
ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့အောင်မြင်လှတဲ့ကစားသမားဘဝတစ်လျှောက်
မှာအတ္တလန္တာအသင်းကိုတစ်ကြိမ်တည်းဘဲအနိုင်ရရှိခဲ့ဖူးပြီးဂျူဗင်တပ်မှာကစား
စဉ်တုန်းကပင်နယ်တီပါလွဲခဲ့ဖူးပါသေးတယ်။
အိုလီဂန်းနားဆိုးလ်ရှားဦးဆောင်တဲ့သရဲနီဟာယနေ့ညမှာဂက်စ်ပါရီနီဦးဆောင်တဲ့
အတ္တလန္တာအသင်းကိုချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ်ရင်ဆိုင်ကစားရပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာအတ္တလန္တာအသင်းနဲ့ကစားသမားဘဝတစ်လျှောက်
ခြောက်ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီးယင်း၆ပွဲမှာ၁၈ဂိုးအထိအပြန်အလှန်သွင်းခဲ့ကြပါတယ်။
ယင်းမှ၄ပွဲစီးရီးအေမှာဆုံခဲ့တာဖြစ်ပြီးကျန်၂ပွဲကကိုပါအီတာလီယာမှာထိပ်
တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာအတ္တလန္တာနဲ့ရင်ဆိုင်ခဲ့ဖူးတဲ့၆ပွဲမှာ၃ဂိုးသွင်းထား
ပါတယ်။ပထမဆုံးဂိုးသွင်းခဲ့ဖူးတာ၂၀၁၈ခုနှစ်ဒီဇင်ဘာလတုန်းက၂ဂိုးစီ
သရေကျတဲ့စီးရီးအေပွဲစဉ်မှာအရန်ခုံကနေထလာပြီးနောက်ချေပဂိုးသွင်းခဲ့
တာဖြစ်ပါတယ်။ယင်းနောက်တစ်လအကြာမှာတွေ့ဆုံခဲ့ရာမှာအတ္တလန္တာကို
3-ဝဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ယင်းနောက်စီးရီးအေမှာပြန်တွေ့ခဲ့ရာ၁ဂိုးစီသရေ
ကျပြီးရော်နယ်ဒိုထပ်မံဂိုးပေါက်ပျောက်ခဲ့ပါတယ်။
သူဟာ၂၀၂၀ခုနှစ်၊ဇူလိုင်လမှာတွေ့တဲ့ပွဲမှာ၂ဂိုးသွင်းနိုင်ခဲ့ပေမယ့်၂ဂိုးစီသရေနဲ့
ပြီးသွားခဲ့ပါတယ်။သူဟာယခုနှစ်မေလတုန်းကကိုပါအီတာလီယာဖလား
ဗိုလ်လုပွဲမှာအတ္တလန္တာကို၂-၁ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်အတွက်၁၃၄ပွဲကစားခဲ့ရာမှာ၁၀၁ဂိုး
အထိသွင်းယူနိုင်ခဲ့ပေမယ့်အတ္တလန္တာနဲ့ရင်ဆိုင်ရတုန်းရုန်းကန်ရမှုကတော့
အံ့ဩစရာကောင်းလှပါတယ်။
အိုလီဂန်းနားဆိုးလ်ရှားဟာချန်ပီယံလိဂ်မှာထိပ်တိုက်တွေ့မယ့်အတ္တလန္တာနှင့်
ပွဲစဉ်မှာစီးရီးအေအတွေ့အကြုံရှိတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုအားကိုးအား
ထားပြုလာမှာယုံမှားသံသယဖြစ်စရာမရှိပါဘူး။
ဒါပေမယ့်သူ့ရဲ့အတ္တလန္တာနဲ့ရင်ဆိုင်ရတုန်းရုန်းကန်ရမှုကစိုးရိမ်စရာပါ။
တစ်ဖက်မှာသူဟာမန်ယူရဲ့နောက်ဆုံးလေးပွဲမှာတစ်ဂိုးတည်းဘဲသွင်းထား
နိုင်ပါသေးတယ်။
တကယ်လို့များ တိုက်ဆိုင်မှုတွေပေါင်းစုံပြီးတကယ်ဖြစ်လာခဲ့မယ်ဆိုရင်
တော့ဆိုးလ်ရှားအတွက်ဖိအားတွေကတဖြည်းဖြည်းများသထက်များလာ
တော့မှာဖြစ်ပါတယ်။
ဒါပေမယ့်မန်ယူဟာယနေ့ညပွဲစဉ်မှာအတ္တလန္တာကိုအနိုင်ရခဲ့မယ်ဆိုရင်တော့
၁၆သင်းရှုံးထွက်အဆင့်သို့တက်နိုင်ဖို့အတွက်အခွင့်အရေးကောင်းပိုင်ဆိုင်
လာတော့မှာလည်းဖြစ်ပါတယ်။
Zawgyi
အတၱလႏၲာႏွင့္ရင္ဆိုင္ခဲ့တဲ့ပြဲမ်ားမွာ ဆိုး႐ြားတဲ့ မွတ္တမ္းပိုင္ဆိုင္ထားတဲ့ CR7
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ေအာင္ျမင္လွတဲ့ကစားသမားဘဝတစ္ေလွ်ာက္
မွာအတၱလႏၲာအသင္းကိုတစ္ႀကိမ္တည္းဘဲအႏိုင္ရရွိခဲ့ဖူးၿပီးဂ်ဴဗင္တပ္မွာကစား
စဥ္တုန္းကပင္နယ္တီပါလြဲခဲ့ဖူးပါေသးတယ္။
အိုလီဂန္းနားဆိုးလ္ရွားဦးေဆာင္တဲ့သရဲနီဟာယေန႔ညမွာဂက္စ္ပါရီနီဦးေဆာင္တဲ့
အတၱလႏၲာအသင္းကိုခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ရင္ဆိုင္ကစားရပါမယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအတၱလႏၲာအသင္းနဲ႔ကစားသမားဘဝတစ္ေလွ်ာက္
ေျခာက္ႀကိမ္ရင္ဆိုင္ခဲ့ဖူးၿပီးယင္း၆ပြဲမွာ၁၈ဂိုးအထိအျပန္အလွန္သြင္းခဲ့ၾကပါတယ္။
ယင္းမွ၄ပြဲစီးရီးေအမွာဆုံခဲ့တာျဖစ္ၿပီးက်န္၂ပြဲကကိုပါအီတာလီယာမွာထိပ္
တိုက္ေတြ႕ခဲ့တာျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအတၱလႏၲာနဲ႔ရင္ဆိုင္ခဲ့ဖူးတဲ့၆ပြဲမွာ၃ဂိုးသြင္းထား
ပါတယ္။ပထမဆုံးဂိုးသြင္းခဲ့ဖူးတာ၂၀၁၈ခုႏွစ္ဒီဇင္ဘာလတုန္းက၂ဂိုးစီ
သေရက်တဲ့စီးရီးေအပြဲစဥ္မွာအရန္ခုံကေနထလာၿပီးေနာက္ေခ်ပဂိုးသြင္းခဲ့
တာျဖစ္ပါတယ္။ယင္းေနာက္တစ္လအၾကာမွာေတြ႕ဆုံခဲ့ရာမွာအတၱလႏၲာကို
၃-ဝဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ယင္းေနာက္စီးရီးေအမွာျပန္ေတြ႕ခဲ့ရာ၁ဂိုးစီသေရ
က်ၿပီးေရာ္နယ္ဒိုထပ္မံဂိုးေပါက္ေပ်ာက္ခဲ့ပါတယ္။
သူဟာ၂၀၂၀ခုႏွစ္၊ဇူလိုင္လမွာေတြ႕တဲ့ပြဲမွာ၂ဂိုးသြင္းႏိုင္ခဲ့ေပမယ့္၂ဂိုးစီသေရနဲ႔
ၿပီးသြားခဲ့ပါတယ္။သူဟာယခုႏွစ္ေမလတုန္းကကိုပါအီတာလီယာဖလား
ဗိုလ္လုပြဲမွာအတၱလႏၲာကို၂-၁ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္အတြက္၁၃၄ပြဲကစားခဲ့ရာမွာ၁၀၁ဂိုး
အထိသြင္းယူႏိုင္ခဲ့ေပမယ့္အတၱလႏၲာနဲ႔ရင္ဆိုင္ရတုန္း႐ုန္းကန္ရမႈကေတာ့
အံ့ဩစရာေကာင္းလွပါတယ္။
အိုလီဂန္းနားဆိုးလ္ရွားဟာခ်န္ပီယံလိဂ္မွာထိပ္တိုက္ေတြ႕မယ့္အတၱလႏၲာႏွင့္
ပြဲစဥ္မွာစီးရီးေအအေတြ႕အႀကဳံရွိတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအားကိုးအား
ထားျပဳလာမွာယုံမွားသံသယျဖစ္စရာမရွိပါဘူး။
ဒါေပမယ့္သူ႔ရဲ႕အတၱလႏၲာနဲ႔ရင္ဆိုင္ရတုန္း႐ုန္းကန္ရမႈကစိုးရိမ္စရာပါ။
တစ္ဖက္မွာသူဟာမန္ယူရဲ႕ေနာက္ဆုံးေလးပြဲမွာတစ္ဂိုးတည္းဘဲသြင္းထား
ႏိုင္ပါေသးတယ္။
တကယ္လို႔မ်ား တိုက္ဆိုင္မႈေတြေပါင္းစုံၿပီးတကယ္ျဖစ္လာခဲ့မယ္ဆိုရင္
ေတာ့ဆိုးလ္ရွားအတြက္ဖိအားေတြကတျဖည္းျဖည္းမ်ားသထက္မ်ားလာ
ေတာ့မွာျဖစ္ပါတယ္။
ဒါေပမယ့္မန္ယူဟာယေန႔ညပြဲစဥ္မွာအတၱလႏၲာကိုအႏိုင္ရခဲ့မယ္ဆိုရင္ေတာ့
၁၆သင္းရႈံးထြက္အဆင့္သို႔တက္ႏိုင္ဖို႔အတြက္အခြင့္အေရးေကာင္းပိုင္ဆိုင္
လာေတာ့မွာလည္းျဖစ္ပါတယ္။