
ဖီအိုရင်တီးနား – ဆက်ဆူအိုလို
ကိုပါအီတာလီယာမှာ နောက်တစ်ဆင့်တက်သွားသလို စီးရီးအေမှာလည်း
ဖီအိုရင်တီးနား နိုင်ပွဲဆက်နေတယ်။ အိမ်ကွင်း ၅ပွဲဆက်နိုင်ခဲ့ရာမှာ
တစ်ပွဲအနည်းဆုံး ၃ဂိုး သွင်းနိုင်ခဲ့တဲ့တိုက်စစ်က ကြောက်ခမန်းလိလိပါပဲ။
ဒီ ရာသီ ၁၇ပွဲမှာ ၁၅ဂိုးသွင်းထားတဲ့ဗလာဟိုဗစ်ကလည်း ပွဲတိုင်းနီးပါး
ဂိုးသွင်းနေတာပါ။ ဆက်ဆူအိုလိုကလည်း ခေသူတော့မဟုတ်ပါဘူး။
လာဇီယိုကို ပူပူနွေးနွေး နိုင် ထားသလို နောက်ဆုံး ၁၀ပွဲမှာလည်း ၂ပွဲသာရှုံးခဲ့တာ ပါ။
အဲဒီ ၁၀ပွဲမှာ တစ်ဂိုးထက်ပိုသွင်းနိုင်တာ ၉ပွဲရှိခဲ့တဲ့ တိုက်စစ်ကလည်း
ဘယ်အသင်းကိုမှ ဗိုလ်မထားပါဘူး။ ၂သင်းပေါင်း အနိမ့်ဆုံး ၃ဂိုးထွက်နိုင်တာမို့
ပြားစွန်းရင်း ပြီး ဂိုးအပေါ်ရွေးရမှာပါ။
ရွေးချယ်မှု – ဂိုးအပေါ်
စပီဇီယာ – အမ်ပိုလီ
ဒီပွဲကိုတော့ သတိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ စပီဇီယာ
အရမ်းညံ့နေတာတောင် အမ်ပိုလီက =၂၀ပဲအကျောပေးထားရလို့ပါ။
ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲမှာ ၅ပွဲရှုံး၊ ၄ပွဲဂိုးမသွင်းနိုင်တဲ့အသင်းကို နောက်ဆုံး ၅ပွဲမှာ
၄ပွဲနိုင်ခဲ့တဲ့အသင်းက ပြားစွန်းပဲပေးထားရတာ ပါးလွန်းပါတယ်။
စပီဇီယာကွင်းဖြစ်ပေမယ့် အမ်ပိုလီ =၇၀/ =၈၀ လောက်ပေးသင့်တာပါ။
ဆလာနီတာနာ နဲ့ တိုရီနိုကိုနိုင်၊ ဆက်ဆူအိုလိုနဲ့ ဂျီနိုအာကို သရေက စားခဲ့တဲ့
စပီဇီယာရဲ့အိမ်ကွင်းစွမ်းဆောင်ရည်ကလည်း အညံ့ကြီးမဟုတ်ပါဘူး။
မခံချင်စိတ်နဲ့ တိုက်ပွဲဝင်မယ့် စပီဇီယာ သရေလောက်ရသွားနိုင်ပါတယ်။
ရွေးချယ်မှု – စပီဇီယာ
ဆမ်ဒိုးရီးယား – ဗီနီဇီယာ
ဆမ်ဒိုးရီးယား ဒီလောက်ဂိုးပေါ်နေတာတောင် ဂိုးပေါင်း ဈေး ၂-၁၀၀ ပဲဖွင့်ထားတာ
သံသယဝင်စရာပါ။ ဆမ်ဒိုး ရီးယားရဲ့ ဒီရာသီ ပြိုင်ပွဲစုံ ၁၉ပွဲမှာ ၂သင်းပေါင်း ၃ဂိုးနဲ့
အထက်ဖြစ်ခဲ့တာ ၁၆ပွဲတောင်ပါခဲ့တာမို့ ဒီပွဲမှာ ၃+၅၀ လောက်ဖွင့်သင့်တာပါ။
ဗီနီဇီယာကလည်း အဝေးကွင်း ဆိုရင် ခံစစ်ကိုပိုအာရုံစိုက်လေ့ရှိတာမို့
နောက်ဆုံး ၇ပွဲ မှာ တစ်ဂိုးထက်ပိုပေးရတာ ၃ပွဲသာရှိခဲ့ပါတယ်။
ဂျူဗင် တပ်ကို ၁-၁ ခံကစားခဲ့တဲ့ ဗီနီဇီယာခံစစ်က ဆမ်ဒိုးရီး ယားတိုက်စစ်ကိုလည်း
ဂိုးအများကြီးပေးရဖို့မရှိပါဘူး။ ဂိုးအောက်နဲ့စွန့်စားသင့်တယ်။
ရွေးချယ်မှု – ဂိုးအောက်
တိုရီနို – ဗီရိုနာ
ကိုပါအီတာလီယာက ထွက်ခဲ့ရပေမယ့် စီးရီးအေမှာ တော့ တိုရီနို ၃ပွဲဆက်
ရှုံးပွဲမရှိခဲ့ပါဘူး။ အိမ်ကွင်းမှာ လည်း တိုရီနိုခြေမှန်နေပြီး နောက်ဆုံး ၅ပွဲမှာဆိုရင်
အမ်ပိုလီနဲ့ သရေကျခဲ့တာကလွဲပြီး ကျန် ၄ပွဲလုံးနိုင် ခဲ့ပါတယ်။ အဲဒီ ၅ပွဲလုံး
တစ်ပွဲအနည်းဆုံး ၂ဂိုးသွင်း နိုင်ခဲ့တာပါ။ ဗီရိုနာကတော့ခြေပြန်ကျသွားပါတယ်။
ကိုပါအီတာလီယာကထွက်ရသလို စီးရီးအေနောက် ဆုံး ၄ပွဲမှာလည်း
၁ပွဲသာနိုင်ခဲ့ပါတယ်။ ဗီရိုနာရဲ့ ဒီ ရာသီအဝေးကွင်းရလဒ်တွေကလည်း
အားရစရာမ ရှိဘဲ နိုင်ပွဲ ၁ပွဲသာရှိသလို ပွဲတိုင်းလည်းဂိုးပေးခဲ့ရ တာပါ။
သရေတစ်ပေါက်ကြောက်ရပေမယ့် တိုရီနို အိမ်ကွင်းနိုင်ပွဲဆက်မယ်လို့ထင်ပါတယ်။
ရွေးချယ်မှု – တိုရီနို
အေစီမီလန် – နာပိုလီ
၂သင်းစလုံး ခြေစွမ်းယိမ်းယိုင်သွားပါတယ်။ အေစီမီ လန်က ပြိုင်ပွဲစုံ
နောက်ဆုံးအိမ်ကွင်း ၅ပွဲမှာ ၁ပွဲသာ နိုင်ခဲ့သလို နာပိုလီကလည်း
ပြိုင်ပွဲစုံနောက်ဆုံး ၈ပွဲ မှာ ၂ပွဲပဲနိုင်ခဲ့တဲ့အထိ အခြေအနေဆိုးသွားခဲ့တာပါ။
နာပိုလီဟာ ဒဏ်ရာပြဿနာတွေနဲ့လည်း နပန်းလုံး နေရပြီး အိုဆင်ဟန်၊
ကူလီဘာလီ၊ အင်ဆစ်ဂ်နီ၊ ဖေ ဘီယန်ရုဇ်တို့အားလုံး ဒီပွဲကိုလွဲမှာပါ။
အေစီမီလန်က လည်း ဂိုးရဖို့အတွက် မိုဗစ်ကိုသာ အဓိကမှီခိုနေရဆဲ ဖြစ်ပါတယ်။
နာပိုလီကိုဧည့်ခံခဲ့တဲ့ စီးရီးအေအိမ်ကွင်း ၆ပွဲဆက်လည်း အေစီမီလန်နိုင်ပွဲမရခဲ့ပါဘူး။
နာပိုလီ သရေတစ်မှတ်ရမယ်လို့ထင်ပါတယ်။
ရွေးချယ်မှု – နာပိုလီ
zawgyi
အေစာဆုံးပြဲ ဂိုးအေပၚ၊ ေအစီမီလန္ကြင္း ၆ပြဲဆက္ရႈံးပြဲမရွိတဲ့ နာပိုလီ သေရရႏိုင္ အေျဖရွာၾကည့္မိတဲ့ တနဂၤေႏြည စီးရီးေအ အေမးပုစာၦ (ေကာင္းပိုင္)
ဖီအိုရင္တီးနား ဆက္ဆူအိုလို
ကိုပါအီတာလီယာမွာ ေနာက္တစ္ဆင့္တက္သြားသလို စီးရီးေအမွာလည္း
ဖီအိုရင္တီးနား ႏိုင္ပြဲဆက္ေနတယ္။ အိမ္ကြင္း ၅ပြဲဆက္ႏိုင္ခဲ့ရာမွာ
တစ္ပြဲအနည္းဆုံး ၃ဂိုး သြင္းႏိုင္ခဲ့တဲ့တိုက္စစ္က ေၾကာက္ခမန္းလိလိပါပဲ။
ဒီ ရာသီ ၁၇ပြဲမွာ ၁၅ဂိုးသြင္းထားတဲ့ဗလာဟိုဗစ္ကလည္း ပြဲတိုင္းနီးပါး
ဂိုးသြင္းေနတာပါ။ ဆက္ဆူအိုလိုကလည္း ေခသူေတာ့မဟုတ္ပါဘူး။
လာဇီယိုကို ပူပူေႏြးေႏြး ႏိုင္ ထားသလို ေနာက္ဆုံး ၁၀ပြဲမွာလည္း ၂ပြဲသာရႈံးခဲ့တာ ပါ။
အဲဒီ ၁၀ပြဲမွာ တစ္ဂိုးထက္ပိုသြင္းႏိုင္တာ ၉ပြဲရွိခဲ့တဲ့ တိုက္စစ္ကလည္း
ဘယ္အသင္းကိုမွ ဗိုလ္မထားပါဘူး။ ၂သင္းေပါင္း အနိမ့္ဆုံး ၃ဂိုးထြက္ႏိုင္တာမို႔
ျပားစြန္းရင္း ၿပီး ဂိုးအေပၚေ႐ြးရမွာပါ။
ေ႐ြးခ်ယ္မႈ – ဂိုးအေပၚ
စပီဇီယာ အမ္ပိုလီ
ဒီပြဲကိုေတာ့ သတိထားသင့္ပါတယ္။ ဘာျဖစ္လို႔လဲဆို ေတာ့ စပီဇီယာ
အရမ္းညံ့ေနတာေတာင္ အမ္ပိုလီက =၂၀ပဲအေက်ာေပးထားရလို႔ပါ။
ၿပိဳင္ပြဲစုံေနာက္ဆုံး ၆ ပြဲမွာ ၅ပြဲရႈံး၊ ၄ပြဲဂိုးမသြင္းႏိုင္တဲ့အသင္းကို ေနာက္ဆုံး ၅ပြဲမွာ
၄ပြဲႏိုင္ခဲ့တဲ့အသင္းက ျပားစြန္းပဲေပးထားရတာ ပါးလြန္းပါတယ္။
စပီဇီယာကြင္းျဖစ္ေပမယ့္ အမ္ပိုလီ =၇၀/ =၈၀ ေလာက္ေပးသင့္တာပါ။
ဆလာနီတာနာ နဲ႔ တိုရီႏိုကိုႏိုင္၊ ဆက္ဆူအိုလိုနဲ႔ ဂ်ီႏိုအာကို သေရက စားခဲ့တဲ့
စပီဇီယာရဲ႕အိမ္ကြင္းစြမ္းေဆာင္ရည္ကလည္း အညံ့ႀကီးမဟုတ္ပါဘူး။
မခံခ်င္စိတ္နဲ႔ တိုက္ပြဲဝင္မယ့္ စပီဇီယာ သေရေလာက္ရသြားႏိုင္ပါတယ္။
ေ႐ြးခ်ယ္မႈ – စပီဇီယာ
ဆမ္ဒိုးရီးယား ဗီနီဇီယာ
ဆမ္ဒိုးရီးယား ဒီေလာက္ဂိုးေပၚေနတာေတာင္ ဂိုးေပါင္း ေဈး ၂-၁၀၀ ပဲဖြင့္ထားတာ
သံသယဝင္စရာပါ။ ဆမ္ဒိုး ရီးယားရဲ႕ ဒီရာသီ ၿပိဳင္ပြဲစုံ ၁၉ပြဲမွာ ၂သင္းေပါင္း ၃ဂိုးနဲ႔
အထက္ျဖစ္ခဲ့တာ ၁၆ပြဲေတာင္ပါခဲ့တာမို႔ ဒီပြဲမွာ ၃+၅၀ ေလာက္ဖြင့္သင့္တာပါ။
ဗီနီဇီယာကလည္း အေဝးကြင္း ဆိုရင္ ခံစစ္ကိုပိုအာ႐ုံစိုက္ေလ့ရွိတာမို႔
ေနာက္ဆုံး ၇ပြဲ မွာ တစ္ဂိုးထက္ပိုေပးရတာ ၃ပြဲသာရွိခဲ့ပါတယ္။
ဂ်ဴဗင္ တပ္ကို ၁-၁ ခံကစားခဲ့တဲ့ ဗီနီဇီယာခံစစ္က ဆမ္ဒိုးရီး ယားတိုက္စစ္ကိုလည္း
ဂိုးအမ်ားႀကီးေပးရဖို႔မရွိပါဘူး။ ဂိုးေအာက္နဲ႔စြန႔္စားသင့္တယ္။
ေ႐ြးခ်ယ္မႈ – ဂိုးေအာက္
တိုရီႏို ဗီ႐ိုနာ
ကိုပါအီတာလီယာက ထြက္ခဲ့ရေပမယ့္ စီးရီးေအမွာ ေတာ့ တိုရီႏို ၃ပြဲဆက္
ရႈံးပြဲမရွိခဲ့ပါဘူး။ အိမ္ကြင္းမွာ လည္း တိုရီႏိုေျခမွန္ေနၿပီး ေနာက္ဆုံး ၅ပြဲမွာဆိုရင္
အမ္ပိုလီနဲ႔ သေရက်ခဲ့တာကလြဲၿပီး က်န္ ၄ပြဲလုံးႏိုင္ ခဲ့ပါတယ္။ အဲဒီ ၅ပြဲလုံး
တစ္ပြဲအနည္းဆုံး ၂ဂိုးသြင္း ႏိုင္ခဲ့တာပါ။ ဗီ႐ိုနာကေတာ့ေျချပန္က်သြားပါတယ္။
ကိုပါအီတာလီယာကထြက္ရသလို စီးရီးေအေနာက္ ဆုံး ၄ပြဲမွာလည္း
၁ပြဲသာႏိုင္ခဲ့ပါတယ္။ ဗီ႐ိုနာရဲ႕ ဒီ ရာသီအေဝးကြင္းရလဒ္ေတြကလည္း
အားရစရာမ ရွိဘဲ ႏိုင္ပြဲ ၁ပြဲသာရွိသလို ပြဲတိုင္းလည္းဂိုးေပးခဲ့ရ တာပါ။
သေရတစ္ေပါက္ေၾကာက္ရေပမယ့္ တိုရီႏို အိမ္ကြင္းႏိုင္ပြဲဆက္မယ္လို႔ထင္ပါတယ္။
ေ႐ြးခ်ယ္မႈ – တိုရီႏို
ေအစီမီလန္ နာပိုလီ
၂သင္းစလုံး ေျခစြမ္းယိမ္းယိုင္သြားပါတယ္။ ေအစီမီ လန္က ၿပိဳင္ပြဲစုံ
ေနာက္ဆုံးအိမ္ကြင္း ၅ပြဲမွာ ၁ပြဲသာ ႏိုင္ခဲ့သလို နာပိုလီကလည္း
ၿပိဳင္ပြဲစုံေနာက္ဆုံး ၈ပြဲ မွာ ၂ပြဲပဲႏိုင္ခဲ့တဲ့အထိ အေျခအေနဆိုးသြားခဲ့တာပါ။
နာပိုလီဟာ ဒဏ္ရာျပႆနာေတြနဲ႔လည္း နပန္းလုံး ေနရၿပီး အိုဆင္ဟန္၊
ကူလီဘာလီ၊ အင္ဆစ္ဂ္နီ၊ ေဖ ဘီယန္႐ုဇ္တို႔အားလုံး ဒီပြဲကိုလြဲမွာပါ။
ေအစီမီလန္က လည္း ဂိုးရဖို႔အတြက္ မိုဗစ္ကိုသာ အဓိကမွီခိုေနရဆဲ ျဖစ္ပါတယ္။
နာပိုလီကိုဧည့္ခံခဲ့တဲ့ စီးရီးေအအိမ္ကြင္း ၆ပြဲဆက္လည္း ေအစီမီလန္ႏိုင္ပြဲမရခဲ့ပါဘူး။
နာပိုလီ သေရတစ္မွတ္ရမယ္လို႔ထင္ပါတယ္။
ေ႐ြးခ်ယ္မႈ – နာပိုလီ