
အင်္ဂလန်အသင်းဟာဟန်ဂရီအသင်းနှင့်သရေကျခဲ့မှုနဲ့အတူဖီဖာရဲ့
အောက်တိုဘာလအတွက်ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်
အဆင့်၅သို့ကျဆင်းလတော့မှာဖြစ်ပါတယ်။ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာ
ပြီးခဲ့တဲ့လတုန်းကသမိုင်းတစ်လျှောက်ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်
အမြင့်ဆုံးအဆင့်အဖြစ် အဆင့်၃နေရာသို့အထိတက်လှမ်းနိုင်ခဲ့ပါတယ်။
ဖီဖာအဆင့်သတ်မှတ်ချက်အဆင့်၃နေရာကိုနေးရှင်းလိဂ်ချန်ပီယံပြင်သစ်အသင်းက
ရယူလာမှာဖြစ်ပြီးအဆင့်၄နေရာကိုယူရိုချန်ပီယံအီတလီကရယူလာပါမယ်။
ဖီဖာကမ္ဘာ့အဆင့်၁နေရာကိုသုံးနှစ်ကျော်ကြာရယူလာခဲ့တဲ့ဘယ်လ်ဂျီယံဟာ
ပြင်သစ်နှင့်အီတလီတို့ကိုဆက်တိုက်ရှုံးနိမ့်ပေမယ့်နေရာကိုဆက်လက်ရယူလာပါဦးမယ်။
အင်္ဂလန်အသင်းဟာလာမယ့်လတွင်အယ်ဘေးနီးယား၊ဆန်မာရီနိုတို့နှင့်
ရင်ဆိုင်ကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲနှစ်ပွဲမှဖီဖာအဆင့်
အတွက်ရမှတ်အမြင့်ဆုံးအဖြစ် ၅မှတ်ရယူနိုင်ပါမယ်။
အင်္ဂလန်အနေဖြင့်ဖီဖာအဆင့်အတွက်၄မှတ်ရယူနိုင်မည်ဆိုပါက
၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ဦးစားပေးဆီဒင်ရရှိဖို့သေချာလာပါမယ်။
zawgyi
အဆင့္ ၅ ေနရာသို႔ ထိုးက်ေတာ့မယ့္ အဂၤလန္
အဂၤလန္အသင္းဟာဟန္ဂရီအသင္းႏွင့္သေရက်ခဲ့မႈနဲ႔အတူဖီဖာရဲ႕
ေအာက္တိုဘာလအတြက္ဖီဖာကမာၻ႔အဆင့္သတ္မွတ္ခ်က္တြင္
အဆင့္၅သို႔က်ဆင္းလေတာ့မွာျဖစ္ပါတယ္။ ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာ
ၿပီးခဲ့တဲ့လတုန္းကသမိုင္းတစ္ေလွ်ာက္ဖီဖာကမာၻ႔အဆင့္သတ္မွတ္ခ်က္တြင္
အျမင့္ဆုံးအဆင့္အျဖစ္ အဆင့္၃ေနရာသို႔အထိတက္လွမ္းႏိုင္ခဲ့ပါတယ္။
ဖီဖာအဆင့္သတ္မွတ္ခ်က္အဆင့္၃ေနရာကိုေနးရွင္းလိဂ္ခ်န္ပီယံျပင္သစ္အသင္းက
ရယူလာမွာျဖစ္ၿပီးအဆင့္၄ေနရာကိုယူ႐ိုခ်န္ပီယံအီတလီကရယူလာပါမယ္။
ဖီဖာကမာၻ႔အဆင့္၁ေနရာကိုသုံးႏွစ္ေက်ာ္ၾကာရယူလာခဲ့တဲ့ဘယ္လ္ဂ်ီယံဟာ
ျပင္သစ္ႏွင့္အီတလီတို႔ကိုဆက္တိုက္ရႈံးနိမ့္ေပမယ့္ေနရာကိုဆက္လက္ရယူလာပါဦးမယ္။
အဂၤလန္အသင္းဟာလာမယ့္လတြင္အယ္ေဘးနီးယား၊ဆန္မာရီႏိုတို႔ႏွင့္
ရင္ဆိုင္ကစားရမယ့္ကမာၻ႔ဖလားေျခစစ္ပြဲေနာက္ဆုံးပြဲႏွစ္ပြဲမွဖီဖာအဆင့္
အတြက္ရမွတ္အျမင့္ဆုံးအျဖစ္ ၅မွတ္ရယူႏိုင္ပါမယ္။
အဂၤလန္အေနျဖင့္ဖီဖာအဆင့္အတြက္၄မွတ္ရယူႏိုင္မည္ဆိုပါက
၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ဦးစားေပးဆီဒင္ရရွိဖို႔ေသခ်ာလာပါမယ္။