အတ္တလန္တာနဲ့ပွဲ မတိုင်ခင် သီယာဂို၊ မာတစ်တို့ရဲ့ ဒဏ်ရာအခြေအနေတွေအကြောင်း ပြောပြသွားတဲ့ ကလော့ပ်


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နောက်ခံလူ ဂျိုရယ် မာတစ်ဟာ ကြံ့ခိုင်မှု ပြည့်ဝနေပြီ ဖြစ်ပြီး ခံစစ်ပိုင်း အကျပ်အတည်းအတွက် အထောက်အကူ ဖြစ်လာစေနိုင်ပေမဲ့ သီယာဂိုကတော့ လေ့ကျင့်ခန်းအပြည့် ဆင်းရခြင်း မရှိသေးပါဘူး။ လီဗာပူးအသင်းဟာ ယခုနှစ်ရာသီမှာ နောက်ခံလူတွေ အတွဲလိုက် ဒဏ်ရာရနေတာကြောင့် ခံစစ်ပိုင်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဓီက နောက်ခံလူ ဗန်ဒိုက်ကတော့ ဒူးအရွတ်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ရာသီကုန်ထိ အနားယူရဖွယ် ရှိနေပါတယ်။ မာတစ် ကြံ့ခိုင်မှု မပြည့်ဝပဲ ဖာဘင်ဟိုလည်း ဒဏ်ရာ ရနေချိန်မှာ ကလော့ပ်က ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ၂-၁နဲ့ နိုင်ပွဲ ရှာဖွေ နိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ ပွဲမှာ ပါဝင်ခဲ့တဲ့ နတ် ဖီးလစ်ဟာ ချန်ပီယံလိဂ် လူစာရင်းမှာ မပါဝင်တာကြောင့် ကြံ့ခိုင်မှု ပြည့်ဝလာတဲ့ မာတစ်က အတ္တလန္တာနဲ့ ပွဲစဉ်မှာ ပြန်လည် ပါဝင်လာနိုင်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ကွင်လယ်လူ နာဘီ ကီတာလည်း ပါဝင်လာနိုင်ပေမဲ့ သီယာဂိုကတော့ စွန့်စားမှု မပြုလုပ်ချင်တာကြောင့် လွဲချော်ဦးမှာ ဖြစ်ပါတယ်။

ကလော့ပ်က “နာဘီနဲ့ဂျိုရယ်တို့ မနေ့က လေ့ကျင့်ခန်း အပြည့်ဆင်းခဲ့ပါတယ်။ သီယာဂိုကတော့ လေ့ကျင့်ခန်းမှာ မပါဝင်ခဲ့ပါဘူး။ လက်ရှိ အခြေအနေက အဲ့ဒါပါပဲ။ သူတို့ လေ့ကျင့်ခဲ့ပေမဲ့ ကျွန်တော် ဘာမှ မဆုံးဖြတ်ရသေးတာကြောင့် လက်ရှိမှာ အဲ့ဒီသတင်းမှာ ဘာလုပ်ရမယ်ဆိုတာ မသိသေးပါဘူး။ ဆုံးဖြတ်ချက်ချဖို့အတွက် နောက်ထပ် ၁ရက်လောက် အချိန်ရှိပါသေးတယ်။ ကစားသမား အများစု လေယာဉ်နဲ့ ပါလာဖို့တော့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တွေကို နောက်ကျမှ လုပ်နိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ကလော့ပ်က လက်ရှိမှာ အရမ်းစောလွန်းနေသေးတဲ့အတွက် ကစားသမားတွေ ဘယ်လို အခြေအနေ ရှိမယ်ဆိုတာ မသိသေးကြောင်း ပြောသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အတ္တလန္တာနဲ့ ပွဲပြီးရင်တော့ မန်စီးတီးနဲ့ ပွဲကြီးပွဲကောင်း ကစားရဦးမှာ ဖြစ်ပါတယ်။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အတၱလႏၱာနဲ႔ပြဲ မတုိင္ခင္ သီယာဂို၊ မာတစ္တုိ႔ရဲ႕ ဒဏ္ရာအေျခအေနေတြအေၾကာင္း ေျပာျပသြားတဲ့ ကေလာ့ပ္

ေနာက္ခံလူ ဂ်ိဳရယ္ မာတစ္ဟာ ၾကံ႕ခိုင္မႈ ျပည့္၀ေနျပီ ျဖစ္ျပီး ခံစစ္ပုိင္း အက်ပ္အတည္းအတြက္ အေထာက္အကူ ျဖစ္လာေစႏိုင္ေပမဲ့ သီယာဂိုကေတာ့ ေလ့က်င့္ခန္းအျပည့္ ဆင္းရျခင္း မရွိေသးပါဘူး။ လီဗာပူးအသင္းဟာ ယခုႏွစ္ရာသီမွာ ေနာက္ခံလူေတြ အတြဲလိုက္ ဒဏ္ရာရေနတာေၾကာင့္ ခံစစ္ပိုင္း အက်ပ္အတည္းေတြနဲ႔ ရင္ဆုိင္ေနရတာ ျဖစ္ပါတယ္။

အဓီက ေနာက္ခံလူ ဗန္ဒိုက္ကေတာ့ ဒူးအရြတ္ေၾကာဒဏ္ရာကို ခြဲစိတ္ကုသမႈ ခံယူခဲ့ရျပီးေနာက္ ရာသီကုန္ထိ အနားယူရဖြယ္ ရွိေနပါတယ္။ မာတစ္ ၾကံ႕ခိုင္မႈ မျပည့္၀ပဲ ဖာဘင္ဟိုလည္း ဒဏ္ရာ ရေနခ်ိန္မွာ ကေလာ့ပ္က ၀က္စ္ဟမ္းနဲ႔ ပဲြစဥ္မွာ ၂-၁နဲ႔ ႏုိင္ပြဲ ရွာေဖြ ႏိုင္ခဲ့ပါတယ္။

၀က္စ္ဟမ္းနဲ႔ ပြဲမွာ ပါ၀င္ခဲ့တဲ့ နတ္ ဖီးလစ္ဟာ ခ်န္ပီယံလိဂ္ လူစာရင္းမွာ မပါ၀င္တာေၾကာင့္ ၾကံ႕ခိုင္မႈ ျပည့္၀လာတဲ့ မာတစ္က အတၱလႏၱာနဲ႔ ပဲြစဥ္မွာ ျပန္လည္ ပါ၀င္လာႏိုင္ပါတယ္။ အဆုိပါ ပဲြစဥ္မွာ ကြင္လယ္လူ နာဘီ ကီတာလည္း ပါ၀င္လာႏိုင္ေပမဲ့ သီယာဂိုကေတာ့ စြန္႔စားမႈ မျပဳလုပ္ခ်င္တာေၾကာင့္ လြဲေခ်ာ္ဦးမွာ ျဖစ္ပါတယ္။

ကေလာ့ပ္က “နာဘီနဲ႔ဂ်ိဳရယ္တို႔ မေန႔က ေလ့က်င့္ခန္း အျပည့္ဆင္းခဲ့ပါတယ္။ သီယာဂိုကေတာ့ ေလ့က်င့္ခန္းမွာ မပါ၀င္ခဲ့ပါဘူး။ လက္ရွိ အေျခအေနက အဲ့ဒါပါပဲ။ သူတို႔ ေလ့က်င့္ခဲ့ေပမဲ့ ကြ်န္ေတာ္ ဘာမွ မဆံုးျဖတ္ရေသးတာေၾကာင့္ လက္ရွိမွာ အဲ့ဒီသတင္းမွာ ဘာလုပ္ရမယ္ဆုိတာ မသိေသးပါဘူး။ ဆံုးျဖတ္ခ်က္ခ်ဖို႔အတြက္ ေနာက္ထပ္ ၁ရက္ေလာက္ အခ်ိန္ရွိပါေသးတယ္။ ကစားသမား အမ်ားစု ေလယာဥ္နဲ႔ ပါလာဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။ ဒါေၾကာင့္ ဆံုးျဖတ္ခ်က္ေတြကို ေနာက္က်မွ လုပ္ႏိုင္မွာပါ”လို႔ ေျပာခဲ့ပါတယ္။

ဆက္လက္ျပီး ကေလာ့ပ္က လက္ရွိမွာ အရမ္းေစာလြန္းေနေသးတဲ့အတြက္ ကစားသမားေတြ ဘယ္လို အေျခအေန ရွိမယ္ဆုိတာ မသိေသးေၾကာင္း ေျပာသြားခဲ့ပါတယ္။ လီဗာပူးအသင္းဟာ အတၱလႏၱာနဲ႔ ပဲြျပီးရင္ေတာ့ မန္စီးတီးန႔ဲ ပဲြၾကီးပဲြေကာင္း ကစားရဦးမွာ ျဖစ္ပါတယ္။