
မန်ယူအသင်းဟာ မနက်ဖြန်ညမှာတော့ မန်ချက်စတာ ဒါဘီ ပွဲစဉ်အဖြစ်
အိမ်ကွင်းအိုးလ်ထရက်ဒ်ဖို့ဒ်မှာ ယှဥ်ပြိုင်ကစားဖို့ရှိနေပါတယ်။
မန်ယူအသင်းအတွက်ရော နည်းပြဆိုးလ်ရှားအတွက်ပါ အရေးပါတဲ့
ပွဲစဥ်တစ်ပွဲဖြစ်လာမယ့် ဒီပွဲမှာ မန်ယူအသင်းဟာ အဓိက ကစားသမား
(၂) ယောက်အထိ လွဲချော်မှာဖြစ်ပါတယ်။
နောက်ခံလူ ဗာရန်းဟာ ပြီးခဲ့တဲ့ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်
ပထမပိုင်းမှာပဲ ဒဏ်ရာရသွားခဲ့ပြီး တစ်လလောက် အနားယူရမဖွယ်ရှိနေပါတယ်။
ဗာရန်းဟာ Nations League ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းအတွက် ကစားပေးရင်း
ဒဏ်ရာရခဲ့တာကြောင့် ရက်သတ္တပတ် (၂) ပတ်ကျော်လောက်
အနားယူနေခဲ့ရပြီးနောက် ပထမဆုံး ပြန်ကစားတဲ့ပွဲမှာ ဒဏ်ရာ ထပ်မံရရှိခဲ့လို့
မန်ယူအသင်းအတွက်တော့ နစ်နာစရာဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် လီဗာပူးလ် နဲ့ ပွဲမှာ အနီကဒ် ပြသခံခဲ့ရလို့ ပွဲပယ် ပြစ်ဒဏ်ထိထားတဲ့
ပေါ့ဘာဟာလည်း ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဥ်ကို လွဲချော်ခဲ့သလို လာမယ့်
မန်စီးတီးပွဲကိုလည်း ဆက်လက်လွဲချော်ဦးမှာဖြစ်ပါတယ်။
နောက်ခံလူ လင်ဒီလော့ဖ်ကလည်း အတ္တလန်တာအသင်းနဲ့ ပွဲမတိုင်မီမှာ
အသေးစား ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဖွယ်ရာ အနေအထား မဟုတ်ဘူးလို့
သိရပေမယ့်လည်း မန်စီးတီးနဲ့ပွဲကို ပါဝင်နိုင်ဖို့ မသေချာသေးတဲ့ အနေအထားဖြစ်ပါတယ်။
ဒီရာသီမှာ ပွဲတိုင်းလိုလို ဂိုးပေးထားခဲ့ရတဲ့ မန်ယူအသင်းရဲ့ ခံစစ်ပိုင်းအတွက်တော့
အခုလိုမျိုး အဓိက ကစားသမားအချို့ မပါဝင်နိုင်မယ့် အနေအထားကြောင့်
မန်စီးတီးအသင်းကို အိမ်ကွင်းမှာ အနိုင်ရဖို့ ရုန်းကန်ရမယ့် အနေအထားမှာလည်း
ရှိလို့နေပါတယ်။
Zawgyi
အဓိက ကစားသမား (၂) ယောက် မပါဘဲ စီးတီးကို ရင်ဆိုင်ရမယ့် ယူနိုက်တက်
ရှိလို့နေပါတယ်။