အဆိုးရွားဆုံးဖလားလက်မဲ့ကာလနဲ့ရင်ဆိုင်နေရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ

အက်သလက်တီကိုအသင်းကို နှစ်ကျော့ပေါင်း(၂-၁)ဂိုးရလဒ်နဲ့ရှုံးနိမ့်ပြီး

ပြိုင်ပွဲကထွက်ခဲ့ရတာကြောင့် ဒီရာသီမှာ ဖလားလက်မဲ့ဖြစ်ဖို့သေချာသွားပါပြီ။

ယူနိုက်တက်အသင်းအနေနဲ့ ပထမအကျော့တုန်းက အဝေးကွင်းမှာ

(၁-၁)ဂိုးစီသရေကျခဲ့တဲ့အတွက် အိမ်ကွင်းပွဲမှာဂိုးမရှိသရေကစားနိုင်ရုံနဲ့

ကွာတားဖိုင်နယ်တက်မှာဖြစ်ပေမယ့် (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့လို့

နောက်ဆုံးဆုဖလားမျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကိုလည်း

လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြည်တွင်းဖလားပြိုင်ပွဲတွေဖြစ်တဲ့ FA ဖလား၊

လိဂ်ဖလားပြိုင်ပွဲတွေမှာ စတုတ္ထအဆင့်၊ တတိယအဆင့်တွေနဲ့ထွက်ခဲ့ရပြီး

ပရီးမီးယားလိဂ်ဖလားရဖို့ကလည်း ရာသီအစပိုင်းလောက်ကတည်းက

မျှော်လင့်ချက်မရှိတော့တဲ့အတွက် ဖလားလက်မဲ့ နောက်တစ်ရာသီနဲ့ရင်ဆိုင်ရမှာပါ။

ယူနိုက်တက်အသင်းဟာ နည်းပြဟောင်းမော်ရင်ဟိုလက်ထက်က

၂၀၁၇ ခုနှစ်မှာ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေရယူခဲ့ပြီးနောက်ပိုင်း

ဖလားလက်မဲ့ဖြစ်နေပြီး ၂၀၁၇၊ မေလကတည်းက အခုအချိန်အထိ

(၄)နှစ်နဲ့(၈)လအထိကြာမြင့်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ၁၉၇၇ ခုနှစ်တုန်းက FA ဖလားဆွတ်ခူးခဲ့ပြီးနောက်ပိုင်း

နောက်ထပ်ဖလားကိုင်မြှောက်ခွင့်ရဖို့ (၅)နှစ်နဲ့(၁၀)လကြာစောင့်ဆိုင်းခဲ့ရပြီး

၁၉၈၃ ခုနှစ်မှ ဆုဖလားအောင်မြင်မှုအဖြစ် FA ဖလားကိုပဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခုဆိုရင် ယူနိုက်တက်အသင်းဟာ နှစ်ပေါင်း(၄၀)နီးပါးအတွင်း

အဆိုးရွားဆုံးဖလားလက်မဲ့အနေအထားနဲ့ရင်ဆိုင်နေရတာဖြစ်ပြီး

သူတို့ရဲ့စံချိန်ဟောင်းကို ပြန်လည်ပိုင်ဆိုင်ဖို့ရှိနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့

လာမယ့်ရာသီကျရင် ဗိုလ်လုပွဲတွေထဲမှာအစောဆုံးကစားမယ့်

လိဂ်ဖလားဗိုလ်လုပွဲက ၂၀၂၃၊ ဖေဖော်ဝါရီလကုန်ပိုင်းမှကစားမှာဖြစ်လို့

ယူနိုက်တက်အသင်း လာမယ့်ရာသီလိဂ်ဖလားချန်ပီယံဖြစ်ခဲ့ရင်တောင်

ဖလားလက်မဲ့ကာလက(၅)နှစ်နဲ့(၁၀)လအထိကြာမြင့်မှာဖြစ်တာကြောင့်

သူတို့ရဲ့စံချိန်ဆိုးကို ပြန်လည်ပိုင်ဆိုင်မှာပဲဖြစ်ပါတယ်။

zawgyi

အဆိုး႐ြားဆုံးဖလားလက္မဲ့ကာလနဲ႔ရင္ဆိုင္ေနရတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာ

အက္သလက္တီကိုအသင္းကို ႏွစ္ေက်ာ့ေပါင္း(၂-၁)ဂိုးရလဒ္နဲ႔ရႈံးနိမ့္ၿပီး

ၿပိဳင္ပြဲကထြက္ခဲ့ရတာေၾကာင့္ ဒီရာသီမွာ ဖလားလက္မဲ့ျဖစ္ဖို႔ေသခ်ာသြားပါၿပီ။

ယူႏိုက္တက္အသင္းအေနနဲ႔ ပထမအေက်ာ့တုန္းက အေဝးကြင္းမွာ

(၁-၁)ဂိုးစီသေရက်ခဲ့တဲ့အတြက္ အိမ္ကြင္းပြဲမွာဂိုးမရွိသေရကစားႏိုင္႐ုံနဲ႔

ကြာတားဖိုင္နယ္တက္မွာျဖစ္ေပမယ့္ (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့လို႔

ေနာက္ဆုံးဆုဖလားေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလားကိုလည္း

လက္လႊတ္လိုက္ရၿပီျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ျပည္တြင္းဖလားၿပိဳင္ပြဲေတြျဖစ္တဲ့ FA ဖလား၊

လိဂ္ဖလားၿပိဳင္ပြဲေတြမွာ စတုတၳအဆင့္၊ တတိယအဆင့္ေတြနဲ႔ထြက္ခဲ့ရၿပီး

ပရီးမီးယားလိဂ္ဖလားရဖို႔ကလည္း ရာသီအစပိုင္းေလာက္ကတည္းက

ေမွ်ာ္လင့္ခ်က္မရွိေတာ့တဲ့အတြက္ ဖလားလက္မဲ့ ေနာက္တစ္ရာသီနဲ႔ရင္ဆိုင္ရမွာပါ။

ယူႏိုက္တက္အသင္းဟာ နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္က

၂၀၁၇ ခုႏွစ္မွာ လိဂ္ဖလား၊ ယူ႐ိုပါလိဂ္ဖလားေတြရယူခဲ့ၿပီးေနာက္ပိုင္း

ဖလားလက္မဲ့ျဖစ္ေနၿပီး ၂၀၁၇၊ ေမလကတည္းက အခုအခ်ိန္အထိ

(၄)ႏွစ္နဲ႔(၈)လအထိၾကာျမင့္ေနၿပီျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၁၉၇၇ ခုႏွစ္တုန္းက FA ဖလားဆြတ္ခူးခဲ့ၿပီးေနာက္ပိုင္း

ေနာက္ထပ္ဖလားကိုင္ေျမႇာက္ခြင့္ရဖို႔ (၅)ႏွစ္နဲ႔(၁၀)လၾကာေစာင့္ဆိုင္းခဲ့ရၿပီး

၁၉၈၃ ခုႏွစ္မွ ဆုဖလားေအာင္ျမင္မႈအျဖစ္ FA ဖလားကိုပဲ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အခုဆိုရင္ ယူႏိုက္တက္အသင္းဟာ ႏွစ္ေပါင္း(၄၀)နီးပါးအတြင္း

အဆိုး႐ြားဆုံးဖလားလက္မဲ့အေနအထားနဲ႔ရင္ဆိုင္ေနရတာျဖစ္ၿပီး

သူတို႔ရဲ႕စံခ်ိန္ေဟာင္းကို ျပန္လည္ပိုင္ဆိုင္ဖို႔ရွိေနပါၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့

လာမယ့္ရာသီက်ရင္ ဗိုလ္လုပြဲေတြထဲမွာအေစာဆုံးကစားမယ့္

လိဂ္ဖလားဗိုလ္လုပြဲက ၂၀၂၃၊ ေဖေဖာ္ဝါရီလကုန္ပိုင္းမွကစားမွာျဖစ္လို႔

ယူႏိုက္တက္အသင္း လာမယ့္ရာသီလိဂ္ဖလားခ်န္ပီယံျဖစ္ခဲ့ရင္ေတာင္

ဖလားလက္မဲ့ကာလက(၅)ႏွစ္နဲ႔(၁၀)လအထိၾကာျမင့္မွာျဖစ္တာေၾကာင့္

သူတို႔ရဲ႕စံခ်ိန္ဆိုးကို ျပန္လည္ပိုင္ဆိုင္မွာပဲျဖစ္ပါတယ္။