အတောင့်တင်းဆုံးလူစာရင်း ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ကလော့ပ်ရဲ့မှတ်ချက်ကို လမ်းပတ်ပြင်းထန်စွာတုံ့ပြန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်က စနေညမှာ အဲဗာတန်ကို ၁-၀ ဂိုးနဲ့အရေးနိမ့်ကာ ပြိုင်ပွဲစုံ ၁၇ပွဲဆက်ရှုံးပွဲမရှိစံချိန် ပျက်သွားပြီးနောက် အသင်းနဲ့ပတ်သက်လို့ မျှော်လင့်ချက်တွေမြင့်မားနေမှုအပေါ် စိတ်ရှုပ်ထွေးမိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီက ကစားသမားသစ်တွေခေါ်ယူမှုအတွက် ပေါင်သန်း ၂၀၀ သုံးစွဲခဲ့ပြီးနောက် ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်ခံခဲ့ရပြီး လီဗာပူးနည်းပြ ကလော့ပ်က ချဲလ်ဆီးအသင်းအနေနဲ့ မယုံနိုင်စရာကောင်းတဲ့ အသင်းအင်အားစုဖွဲ့မှု ကောင်းမွန်လို့ အမှတ်ပေးချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတယ်လို့ ပြီးခဲ့တဲ့အပတ်က ဖွင့်ဟခဲ့ပါတယ်။


ဒါပေမဲ့ လမ်းပတ်ကတော့ ”ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့အသင်းက ဘယ်လောက်ေတောင် စုဖွဲ့မှုတောင့်တင်းနေပါတယ်ဆိုပြီး ပြောနေတာတွေ ဖတ်ရပါတယ်။ ကျွန်တော်ကတော့ နားကိုမလည်နိုင်ဘူး”


”ကျွန်တော်တို့နားကအသင်းတွေဟာ ဆုဖလားတွေအများကြီးရထားပြီး နှစ်တိုင်းဂိုး ၃၀သွင်းနိုင်တဲ့ တိုက်စစ်မှူးတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားလည်း ရဖူးထားသူတွေပါ”

”ကျွန်တော်တို့အသင်းမှာလည်း အမှတ်ပေးချန်ပီယံဖြစ်ဖူးတဲ့အသင်းသားတချို့ ရှိပေမယ့် တချို့ကဆို အခုမှ ပရီးမီးယားလိဂ်ကို ရောက်လာတာဖြစ်သလို အသက်လည်း ငယ်ပါသေးတယ်။ ကျွန်တော်တို့အသင်းဟာ တိုးတက်ဖို့ ကြိုးစားနေဆဲဖြစ်သလို အခုလိုညမျိုး(အဲဗာတန်ကိုရှုံးနိမ့်ခဲ့)လည်း ဖြစ်ပေါ်လာနိုင်ပါတယ်”


”ကျွန်တော့်အနေနဲ့ကတော့ ဒါမျိုးတွေဘယ်ဖြစ်ချင်ပါ့မလဲ။ ဒါပေမဲ့ ဒါတွေက ဘောလုံးလောကမှာ ဖြစ်ပေါ်တတ်ပါတယ်”လို့ လမ်းပတ်က ပြောပါတယ်။ အဲဗာတန်နဲ့ပွဲမှာ တောင်ပံကစားသမားတွေဖြစ်တဲ့ ဇီယက်ချ်နဲ့ ပူလီဆစ်တို့ ကြွက်သားဒဏ်ရာတွေကြောင့် မပါဝင်နိုင်ခဲ့ဘဲ လမ်းပတ်က ၅ဦးအထိလူစားလဲခွင့်ရှိတဲ့စည်းမျဉ်း ပြန်အသုံးပြုဖို့ မျှော်လင့်ကြောင်း ဆိုပါတယ်။


ချဲလ်ဆီးဟာ ပွဲချိန် ၂၂မိနစ်မှာ ကယ်လ်ဗက်လီဝင်ကို ဂိုးသမား မန်ဒီ ကြမ်းတမ်းစွာကစားခဲ့လို့ ပင်နယ်တီပေးလိုက်ရပြီး အဲဗာတန်ကွင်းလယ်လူ ဆီဂတ်ဆန်က အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။


ချဲလ်ဆီးဟာ တိုင်ထိထွက်မှု ၃ကြိမ်အထိရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂိုးပေါက်တည့်မှု ၁ကြိမ်မှမရှိခဲ့ဘဲ အဲဗာတန်အသင်းအနေနဲ့ ရာသီအဖွင့်က စပါးကိုအနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Clean Sheet ရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
အေတာင့္တင္းဆုံးလူစာရင္း ပိုင္ဆုိင္ထားတယ္ဆိုတဲ့ ကေလာ့ပ္ရဲ႕မွတ္ခ်က္ကို လမ္းပတ္ျပင္းထန္စြာတုံ႔ျပန္
ခ်ဲလ္ဆီးအသင္းနည္းျပ လမ္းပတ္က စေနညမွာ အဲဗာတန္ကို ၁-၀ ဂိုးန႔ဲအေရးနိမ့္ကာ ၿပိဳင္ပြဲစုံ ၁၇ပြဲဆက္႐ံႈးပဲြမရွိစံခ်ိန္ ပ်က္သြားၿပီးေနာက္ အသင္းနဲ႔ပတ္သက္လုိ႔ ေမွ်ာ္လင့္ခ်က္ေတြျမင့္မားေနမႈအေပၚ စိတ္႐ႈပ္ေထြးမိတယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။
ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ေႏြရာသီက ကစားသမားသစ္ေတြေခၚယူမႈအတြက္ ေပါင္သန္း ၂၀၀ သုံးစြဲခဲ့ၿပီးေနာက္ ယခုရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏုိင္လိမ့္မယ္လုိ႔ သုံးသပ္ခံခဲ့ရၿပီး လီဗာပူးနည္းျပ ကေလာ့ပ္က ခ်ဲလ္ဆီးအသင္းအေနနဲ႔ မယုံႏုိင္စရာေကာင္းတဲ့ အသင္းအင္အားစုဖြဲ႕မႈ ေကာင္းမြန္လုိ႔ အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနတယ္လုိ႔ ၿပီးခဲ့တဲ့အပတ္က ဖြင့္ဟခဲ့ပါတယ္။
ဒါေပမဲ့ လမ္းပတ္ကေတာ့ ”ပရီးမီးယားလိဂ္မွာ ကၽြန္ေတာ္တုိ႔အသင္းက ဘယ္ေလာက္ေေတာင္ စုဖြဲ႕မႈေတာင့္တင္းေနပါတယ္ဆုိၿပီး ေျပာေနတာေတြ ဖတ္ရပါတယ္။ ကၽြန္ေတာ္ကေတာ့ နားကိုမလည္ႏိုင္ဘူး”

”ကၽြန္ေတာ္တုိ႔နားကအသင္းေတြဟာ ဆုဖလားေတြအမ်ားႀကီးရထားၿပီး ႏွစ္တုိင္းဂိုး ၃၀သြင္းႏိုင္တဲ့ တုိက္စစ္မွဴးေတြလည္း ပိုင္ဆုိင္ထားပါတယ္။ ၿပီးေတာ့ ခ်န္ပီယံလိဂ္ဖလားလည္း ရဖူးထားသူေတြပါ”
”ကၽြန္ေတာ္တုိ႔အသင္းမွာလည္း အမွတ္ေပးခ်န္ပီယံျဖစ္ဖူးတဲ့အသင္းသားတခ်ိဳ႕ ရွိေပမယ့္ တခ်ိဳ႕ကဆုိ အခုမွ ပရီးမီးယားလိဂ္ကို ေရာက္လာတာျဖစ္သလုိ အသက္လည္း ငယ္ပါေသးတယ္။ ကၽြန္ေတာ္တို႔အသင္းဟာ တုိးတက္ဖို႔ ႀကိဳးစားေနဆဲျဖစ္သလုိ အခုလိုညမ်ိဳး(အဲဗာတန္ကို႐ံႈးနိမ့္ခဲ့)လည္း ျဖစ္ေပၚလာႏိုင္ပါတယ္”
”ကၽြန္ေတာ့္အေနနဲ႔ကေတာ့ ဒါမ်ိဳးေတြဘယ္ျဖစ္ခ်င္ပါ့မလဲ။ ဒါေပမဲ့ ဒါေတြက ေဘာလုံးေလာကမွာ ျဖစ္ေပၚတတ္ပါတယ္”လုိ႔ လမ္းပတ္က ေျပာပါတယ္။ အဲဗာတန္နဲ႔ပြဲမွာ ေတာင္ပံကစားသမားေတြျဖစ္တဲ့ ဇီယက္ခ်္နဲ႔ ပူလီဆစ္တုိ႔ ႂကြက္သားဒဏ္ရာေတြေၾကာင့္ မပါ၀င္ႏိုင္ခဲ့ဘဲ လမ္းပတ္က ၅ဦးအထိလူစားလဲခြင့္ရွိတဲ့စည္းမ်ဥ္း ျပန္အသုံးျပဳဖုိ႔ ေမွ်ာ္လင့္ေၾကာင္း ဆုိပါတယ္။
ခ်ဲလ္ဆီးဟာ ပြဲခ်ိန္ ၂၂မိနစ္မွာ ကယ္လ္ဗက္လီ၀င္ကို ဂိုးသမား မန္ဒီ ၾကမ္းတမ္းစြာကစားခဲ့လုိ႔ ပင္နယ္တီေပးလုိက္ရၿပီး အဲဗာတန္ကြင္းလယ္လူ ဆီဂတ္ဆန္က အသင္းအတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးအျဖစ္ သြင္းယူခဲ့ပါတယ္။
ခ်ဲလ္ဆီးဟာ တိုင္ထိထြက္မႈ ၃ႀကိမ္အထိရွိခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ဂိုးေပါက္တည့္မႈ ၁ႀကိမ္မွမရွိခဲ့ဘဲ အဲဗာတန္အသင္းအေနနဲ႔ ရာသီအဖြင့္က စပါးကိုအႏိုင္ရခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ Clean Sheet ရခဲ့ပါတယ္။