့ (၈)ႏွစ္ၾကာေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလား ရယူႏိုင္ဖို႔အတြက္ အေျခအေနေကာင္းေနပါၿပီ။

ေနာက္တစ္ခ်က္ကလည္း ေနာက္ဆုံး (၁၀)ႏွစ္အတြင္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ မွတ္တမ္းတစ္ခုေၾကာင့္ ယူႏိုက္တက္အသင္းရဲ႕ ခ်န္ပီယံျဖစ္ေရးေမွ်ာ္လင့္ခ်က္က ပိုအားေကာင္းေနတာျဖစ္ပါတယ္။ အဲဒါကေတာ့ ၂၀၁၁ ခုႏွစ္ကစလို႔ ပြဲစဥ္(၁၇)အၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္တဲ့အသင္းေတြထဲက (၈)သင္းဟာ ရာသီကုန္ရင္ ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းလည္း အဲဒီလိုစြမ္းေဆာင္ႏိုင္မလားဆိုတာ စိတ္ဝင္စားစရာပါပဲ။ အဲဒီႏွစ္ေတြအတြင္း အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့တဲ့ ယူႏိုက္တက္၊ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ လက္စတာနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ရာသီကုန္မွာ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့(၁၀)ႏွစ္အတြင္း ပြဲစဥ္(၁၇)အၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ၿပီးမွ ရာသီကုန္မွာ ခ်န္ပီယံမျဖစ္ခဲ့တာက လီဗာပူးလ္အသင္းျဖစ္ၿပီး ၂၀၁၃-၁၄ ရာသီမွာ မန္စီးတီး၊ ၂၀၁၈-၁၉ ရာသီမွာလည္း မန္စီးတီးကပဲ သူတို႔ကို ေက်ာ္ျဖတ္ဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ၂၀၁၉-၂၀ ရာသီမွာေတာ့ လီဗာပူးလ္အသင္းဟာ (၁၇)ပြဲကစားအၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့သလို သူတို႔အသင္းရဲ႕ က်ိန္စာဆိုးလို႔ သတ္မွတ္ရမယ့္ ပရီးမီးယားလိဂ္ဖလားကိုပါ အရယူႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၂၀၁၀-၁၁၊ ၂၀၁၂-၁၃ ရာသီေတြမွာ ပြဲစဥ္(၁၇)အၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ခဲ့သလို ရာသီကုန္မွာ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ သတိထားရမယ့္အခ်က္ကေတာ့ ၂၀၁၃-၁၄ ရာသီတုန္းက ပြဲစဥ္(၁၇)အၿပီးမွာ အဆင့္(၁)ေနရာ ရပ္ခဲ့တဲ့ လီဗာပူးလ္အသင္းဟာ အခု ယူႏိုက္တက္အသင္းလိုပဲ ရမွတ္(၃၆)မွတ္နဲ႔ ဦးေဆာင္ခဲ့တာျဖစ္ၿပီး ရာသီကုန္မွာေတာ့ အဆင့္(၂)ေနရာနဲ႔သာ ေက်နပ္ခဲ့ရတာပဲျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ အခုလာမယ့္ တနဂၤေႏြေန႔က်ရင္ ခ်န္ပီယံဆုအတြက္ အၿပိဳင္ျဖစ္ေနတဲ့ လီဗာပူးလ္အသင္းနဲ႔ အန္ဖီးလ္မွာ ပြဲက်ပ္ကစားရမွာျဖစ္ၿပီး အဲဒီပြဲမွာ အႏိုင္ရခဲ့ရင္ေတာ့ သူတို႔ရဲ႕ အဓိကၿပိဳင္ဘက္ကို (၆)မွတ္အထိ ျဖတ္ထားႏိုင္မွာပါ။ (၈)ရာသီအတြင္း ပြဲစဥ္(၁၇)အၿပီး အမွတ္ေပးဇယား အဆင့္(၁)ေနရာကို ပထမဆုံးအႀကိမ္ေရာက္ရွိခဲ့တဲ့ ယူႏိုက္တက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္အစဥ္အလာေကာင္းအတိုင္း ရာသီကုန္မွာ ဗိုလ္စြဲႏိုင္မလား၊ ဒါမွမဟုတ္ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္မလားဆိုတာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။