
ဆီဗီလာကွင်းလယ်လူ အိုင်ဗန်ရာကီတစ် ဟာ
ဘာစီလိုနာပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့်
သူ့ရဲ့ဆီဗီလာ အသင်းဝတ်စုံကိုချွတ်ပေးလိုက်ရတဲ့အတွက်
ကွင်းထဲမှာအတွင်းခံဘောင်းဘီသာကျန်တော့တဲ့အထိဖြစ်ခဲ့ရတယ်လို့သိရပါတယ်။
တနင်္ဂနွေနေ့က နူးကမ့်ကွင်းမှာ သူ့အသင်းဟောင်း
ဘာစီလိုနာနဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာဒီဖြစ်ရပ်ပေါ်ပေါက်ခဲ့တာပါ။
ရာကီတစ်အတွက်တော့ ဆီဗီလာနဲ့အတူ အသင်းဟောင်းဘာစီလိုနာကို
အဝေးကွင်းမှာရင်ဆိုင်ခဲ့ဖူးပေမယ့် ကွင်းထဲမှာပရိသတ်တွေအပြည့်နဲ့ရင်ဆိုင်ရတာ
အခုကပထမဆုံးအကြိမ်ဖြစ်ပြီး ဆီဗီလာက ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပါတယ်။
၂၀၂၀ တုန်းက ဘာစီလိုနာကနေထွက်ပြီး ဆီဗီလာ ကိုရောက်ခဲ့တဲ့ ရာကီတစ် ဟာ
၂၀၁၅တုန်းက ဘာစီလိုနာအသင်းနည်းပြ အင်းနရစ်နဲ့အတူ
ဖလား ၃ လုံးရရှိခဲ့ရာမှာအဓိကကျတဲ့သူလည်းဖြစ်ခဲ့ပါတယ်။
ဘာစီလိုနာပရိသတ်တွေဟာ သူတို့ရဲ့အချစ်တော်ဖြစ်နေသေးတဲ့
ရာကီတစ်ကို အိမ်ကွင်းမှာပထမဆုံးပြန်လည်ကြိုဆိုခွင့်ရရှိခဲ့ပြီးနောက်
သူသွေးပူလေ့ကျင့်ခန်းလုပ်ချိန်မှာ လက်ခုပ်တီးအားပေးခဲ့ကြတာပါ။
အပြန်အလှန်အားဖြင့်ပွဲပြီးချိန်မှာ ရာကီတစ်က သူ့ရဲ့အင်္ကျီနဲ့ဘောင်းဘီ ကိုချွတ်ပေးခဲ့လို့
အတွင်းခံဘောင်းဘီသာကျန်ခဲ့တော့တာဖြစ်ပြီး
ဒီအတိုင်းဘဲ ကွင်းထဲကိုဖြတ်ပြေးကာအဝတ်လဲခန်းထဲကိုဝင်သွားခဲ့ရပါတယ်။
ဒီလိုအားပေးခံခဲ့ရပေမယ့် ရာကီတစ်ဟာပွဲချိန်အတွင်းမှာတော့
ဘာစီလိုနာအသင်းရဲ့အံ့အားသင့်ဖွယ်ရာလူငယ်ဖြစ်တဲ့ ပီဒရီ ရဲ့လှည့်ဖျားခြင်းကိုခံခဲ့ရပါတယ်။
ပီဒရီ ဟာသူဂိုးမသွင်းခင်မှာ ရာကီတစ်ကိုလှည့်ထွက်ပြီးဂိုးရဲ့အောက်ဘက်ထောင့်ကိုကန်သွင်းကာ
တစ်လုံးတည်းသောအနိုင်ဂိုးကိုရယူပေးခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာဟာရာကီတစ်ကို လက်လွှတ်ခဲ့ရပြီးနောက်
သူ့နေရာမှာလူငယ်ဖြစ်တဲ့ ပီဒရီနဲ့အစားထိုးလိုက်တာဖြစ်ပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရာကီတစ်ဟာ ဆီဗီလာကနေဘဲ
ဘာစီလိုနာကိုပြောင်းလာခဲ့သူဖြစ်ပြီး နူးကမ့်မှာ ၆နှစ်ကြာကစားခဲ့ကာ
လာလီဂါချန်ပီယံ ၄ ကြိမ်အပါအဝင်ဆုဖလားပေါင်း ၁၃ လုံးအထိရယူနိုင်ခဲ့တာပါ။
၂၀၁၅တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းဂျူဗင်တပ်နဲ့တွေ့တော့
ရာကီတစ်က ဂိုးသွင်းနိုင်ခဲ့သေးပြီးသူ့ဂိုးကို ကလပ်ပရိသတ်တွေကအမှတ်ရနေကြဆဲဖြစ်ပါတယ်။
မနေ့ညကပွဲအပြီးမှာ ရာကီတစ် ကို ဘာစီလိုနာကဘက်စ်ကွက် နဲ့
အယ်လ်ဘာတို့ကလာနှုတ်ဆက်ပြီး စကားပြောဆိုခဲ့ကြသေးကြောင်းလည်းသိရပါတယ်။
zawgyi
အတြင္းခံေဘာင္းဘီသာက်န္တဲ့အထိျဖစ္ခဲ့တဲ့ ရာကီတစ္ရဲ႕အျဖစ္
ဆီဗီလာကြင္းလယ္လူ အိုင္ဗန္ရာကီတစ္ ဟာ
ဘာစီလိုနာပရိသတ္ေတြရဲ႕ေတာင္းဆိုမႈေၾကာင့္
သူ႔ရဲ႕ဆီဗီလာ အသင္းဝတ္စုံကိုခြၽတ္ေပးလိုက္ရတဲ့အတြက္
ကြင္းထဲမွာအတြင္းခံေဘာင္းဘီသာက်န္ေတာ့တဲ့အထိျဖစ္ခဲ့ရတယ္လို႔သိရပါတယ္။
တနဂၤေႏြေန႔က ႏူးကမ့္ကြင္းမွာ သူ႔အသင္းေဟာင္း
ဘာစီလိုနာနဲ႔ရင္ဆိုင္ခဲ့ရတဲ့ပြဲမွာဒီျဖစ္ရပ္ေပၚေပါက္ခဲ့တာပါ။
ရာကီတစ္အတြက္ေတာ့ ဆီဗီလာနဲ႔အတူ အသင္းေဟာင္းဘာစီလိုနာကို
အေဝးကြင္းမွာရင္ဆိုင္ခဲ့ဖူးေပမယ့္ ကြင္းထဲမွာပရိသတ္ေတြအျပည့္နဲ႔ရင္ဆိုင္ရတာ
အခုကပထမဆုံးအႀကိမ္ျဖစ္ၿပီး ဆီဗီလာက ၁-၀ နဲ႔ရႈံးနိမ့္ခဲ့ပါတယ္။
၂၀၂၀ တုန္းက ဘာစီလိုနာကေနထြက္ၿပီး ဆီဗီလာ ကိုေရာက္ခဲ့တဲ့ ရာကီတစ္ ဟာ
၂၀၁၅တုန္းက ဘာစီလိုနာအသင္းနည္းျပ အင္းနရစ္နဲ႔အတူ
ဖလား ၃ လုံးရရွိခဲ့ရာမွာအဓိကက်တဲ့သူလည္းျဖစ္ခဲ့ပါတယ္။
ဘာစီလိုနာပရိသတ္ေတြဟာ သူတို႔ရဲ႕အခ်စ္ေတာ္ျဖစ္ေနေသးတဲ့
ရာကီတစ္ကို အိမ္ကြင္းမွာပထမဆုံးျပန္လည္ႀကိဳဆိုခြင့္ရရွိခဲ့ၿပီးေနာက္
သူေသြးပူေလ့က်င့္ခန္းလုပ္ခ်ိန္မွာ လက္ခုပ္တီးအားေပးခဲ့ၾကတာပါ။
အျပန္အလွန္အားျဖင့္ပြဲၿပီးခ်ိန္မွာ ရာကီတစ္က သူ႔ရဲ႕အက်ႌနဲ႔ေဘာင္းဘီ ကိုခြၽတ္ေပးခဲ့လို႔
အတြင္းခံေဘာင္းဘီသာက်န္ခဲ့ေတာ့တာျဖစ္ၿပီး
ဒီအတိုင္းဘဲ ကြင္းထဲကိုျဖတ္ေျပးကာအဝတ္လဲခန္းထဲကိုဝင္သြားခဲ့ရပါတယ္။
ဒီလိုအားေပးခံခဲ့ရေပမယ့္ ရာကီတစ္ဟာပြဲခ်ိန္အတြင္းမွာေတာ့
ဘာစီလိုနာအသင္းရဲ႕အံ့အားသင့္ဖြယ္ရာလူငယ္ျဖစ္တဲ့ ပီဒရီ ရဲ႕လွည့္ဖ်ားျခင္းကိုခံခဲ့ရပါတယ္။
ပီဒရီ ဟာသူဂိုးမသြင္းခင္မွာ ရာကီတစ္ကိုလွည့္ထြက္ၿပီးဂိုးရဲ႕ေအာက္ဘက္ေထာင့္ကိုကန္သြင္းကာ
တစ္လုံးတည္းေသာအႏိုင္ဂိုးကိုရယူေပးခဲ့တာျဖစ္ပါတယ္။
ဘာစီလိုနာဟာရာကီတစ္ကို လက္လႊတ္ခဲ့ရၿပီးေနာက္
သူ႔ေနရာမွာလူငယ္ျဖစ္တဲ့ ပီဒရီနဲ႔အစားထိုးလိုက္တာျဖစ္ပါတယ္။
အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ ရာကီတစ္ဟာ ဆီဗီလာကေနဘဲ
ဘာစီလိုနာကိုေျပာင္းလာခဲ့သူျဖစ္ၿပီး ႏူးကမ့္မွာ ၆ႏွစ္ၾကာကစားခဲ့ကာ
လာလီဂါခ်န္ပီယံ ၄ ႀကိမ္အပါအဝင္ဆုဖလားေပါင္း ၁၃ လုံးအထိရယူႏိုင္ခဲ့တာပါ။
၂၀၁၅တုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘာစီလိုနာအသင္းဂ်ဴဗင္တပ္နဲ႔ေတြ႕ေတာ့
ရာကီတစ္က ဂိုးသြင္းႏိုင္ခဲ့ေသးၿပီးသူ႔ဂိုးကို ကလပ္ပရိသတ္ေတြကအမွတ္ရေနၾကဆဲျဖစ္ပါတယ္။
မေန႔ညကပြဲအၿပီးမွာ ရာကီတစ္ ကို ဘာစီလိုနာကဘက္စ္ကြက္ နဲ႔
အယ္လ္ဘာတို႔ကလာႏႈတ္ဆက္ၿပီး စကားေျပာဆိုခဲ့ၾကေသးေၾကာင္းလည္းသိရပါတယ္။