အတ္တလန်တာကို အနိုင်ကစားမယ်ဆိုတဲ့ ဖာနန်ဒက်စ်
မနက်ဖြန် မနက် အစောပိုင်းမှာ ကစားမယ့် အတ္တလန်တာအသင်းနဲ့
မန်ယူအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အတွက် ပွဲမတိုင်မီ သတင်းစာ
ရှင်းလင်းပွဲကိုတော့ မနေ့ညက ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ သတင်းစားရှင်းလင်းပွဲကို နည်းပြဆိုးလ်ရှားနဲ့အတူ အသင်းကိုယ်စားပြု
ကစားသမားအဖြစ် ကွင်းလယ်လူ ဖာနန်ဒက်စ်က တက်ရောက်ခဲ့ပါတယ်။
အတ္တလန်တာအသင်းနဲ့ ပွဲစဉ်ကို သေချာပေါက် အနိုင်ကစားဖို့ စိတ်ပိုင်းဖြတ်
ထားတယ်လို့ ဖာနန်ဒက်စ်က အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
” ပြီးခဲ့တဲ့ လီဗာပူးလ်ကို ရှုံးနိမ့်တဲ့ပွဲအပြီးမှာ ကျွန်တော်တို့တွေဟာ ပရိသတ်တွေကို
စိတ်ပျက်စေခဲ့တယ်။ ဒါ့ကြောင့် စပါးနဲ့ပွဲမှာ အထူး အာရုံစိုက် ကစားခဲ့ပြီး
အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုလည်း နောက်ထပ် ပွဲတစ်ပွဲကို
ထပ်ပြီး အာရုံစိုက်ပြီး ကစားသွားမှာပါ”” ကျွန်တော်တို့ဆီမှာ ကောင်းမွန်တဲ့
ကစားသမားစာရင်းကို ပိုင်ဆိုင်ထားပါတယ်။
ရော်နာ်ဒို နဲ့ ကာဗာနီတို့ဟာ စပါးနဲ့ပွဲမှာ အသင်းရဲ့ နိုင်ပွဲအတွက် အခရာကျခဲ့တယ်။
စပါး နဲ့ပွဲက အသင်းလိုက်ကစားပုံကလည်းအတော်လေး အားရစရာကောင်းတယ်”
” အတ္တလန်တာ နဲ့ ပွဲစဉ်ကိုလည်း ကျွန်တော်တို့ အနိုင်ကစားမယ်လို့
စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ ဖာနန်ဒက်စ်ကပြောဆိုခဲ့ပါတယ်။
မန်ယူအသင်းနဲ့ အတ္တလန်တာအသင်းတို့ရဲ့ ပွဲစဉ်ကို မနက်ဖြန် မနက် (၂) နာရီ
(၃၀) မိနစ် အတ္တလန်တာအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
Zawgyi
ရော်န်ာဒို နဲ့ ကာဗာနီတို့ဟာ စပါးနဲ့ပွဲမှာ အသင်းရဲ့ နိုင်ပွဲအတွက် အခရာကျခဲ့တယ်။