အဌမတန်းအသင်းနဲ့ပွဲမှာ ဘက်ပီလိုအောင်ပွဲခံလို့ လှောင်ခံနေရတဲ့ စပါးရဲ့ဟက်ထရစ်ရှင်တိုက်စစ်မှုး

ပြီးခဲ့တဲ့အက်ဖ်အေဖလားတတိယအဆင့်မှာ စပါးဟာ အောက်တန်းအသင်းငယ်တစ်သင်းဖြစ်တဲ့ မာရိန်းကို ၅ ဂိုးပြတ်နဲ့ကျော်ဖြတ်နိုင်ခဲ့တာဟာ အားလုံးအသိပါပဲ။

အင်္ဂလန်အဌမတန်း(၈ တန်းမြောက်)မှာ ကစားနေတဲ့အသင်းဖြစ်သလို အမှိုက်သိမ်းသမားတောင်ပါတဲ့ ဘောလုံးကို အချိန်ပိုင်းကစားနေသူတွေနဲ့ စုဖွဲ့ထားတာမို့ စပါးဟာ ဒီထက်မကတောင် ဂိုးပြတ်သင့်ပါတယ်။

အဲဒီပွဲမှာ ပွဲထွက်ကစားခွင့်ရတဲ့ စပါးအသင်းအရန်တိုက်စစ်မှုးကားလို့စ်ဗီနီစီးယက်စ်တစ်ယောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဗီနီးစီးယက်စ်ဟာ ၂၄ မိနစ်မှာ အယ်လီရဲ့ဖြတ်တင်ဘောကတစ်ဆင့် အနီးကပ်ပိတ်သွင်းပြီး အဖွင့်ဂိုးဖြစ်စေခဲ့ပြီးနောက် ပီအက်စ်ဂျီကြယ်ပွင့်အမ်ဘက်ပီလို လက်ပိုက်ပြီး အောင်ပွဲခံခဲ့ပါတယ်။

သူကတော့ ဂုဏ်ယူစွာနဲ့ အောင်ပွဲခံလိုက်တာဖြစ်ပေမယ့် ပြိုင်ဘက်အသင်းရဲ့အနေအထားကြောင့် ဆိုရှယ်မီဒီယာထက်မှာတော့ ပရိသတ်တွေရဲ့လှောင်ပြောင်စရာ ဖြစ်သွားပါတယ်။

အလွယ်တကူအနီးကပ်ပိတ်သွင်းရတာဖြစ်သလို ပြိုင်ဘက်က သူတို့နဲ့နှိုင်းဆမရအောင် နိမ့်နေတာမို့ ဒီလောက်ကြီးအောင်ပွဲခံစရာမလိုဘူးလို့ ပရိသတ်တွေက မြင်ကြမှာပါ။

အမ်ဘက်ပီဟာ ၂၀၁၇ ဧပြီလက ဒေါ့မန်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အဲဒီလိုလက်ပိုက်တဲ့အောင်ပွဲခံပုံစံကို စတင်အသုံးပြုခဲ့တာပါ။

၂၀၁၈ ကမ္ဘာ့ဖလား ၁၆ အသင်းအဆင့်မှာ အာဂျင်တီးနားနဲ့တွေ့တော့ ဂိုးသွင်းပြီး အဲဒီလိုအောင်ပွဲခံပြန်ရာမှာ ပိုပြီးတော့ လူသိများ နာမည်ကြီးသွားပါတယ်။

နောက်ပိုင်းမှာ ပရီးမီးယားလိဂ်က အာနိုးနဲ့မာတင်နယ်လီတို့လို လူငယ်ကြယ်ပွင့်တွေဟာ အရေးပါတဲ့ပွဲတွေမှာ ဂိုးသွင်းပြီး ဘက်ပီစတိုင်အောင်ပွဲခံမှု လုပ်လာခဲ့ကြပါတယ်။

ဗီနီးစီးယက်စ်ကျတော့ ဘာမဟုတ်တဲ့ ပြိုင်ဘက်နဲ့ပွဲမှာ အဲဒီလိုအောင်ပွဲခံခဲ့လို့ လှောင်ပြောင်ခံရစရာ ဖြစ်သွားခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဟယ်ရီကိန်းရဲ့အရန်အနေနဲ့ ဘင်ဖီကာကနေ တစ်ရာသီအငှားနဲ့ရောက်လာတဲ့ ဗီနီစီးယက်စ်ဟာ ပရီးမီးယားလိဂ် ၂ ပွဲသာ ကစားထားရသေးတာပါ။

ဒါပေမဲ့ ဖလားပွဲတွေမှာတော့ ပါဝင်ခွင့်ရနေပြီး စပါးကစားသမားဘ၀ ပထမဆုံး ၃၈၅ မိနစ်မှာ ၆ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးထားပါတယ်။

Zawgyi

အဌမတန္းအသင္းနဲ႔ပြဲမွာ ဘက္ပီလုိေအာင္ပြဲခံလုိ႔ ေလွာင္ခံေနရတဲ့ စပါးရဲ႕ဟက္ထရစ္ရွင္တုိက္စစ္မႈး

ၿပီးခဲ့တဲ့အက္ဖ္ေအဖလားတတိယအဆင့္မွာ စပါးဟာ ေအာက္တန္းအသင္းငယ္တစ္သင္းျဖစ္တဲ့ မာရိန္းကို ၅ ဂုိးျပတ္နဲ႔ေက်ာ္ျဖတ္ႏိုင္ခဲ့တာဟာ အားလုံးအသိပါပဲ။

အဂၤလန္အဌမတန္း(၈ တန္းေျမာက္)မွာ ကစားေနတဲ့အသင္းျဖစ္သလုိ အမႈိက္သိမ္းသမားေတာင္ပါတဲ့ ေဘာလုံးကို အခ်ိန္ပိုင္းကစားေနသူေတြနဲ႔ စုဖြဲ႕ထားတာမုိ႔ စပါးဟာ ဒီထက္မကေတာင္ ဂိုးျပတ္သင့္ပါတယ္။

အဲဒီပြဲမွာ ပြဲထြက္ကစားခြင့္ရတဲ့ စပါးအသင္းအရန္တုိက္စစ္မႈးကားလုိ႔စ္ဗီနီစီးယက္စ္တစ္ေယာက္ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ဗီနီးစီးယက္စ္ဟာ ၂၄ မိနစ္မွာ အယ္လီရဲ႕ျဖတ္တင္ေဘာကတစ္ဆင့္ အနီးကပ္ပိတ္သြင္းၿပီး အဖြင့္ဂိုးျဖစ္ေစခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီၾကယ္ပြင့္အမ္ဘက္ပီလို လက္ပိုက္ၿပီး ေအာင္ပြဲခံခဲ့ပါတယ္။

သူကေတာ့ ဂုဏ္ယူစြာနဲ႔ ေအာင္ပြဲခံလိုက္တာျဖစ္ေပမယ့္ ၿပိဳင္ဘက္အသင္းရဲ႕အေနအထားေၾကာင့္ ဆုိရွယ္မီဒီယာထက္မွာေတာ့ ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္စရာ ျဖစ္သြားပါတယ္။

အလြယ္တကူအနီးကပ္ပိတ္သြင္းရတာျဖစ္သလို ၿပိဳင္ဘက္က သူတို႔နဲ႔ႏိႈင္းဆမရေအာင္ နိမ့္ေနတာမို႔ ဒီေလာက္ႀကီးေအာင္ပြဲခံစရာမလုိဘူးလုိ႔ ပရိသတ္ေတြက ျမင္ၾကမွာပါ။

အမ္ဘက္ပီဟာ ၂၀၁၇ ဧၿပီလက ေဒါ့မန္နဲ႔ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္မွာ အဲဒီလုိလက္ပိုက္တဲဲ့ေအာင္ပြဲခံပုံစံကို စတင္အသုံးျပဳခဲ့တာပါ။

၂၀၁၈ ကမာၻ႔ဖလား ၁၆ အသင္းအဆင့္မွာ အာဂ်င္တီးနားနဲ႔ေတြ႕ေတာ့ ဂိုးသြင္းၿပီး အဲဒီလိုေအာင္ပြဲခံျပန္ရာမွာ ပိုၿပီးေတာ့ လူသိမ်ား နာမည္ႀကီးသြားပါတယ္။

ေနာက္ပိုင္းမွာ ပရီးမီးယားလိဂ္က အာႏိုးနဲ႔မာတင္နယ္လီတို႔လို လူငယ္ၾကယ္ပြင့္ေတြဟာ အေရးပါတဲ့ပြဲေတြမွာ ဂိုးသြင္းၿပီး ဘက္ပီစတုိင္ေအာင္ပြဲခံမႈ လုပ္လာခဲ့ၾကပါတယ္။

ဗီနီးစီးယက္စ္က်ေတာ့ ဘာမဟုတ္တဲ့ ၿပိဳင္ဘက္နဲ႔ပြဲမွာ အဲဒီလိုေအာင္ပြဲခံခဲ့လုိ႔ ေလွာင္ေျပာင္ခံရစရာ ျဖစ္သြားခဲ့တာပါ။

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ဟယ္ရီကိန္းရဲ႕အရန္အေနနဲ႔ ဘင္ဖီကာကေန တစ္ရာသီအငွားနဲ႔ေရာက္လာတဲ့ ဗီနီစီးယက္စ္ဟာ ပရီးမီးယားလိဂ္ ၂ ပြဲသာ ကစားထားရေသးတာပါ။

ဒါေပမဲ့ ဖလားပြဲေတြမွာေတာ့ ပါ၀င္ခြင့္ရေနၿပီး စပါးကစားသမားဘ၀ ပထမဆုံး ၃၈၅ မိနစ္မွာ ၆ ဂိုးသြင္း၊ ၃ ဂိုးဖန္တီးေပးထားပါတယ္။