
ဒေါသထွက်နေတဲ့စီရော်နယ်ဒိုဟာ အတ္တလန္တာနဲ့ချန်ပီယံလိဂ်ပွဲပထမပိုင်းပြီးချိန်တုန်းက
သူ့အသင်းဖော်တွေကို အော်ငေါက်ခဲ့ကြောင်း သတင်းထွက်ပေါ်လာပါတယ်။
အဲဒီချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ မန်ယူဟာ စောစောစီးစီးဦးဆောင်ဂိုး ၂ ဂိုးပေးခဲ့ရလို့
ပထမပိုင်းပြီးချိန်မှာ ၂-၀ ဂိုးနဲ့ရှုံးနေခဲ့ပြီး အဲဒီအတွက် စီရော်နယ်ဒိုတစ်ယောက်
အတော်လေးဒေါသထွက်ခဲ့ပါတယ်။ အခုလိုအခြေအနေအတွက် အဲဒီပေါ်တူဂီသားဟာ
အပြည့်အဝတာဝန်ယူခဲ့ပြီး ပထမပိုင်းပြီးချိန်မှာ အသင်းဖော်တွေကို အော်ငေါက်ခဲ့ကာ
ဒီ ၄၅ မိနစ်အတွက် မရှက်ကြဘူးလားလို့လည်း မေးခဲ့ကြောင်း
အင်္ဂလန်က The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။
”ဒီစွမ်းဆောင်မှုဟာ လက်ခံနိုင်စရာမရှိဘူးလို့ တစ်သင်းလုံးကို စီရော်နယ်ဒိုက
ပြောပါတယ်။ မရှက်ကြဘူးလားလို့ သူမေးခဲ့ပြီး ကိုယ့်ပရိသတ်ရှေ့မှောက်က
မန်ယူရဲ့ပုံစံဟာ ဒီလိုမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။ အနိုင်ရဖို့လိုအပ်ပြီး
မနိုင်ခဲ့ရင် နောက်တစ်ဆင့်တက်ဖို့ မလွယ်ဘူးလို့လည်း သူက ပြောခဲ့တာပါ”လို့
မန်ယူအသင်းနဲ့နီးစပ်သူတစ်ယောက်က The Sun သတင်းစာကို ဖွင့်ဟခဲ့တာပါ။
သူ့ရာထူးအတွက် ဖိအားတွေတိုးနေတဲ့ဆိုးလ်ရှားက စီရော်နယ်ဒိုပြီးတော့
အသင်းသားတွေကို ဆက်လက်မှာတမ်းခြွေခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
စီရော်နယ်ဒိုရဲ့ဒီလိုတွန်းအားပေးမှုကြောင့်လည်း မန်ယူဟာ ဒုတိယပိုင်းမှာ ၃ ဂိုး
ပြန်သွင်းနိုင်ခဲ့ပြီး ရှုံးနေရာကနေ ပြန်အနိုင်ရသွားခဲ့တာပါ။
၈၁ မိနစ်မှာသွင်းယူခဲ့တဲ့စီရော်နယ်ဒိုရဲ့ခေါင်းတိုက်အနိုင်ဂိုးကြောင့်လည်း
မန်ယူဟာ အုပ်စုအမှတ်ပေးဇယားမှာ ဦးဆောင်သူဖြစ်လာခဲ့ပါတယ်။
ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ စီရော်နယ်ဒိုတို့ရဲ့မန်ယူဟာ
ရှုံးပွဲမရှိသေးတဲ့လီဗာပူးကို မန်ချက်စတာမှာ ဧည့်ခံကစားရဖို့ ရှိပါတယ်။
zawgyi
အတၱလႏၲာနဲ႔ပြဲ ပထမပိုင္းၿပီးခ်ိန္မွာ ဒီ ၄၅ မိနစ္အတြက္ မရွက္ၾကဘူးလားလို႔ အသင္းေဖာ္ေတြကို ေအာ္ေငါက္ခဲ့တဲ့ ေရာ္နယ္ဒို
ေဒါသထြက္ေနတဲ့စီေရာ္နယ္ဒိုဟာ အတၱလႏၲာနဲ႔ခ်န္ပီယံလိဂ္ပြဲပထမပိုင္းၿပီးခ်ိန္တုန္းက
သူ႔အသင္းေဖာ္ေတြကို ေအာ္ေငါက္ခဲ့ေၾကာင္း သတင္းထြက္ေပၚလာပါတယ္။
အဲဒီခ်န္ပီယံလိဂ္အိမ္ကြင္းပြဲစဥ္မွာ မန္ယူဟာ ေစာေစာစီးစီးဦးေဆာင္ဂိုး ၂ ဂိုးေပးခဲ့ရလို႔
ပထမပိုင္းၿပီးခ်ိန္မွာ ၂-၀ ဂိုးနဲ႔ရႈံးေနခဲ့ၿပီး အဲဒီအတြက္ စီေရာ္နယ္ဒိုတစ္ေယာက္
အေတာ္ေလးေဒါသထြက္ခဲ့ပါတယ္။ အခုလိုအေျခအေနအတြက္ အဲဒီေပၚတူဂီသားဟာ
အျပည့္အဝတာဝန္ယူခဲ့ၿပီး ပထမပိုင္းၿပီးခ်ိန္မွာ အသင္းေဖာ္ေတြကို ေအာ္ေငါက္ခဲ့ကာ
ဒီ ၄၅ မိနစ္အတြက္ မရွက္ၾကဘူးလားလို႔လည္း ေမးခဲ့ေၾကာင္း
အဂၤလန္က The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
”ဒီစြမ္းေဆာင္မႈဟာ လက္ခံႏိုင္စရာမရွိဘူးလို႔ တစ္သင္းလုံးကို စီေရာ္နယ္ဒိုက
ေျပာပါတယ္။ မရွက္ၾကဘူးလားလို႔ သူေမးခဲ့ၿပီး ကိုယ့္ပရိသတ္ေရွ႕ေမွာက္က
မန္ယူရဲ႕ပုံစံဟာ ဒီလိုမဟုတ္ဘူးလို႔လည္း ေျပာခဲ့ပါတယ္။ အႏိုင္ရဖို႔လိုအပ္ၿပီး
မႏိုင္ခဲ့ရင္ ေနာက္တစ္ဆင့္တက္ဖို႔ မလြယ္ဘူးလို႔လည္း သူက ေျပာခဲ့တာပါ”လို႔
မန္ယူအသင္းနဲ႔နီးစပ္သူတစ္ေယာက္က The Sun သတင္းစာကို ဖြင့္ဟခဲ့တာပါ။
သူ႔ရာထူးအတြက္ ဖိအားေတြတိုးေနတဲ့ဆိုးလ္ရွားက စီေရာ္နယ္ဒိုၿပီးေတာ့
အသင္းသားေတြကို ဆက္လက္မွာတမ္းေႁခြခဲ့တယ္လို႔ အဲဒီသတင္းရင္းျမစ္က ဆိုပါတယ္။
စီေရာ္နယ္ဒိုရဲ႕ဒီလိုတြန္းအားေပးမႈေၾကာင့္လည္း မန္ယူဟာ ဒုတိယပိုင္းမွာ ၃ ဂိုး
ျပန္သြင္းႏိုင္ခဲ့ၿပီး ရႈံးေနရာကေန ျပန္အႏိုင္ရသြားခဲ့တာပါ။
၈၁ မိနစ္မွာသြင္းယူခဲ့တဲ့စီေရာ္နယ္ဒိုရဲ႕ေခါင္းတိုက္အႏိုင္ဂိုးေၾကာင့္လည္း
မန္ယူဟာ အုပ္စုအမွတ္ေပးဇယားမွာ ဦးေဆာင္သူျဖစ္လာခဲ့ပါတယ္။
ဒီတစ္ပတ္ပရီးမီးယားလိဂ္မွာေတာ့ စီေရာ္နယ္ဒိုတို႔ရဲ႕မန္ယူဟာ
ရႈံးပြဲမရွိေသးတဲ့လီဗာပူးကို မန္ခ်က္စတာမွာ ဧည့္ခံကစားရဖို႔ ရွိပါတယ္။