အဓိက ကစားသမား(၄)ဦးရဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မကင်းဖြစ်နေတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့်ရက်ပိုင်းအတွင်း ဘန်လေ၊ လီဗာပူးလ်တို့နဲ့ ပရီးမီးယားလိဂ်ပွဲတွေ ဆက်တိုက်ကစားရမယ့် ယူနိုက်တက်အသင်းမှာ အဓိက ကစားသမား(၄)ဦး ဒဏ်ရာကြောင့် ကြံ့ခိုင်မှု မပြည့်ဝဖြစ်နေတာကြောင့် နည်းပြဆိုးလ်ရှားအတွက် စိုးရိမ်စရာဖြစ်နေပါပြီ။

ယူနိုက်တက်အသင်းရဲ့ အမာခံ ကစားသမားတွေဖြစ်တဲ့ ပေ့ါဘာ၊ လုခ်ရှော၊ လင်ဒီလော့ဖ်တို့ဟာ ကြံ့ခိုင်မှုပြဿနာကြောင့် ဝက်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် နောက်ခံလူ အဲရစ်ဘာယီဟာလည်း ဝက်ဖို့ဒ်နဲ့ပွဲမှာ အသင်းဖော် ဂိုးသမားဟန်ဒါဆန်နဲ့ မတော်တဆထိခိုက်မှုကြောင့် လည်ပင်းမှာ ဒဏ်ရာရရှိခဲ့ပြန်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုလာမယ့် အင်္ဂါနေ့မှာ ဘန်လေနဲ့ အဝေးကွင်းပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒါပြီးရင်တော့ ဇန်နဝါရီ(၁၇)ရက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ လီဗာပူးလ်အသင်းကို အန်ဖီးလ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဆိုးလ်ရှားကတော့ ဝက်ဖို့ဒ်နဲ့ပွဲကို လွဲချော်ခဲ့တဲ့ ပေ့ါဘာ၊ လုခ်ရှော၊ လင်ဒီလော့ဖ်တို့ထဲက တစ်ဦးဦးဟာ လီဗာပူးလ်နဲ့ကစားမယ့်ပွဲမှာ အချိန်မီပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဆိုးလ်ရှားက “လီဗာပူးလ်နဲ့ပွဲမှာ ဒီကစားသမား(၃)ဦးထဲက တစ်ဦးလောက်တော့ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဘန်လေနဲ့ကစားမယ့်ပွဲမှာတော့ သူတို့ ပါဝင်နိုင်မလားဆိုတာ အတိအကျမပြောနိုင်ပါဘူး”လို့ ဆိုခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ FA ဖလားပွဲမှာ ဂိုးသမား ဟန်ဒါဆန်ရဲ့ ဒူးနဲ့ထိခိုက်မိခဲ့တဲ့ ဘာယီဟာ ဦးခေါင်းပိုင်းမှာ ထိခိုက်မှု မရှိခဲ့တာကြောင့် စိုးရိမ်စရာအနေအထား မဟုတ်ပေမယ့်လည်း ဘန်လေနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။

ဒါ့အပြင် အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ လင်ဒီလော့ဖ်ကလည်း ဘန်လေနဲ့ပွဲကို လွဲချော်ဖို့ ရှိနေတာကြောင့် ဆိုးလ်ရှားအနေနဲ့ ဒီရာသီမှာ အသင်းအတွက် ဝင်ကစားခွင့်ရတဲ့ပွဲတိုင်း ပုံမှန်ခြေစွမ်းပြကစားနေတဲ့ လူငယ်ကစားသမား တွမ်ဇီဘီကို မက်ဂွိုင်းယားနဲ့တွဲဖက် အသုံးပြုသွားဖို့ ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လာမယ့္ရက္ပိုင္းအတြင္း ဘန္ေလ၊ လီဗာပူးလ္တို႔နဲ႔ ပရီးမီးယားလိဂ္ပြဲေတြ ဆက္တိုက္ကစားရမယ့္ ယူႏိုက္တက္အသင္းမွာ အဓိက ကစားသမား(၄)ဦး ဒဏ္ရာေၾကာင့္ ႀကံ့ခိုင္မႈ မျပည့္ဝျဖစ္ေနတာေၾကာင့္ နည္းျပဆိုးလ္ရွားအတြက္ စိုးရိမ္စရာျဖစ္ေနပါၿပီ။ ယူႏိုက္တက္အသင္းရဲ႕ အမာခံ ကစားသမားေတြျဖစ္တဲ့ ေပ့ါဘာ၊ လုခ္ေရွာ၊ လင္ဒီေလာ့ဖ္တို႔ဟာ ႀကံ့ခိုင္မႈျပႆနာေၾကာင့္ ဝက္ဖို႔ဒ္အသင္းကို အႏိုင္ရခဲ့တဲ့ FA ဖလားပြဲမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။

ဒါ့အျပင္ ေနာက္ခံလူ အဲရစ္ဘာယီဟာလည္း ဝက္ဖို႔ဒ္နဲ႔ပြဲမွာ အသင္းေဖာ္ ဂိုးသမားဟန္ဒါဆန္နဲ႔ မေတာ္တဆထိခိုက္မႈေၾကာင့္ လည္ပင္းမွာ ဒဏ္ရာရရွိခဲ့ျပန္ပါတယ္။ ယူႏိုက္တက္အသင္းဟာ အခုလာမယ့္ အဂၤါေန႔မွာ ဘန္ေလနဲ႔ အေဝးကြင္းပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ဒါၿပီးရင္ေတာ့ ဇန္နဝါရီ(၁၇)ရက္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အၿပိဳင္ျဖစ္ေနတဲ့ လီဗာပူးလ္အသင္းကို အန္ဖီးလ္မွာ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ဆိုးလ္ရွားကေတာ့ ဝက္ဖို႔ဒ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့တဲ့ ေပ့ါဘာ၊ လုခ္ေရွာ၊ လင္ဒီေလာ့ဖ္တို႔ထဲက တစ္ဦးဦးဟာ လီဗာပူးလ္နဲ႔ကစားမယ့္ပြဲမွာ အခ်ိန္မီပါဝင္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ဆိုးလ္ရွားက “လီဗာပူးလ္နဲ႔ပြဲမွာ ဒီကစားသမား(၃)ဦးထဲက တစ္ဦးေလာက္ေတာ့ ႀကံ့ခိုင္မႈအျပည့္နဲ႔ ကစားႏိုင္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ ဘန္ေလနဲ႔ကစားမယ့္ပြဲမွာေတာ့ သူတို႔ ပါဝင္ႏိုင္မလားဆိုတာ အတိအက်မေျပာႏိုင္ပါဘူး”လို႔ ဆိုခဲ့ပါတယ္။ ဝက္ဖို႔ဒ္နဲ႔ ကစားခဲ့တဲ့ FA ဖလားပြဲမွာ ဂိုးသမား ဟန္ဒါဆန္ရဲ႕ ဒူးနဲ႔ထိခိုက္မိခဲ့တဲ့ ဘာယီဟာ ဦးေခါင္းပိုင္းမွာ ထိခိုက္မႈ မရွိခဲ့တာေၾကာင့္ စိုးရိမ္စရာအေနအထား မဟုတ္ေပမယ့္လည္း ဘန္ေလနဲ႔ပြဲမွာ ပါဝင္ကစားႏိုင္ဖို႔ မေသခ်ာေသးပါဘူး။ ဒါ့အျပင္ အဓိက ေနာက္ခံလူတစ္ဦးျဖစ္တဲ့ လင္ဒီေလာ့ဖ္ကလည္း ဘန္ေလနဲ႔ပြဲကို လြဲေခ်ာ္ဖို႔ ရွိေနတာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ ဒီရာသီမွာ အသင္းအတြက္ ဝင္ကစားခြင့္ရတဲ့ပြဲတိုင္း ပုံမွန္ေျခစြမ္းျပကစားေနတဲ့ လူငယ္ကစားသမား တြမ္ဇီဘီကို မက္ဂြိဳင္းယားနဲ႔တြဲဖက္ အသုံးျပဳသြားဖို႔ ရွိေနပါၿပီ။