အတုကြီးဖြစ်နေတဲ့ ပူတင်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် ခြိမ်းခြောက်မှု

ရုရှားမပါရင် ကမ္ဘာ့ဖလားလည်း မရှိစေရလို့ ရုရှားသမ္မတပူတင်က ခြိမ်းခြောက်လိုက်တယ်ဆိုတဲ့

ပို့စ်တစ်ခုဟာ ဆိုရှယ်မီဒီယာထက်မှာ ပျံ့နှံ့နေပြီး တကယ်တော့ အဲဒီပို့စ်ဟာ

အတုအယောင်ဖြစ်နေကြောင်း သိရပါတယ်။ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ရုရှားကစားပါရင်ပါ

ဒါမှမဟုတ် မပါဘူးဆိုရင် ကမ္ဘာ့ဖလားအကြောင်း ပြောစရာရှိမှာမဟုတ်ဘူးလို့ ပူတင်က

ပြောသယောင် ပို့စ်တစ်ခုဟာ ပျံ့နှံ့နေတာပါ။

ဘယ်သူ့ဆီကနေ ဒီပို့စ်စတင်ပျံ့နှံ့သွားသလဲဆိုတာကိုလည်း မသိရသေးပါဘူး။

လက်ရှိမှာလည်း ရုရှားဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံထားရပါတယ်။

လောလောဆယ် အဲဒီပိတ်ပင်မှုအတွက် ရုရှားတုံ့ပြန်တာဆိုလို့ အားကစားခုံရုံးဖြစ်တဲ့

CAS မှာ အယူခံဝင်ထားတာပဲ ရှိပါတယ်။ အခုချိန်ထိလည်း ကမ္ဘာ့ဖလားမှာ

ရုရှားပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရမှုအပေါ် သမ္မတပူတင်က ဘာမှတ်ချက်မှ ပေးတာ

မရှိသေးပါဘူး။ ရုရှားဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ play-off ပွဲစဉ်အဖြစ်

လာမယ့်မတ်လ ၂၄ မှာ ပိုလန်နဲ့ကစားရဖို့ ရှိပါတယ်။

ဒါပေမဲ့ သူတို့ကို ပိတ်ပင်လိုက်ပြီဖြစ်လို့

အဲဒီပွဲက ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ပူတင်ရဲ့ညွှန်ကြားမှုနဲ့ ရုရှားဟာ ယူကရိန်းကို

ကျူးကျော်စစ်ဆင်နွှဲနေတာ အခုဆို ၂ ပတ်နီးပါးရှိလာပြီဖြစ်ပြီး အဲဒီအတွက်

အသက်ပေါင်းများစွာနဲ့အိုးအိမ်ပေါင်းများစွာဟာ နေ့စဉ်နဲ့အမျှ ဆုံးရှုံးနေရပါတယ်။

လက်ရှိအချိန်မှာလည်း ဥရောပဘောလုံးရပ်ဝန်းမှာ ယူကရိန်းအပေါ် ရုရှားရဲ့

ကျူးကျော်မှုကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာ

အသိုင်းအဝန်းလည်း ရုရှားကို ပိတ်ပင်တားဆီးမှုအမျိုးမျိုးလုပ်ဆောင်နေတာပါ။

zawgyi

အတုႀကီးျဖစ္ေနတဲ့ ပူတင္ရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲအေပၚ ၿခိမ္းေျခာက္မႈ

႐ုရွားမပါရင္ ကမာၻ႔ဖလားလည္း မရွိေစရလို႔ ႐ုရွားသမၼတပူတင္က ၿခိမ္းေျခာက္လိုက္တယ္ဆိုတဲ့

ပို႔စ္တစ္ခုဟာ ဆိုရွယ္မီဒီယာထက္မွာ ပ်ံ႕ႏွံ႔ေနၿပီး တကယ္ေတာ့ အဲဒီပို႔စ္ဟာ

အတုအေယာင္ျဖစ္ေနေၾကာင္း သိရပါတယ္။ ၂၀၂၂ ကာတာကမာၻ႔ဖလားမွာ ႐ုရွားကစားပါရင္ပါ

ဒါမွမဟုတ္ မပါဘူးဆိုရင္ ကမာၻ႔ဖလားအေၾကာင္း ေျပာစရာရွိမွာမဟုတ္ဘူးလို႔ ပူတင္က

ေျပာသေယာင ပို႔စ္တစ္ခုဟာ ပ်ံ႕ႏွံ႔ေနတာပါ။

ဘယ္သူ႔ဆီကေန ဒီပို႔စ္စတင္ပ်ံ႕ႏွံ႔သြားသလဲဆိုတာကိုလည္း မသိရေသးပါဘူး။

လက္ရွိမွာလည္း ႐ုရွားဟာ ၂၀၂၂ ကမာၻ႔ဖလားမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္ခံထားရပါတယ္။

ေလာေလာဆယ္ အဲဒီပိတ္ပင္မႈအတြက္ ႐ုရွားတုံ႔ျပန္တာဆိုလို႔ အားကစားခုံ႐ုံးျဖစ္တဲ့

CAS မွာ အယူခံဝင္ထားတာပဲ ရွိပါတယ္။ အခုခ်ိန္ထိလည္း ကမာၻ႔ဖလားမွာ

႐ုရွားပါဝင္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္ခံရမႈအေပၚ သမၼတပူတင္က ဘာမွတ္ခ်က္မွ ေပးတာ

မရွိေသးပါဘူး။ ႐ုရွားဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ play-off ပြဲစဥ္အျဖစ္

လာမယ့္မတ္လ ၂၄ မွာ ပိုလန္နဲ႔ကစားရဖို႔ ရွိပါတယ္။ ဒါေပမဲ့ သူတို႔ကို ပိတ္ပင္လိုက္ၿပီျဖစ္လို႔

အဲဒီပြဲက ျဖစ္လာမွာ မဟုတ္ေတာ့ပါဘူး။ ပူတင္ရဲ႕ၫႊန္ၾကားမႈနဲ႔ ႐ုရွားဟာ ယူကရိန္းကို

က်ဴးေက်ာ္စစ္ဆင္ႏႊဲေနတာ အခုဆို ၂ ပတ္နီးပါးရွိလာၿပီျဖစ္ၿပီး အဲဒီအတြက္

အသက္ေပါင္းမ်ားစြာနဲ႔အိုးအိမ္ေပါင္းမ်ားစြာဟာ ေန႔စဥ္နဲ႔အမွ် ဆုံးရႈံးေနရပါတယ္။

လက္ရွိအခ်ိန္မွာလည္း ဥေရာပေဘာလုံးရပ္ဝန္းမွာ ယူကရိန္းအေပၚ ႐ုရွားရဲ႕

က်ဴးေက်ာ္မႈကို နည္းအမ်ိဳးမ်ိဳးနဲ႔ ဆန႔္က်င္ေနၾကပါတယ္။ ဒါ့အျပင္ ႏိုင္ငံတကာ

အသိုင္းအဝန္းလည္း ႐ုရွားကို ပိတ္ပင္တားဆီးမႈအမ်ိဳးမ်ိဳးလုပ္ေဆာင္ေနတာပါ။