အတ္တလန္တာ – ရိုးမား
ချန်ပီယံလိဂ်ကနေထွက်ခဲ့ရပေမယ့် စီးရီးအေမှာတော့ အတ္တလန္တာ ၆ပွဲဆက်နိုင်ပြီး
တတိယနေရာအထိတက် လာတယ်။ ဒီပွဲနိုင်ရင် အင်တာနဲ့ ၃မှတ်အကွာ
ရောက် လာမှာမို့ ချန်ပီယံဖြစ်ဖို့တောင် မျှော်လင့်ချက်ရှိလာမှာ ပါ။
အင်တာပြီးရင်သွင်းဂိုးအများဆုံးဖြစ်တဲ့ အတ္တလန္တာ တိုက်စစ်က
ဒီရာသီပြိုင်ပွဲစုံ ၂၃ပွဲမှာ ၁ဂိုးထက်ပိုသွင်း နိုင်တာ ၁၇ပွဲတောင်ရှိခဲ့တာပါ။
ရိုးမားက စပီဇီယာနဲ့ပွဲ မှာ နိုင်ပွဲပြန်ရခဲ့ပေမယ့် ကစားပုံအားရစရာမရှိခဲ့ပါဘူး။
လာဇီယိုနဲ့ ဂျူဗင်တပ်ကိုသာမက ဗီရိုနာ၊ ဗီနီဇီယာနဲ့ ဘိုလော့ဂ်နာတို့ကိုလည်း
ရှုံးခဲ့တဲ့ ရိုးမားရဲ့အဝေးကွင်း စွမ်းဆောင်ရည်က အတ္တလန္တာကွင်းမှာလည်း
ရုန်းကန် ရဦးမှာပါ။ အတ္တလန္တာနိုင်ရင် ၂-၁၊ ၃-၁ ဖြစ်နိုင်တာမို့ အပေါ်စုံကြိုက်တယ်။
ရွေးချယ်မှု – အတ္တလန္တာ / ဂိုးအပေါ်
ဘိုလော့ဂ်နာ – ဂျူဗင်တပ်
ဘိုလော့ဂ်နာခြေစွမ်းက မှန်းရခက်ပါတယ်။ နိုဝင်ဘာ လအတွင်းကစားခဲ့တဲ့
၅ပွဲမှာ ၄ပွဲနိုင်ခဲ့ပေမယ့် လက်ရှိ မှာတော့ ဖီအိုနဲ့ တိုရီနိုကို ၂ပွဲဆက်ရှုံးထားတယ်။
ဒီရာ သီအိမ်ကွင်း ၉ပွဲမှာ ၄ပွဲဂိုးမပေးရတဲ့ခံစစ်ကတော့ အ တိုင်းအတာတစ်ရပ်အထိ
ယုံကြည်လို့ရပါတယ်။ ဂျူဗင် တပ်ကလည်း နောက်ပိုင်းပွဲတွေမှာခံစစ်ကို
ပိုအာရုံစိုက် လာတာမို့ ပေးဂိုးနည်းလာသလို ဂိုးသွင်းနှုန်းလည်းကျ သွားပါတယ်။
ပြိုင်ပွဲစုံနောက်ဆုံး ၈ပွဲမှာဆိုရင် ဂိုးမပေး ရတာ ၅ပွဲရှိခဲ့သလို ၁ဂိုးထက်
ပိုသွင်းနိုင်တာကလည်း ၃ပွဲသာရှိခဲ့တာပါ။ ဂျူဗင်တပ်တိုက်စစ်မှာ
ဒိုင်ဘာလာ နဲ့ ချီယေဆာဒဏ်ရာရနေတာမို့ မိုရာတာတစ်ဦးတည်း ရုန်းရပါလိမ့်မယ်။
ဂိုးအောက်တစ်ကွက်တည်းရွေးသင့် တဲ့ပွဲပါ။
ရွေးချယ်မှု – ဂိုးအောက်
ကက်ဂလီယာရီ – အူဒီးနီးစ်
၂သင်းစလုံး ကိုပါအီတာလီယာမှာ နိုင်ပွဲကိုယ်စီပြန်ရခဲ့ တယ်။
ကက်ဂလီယာရီအတွက် နောက်ဆုံး ၁၀ပွဲမှာ ပ ထမဆုံးနိုင်ပွဲဖြစ်သလို
အူဒီးနီးစ်အတွက်လည်း နောက် ဆုံး ၁၅ပွဲမှာ ဒုတိယမြောက်နိုင်ပွဲဖြစ်ခဲ့တာပါ။
ကက်ဂလီ ယာရီဟာ နိုင်ပွဲရဖို့သာရုန်းကန်နေရပေမယ့် အိမ်ကွင်း မှာတော့
၃ပွဲဆက်ရှုံးပွဲမရှိခဲ့ပါဘူး။ အူဒီးနီးစ်က ယာယီ နည်းပြနဲ့အလုပ်ဖြစ်နေပေမယ့်
အိမ်ကွင်းပွဲတွေသာဖြစ် ပြီး အဝေးကွင်းကတော့ စောင့်ကြည့်ရဦးမှာပါ။
အဝေး ကွင်း ၇ပွဲဆက်နိုင်ပွဲမရှိသလို ပွဲတိုင်းဂိုးပေးခဲ့ရတဲ့ အူဒီး နီးစ်အနေနဲ့
ကက်ဂလီယာရီကွင်းမှာလည်း ရုန်းကန်ရဖို့ များပါတယ်။
ကက်ဂလီယာရီ အနိမ့်ဆုံးသရေရမှာပါ။
ရွေးချယ်မှု – ကက်ဂလီယာရီ
zawgyi
အတ္တလန္တာအပေါ်စုံနဲ့ ဘိုလော့ဂ်နာ – ဂျူဗင်တပ်ပွဲ ဂိုးအောက် အဖြေရှာကြည့်မိတဲ့ စနေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
အတ္တလန္တာ ရိုးမား