အနာဂတ်မှာထိပ်တန်းအဆင့်ရောက်ရှိနိုင်လာတဲ့ အီသန်အန်းနစ်

စီနီယာ အသင်းရဲ့ အဓိက ကစားသမား အများစု နှင့် လူငယ်ကြယ်ပွင့်အချို့က

သက်ဆိုင်ရာနိုင်ငံလက်ရွေးစင်အသင်းတွေနဲ့ သွားရောက်ပူးပေါင်းလျက်ရှိပေမယ့်

ယူနိုက်တက် ယူ -၁၈ အသင်းကတော့ ကြာသပတေးနေ့မှာ

ဆန်းဒါးလန်းအသင်းနဲ့ ကစားခဲ့ရပါတယ်။

အဆိုပါပွဲစဉ်ကိုတော့ယူနိုက်တက်က ပထမပိုင်းပြီးဖို့ ( ၅ ) မိနစ်အလိုမှာ

သွင်းယူခဲ့တဲ့ အီသန် အန်းနစ်ရဲ့ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လူငယ် ကစားသမားလေးဟာ အဆိုပါပွဲစဉ် မတိုင်မီ ( ၂ ) ပွဲမှာ ( ၄ ) ဂိုးထိ

သွင်းယူနိုင်ခဲ့တာကြောင့်( ၃ ) ပွဲမှာ ( ၅ ) ဂိုးသွင်း ရယူနိုင်တဲ့

မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

အန်းနစ်ဟာ ပြီးခဲ့တဲ့အပတ်ကလီဗာပူး အသင်းဟောင်းနဲ့ ( ၅-၅ ) သရေကျခဲ့တဲ့

ပွဲစဉ်မှာ ( ၂ ) ဂိုးသွင်းယူခဲ့သလို စနေနေ့က လိဒ်ကို ( ၄-၁ ) အနိုင်ရခဲ့တဲ့

ပွဲစဉ်မှာလည်းနောက်ထပ် ( ၂ ) ဂိုး သွင်းယူနိုင်ခဲ့ပြန်ပါတယ်။

ယူနိုက်တက် လူငယ် အသင်းဟာ ယူ -၁၈ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့

အမှတ်ပေးဇယား အဆင့် ( ၅ ) နေရာမှာရပ်တည်နေပေမယ့်

အဆင့် ( ၁ ) နှင့်အဆင့်( ၂ ) နေရာတွေက စီးတီး နှင့်

လီဗာပူးအသင်းအောက် ( ၄ ) ပွဲလျော့ ကစားထားပါတယ်။

အသက်(၁၇)နှစ်သာရှိသေးတဲ့အီသန်အန်းနစ်ဟာ

အနာဂတ်မှာထိပ်တန်းအဆင့်ရောက်ရှိနိုင်လာတဲ့ကစားသမားတစ်ဦးအဖြစ်

သတ်မှတ်ခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်း

လူငယ် FA ဖလားပြိုင်ပွဲမှာဗိုလ်လုပွဲအဆင့်အထိ

တက်ရောက်နိုင်အောင် အဓိကခြေစွမ်းပြကစားခဲ့သူပါ။

အန်းနစ်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးယူ-၁၈အသင်းအတွက်

ပါဝင်ကစားခွင့်ရခဲ့ပြီး FA လူငယ်ဖလားပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တာ

အပါအဝင် (၈)ပွဲကစား၊ (၅)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

လီဗာပူး အသင်းကနေပြောင်းလာတဲ့ အဲဒီကစားသမားလေးကို

ယူနိုက်တက်တို့အနေနဲ့ ပရိုစာချုပ်ချုပ်ဆိုခဲ့တာပါ။

အခုဆိုရင် သွင်းဂိုးတွေမှာ ဆရာကျတဲ့ အီသန်အန်းနစ်ဟာ

ယူနိုက်တက်အတွက် ဘယ်လောက်တောင် တောက်ပပေးနိုင်မယ့်

ကြယ်တစ်ပွင့်လည်း ဆိုတာစောင့်ကြည့်ကြပါစို့

zawgyi

အနာဂတ္မွာထိပ္တန္းအဆင့္ေရာက္ရွိႏိုင္လာတဲ့ အီသန္အန္းနစ္

စီနီယာ အသင္းရဲ႕ အဓိက ကစားသမား အမ်ားစု ႏွင့္ လူငယ္ၾကယ္ပြင့္အခ်ိဳ႕က

သက္ဆိုင္ရာႏိုင္ငံလက္ေ႐ြးစင္အသင္းေတြနဲ႔ သြားေရာက္ပူးေပါင္းလ်က္ရွိေပမယ့္

ယူႏိုက္တက္ ယူ -၁၈ အသင္းကေတာ့ ၾကာသပေတးေန႔မွာ

ဆန္းဒါးလန္းအသင္းနဲ႔ ကစားခဲ့ရပါတယ္။

အဆိုပါပြဲစဥ္ကိုေတာ့ယူႏိုက္တက္က ပထမပိုင္းၿပီးဖို႔ ( ၅ ) မိနစ္အလိုမွာ

သြင္းယူခဲ့တဲ့ အီသန္ အန္းနစ္ရဲ႕ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

လူငယ္ ကစားသမားေလးဟာ အဆိုပါပြဲစဥ္ မတိုင္မီ ( ၂ ) ပြဲမွာ ( ၄ ) ဂိုးထိ

သြင္းယူႏိုင္ခဲ့တာေၾကာင့္( ၃ ) ပြဲမွာ ( ၅ ) ဂိုးသြင္း ရယူႏိုင္တဲ့

မွတ္တမ္းေကာင္းတစ္ခု ပိုင္ဆိုင္ထားၿပီျဖစ္ပါတယ္။

အန္းနစ္ဟာ ၿပီးခဲ့တဲ့အပတ္ကလီဗာပူး အသင္းေဟာင္းနဲ႔ ( ၅-၅ ) သေရက်ခဲ့တဲ့

ပြဲစဥ္မွာ ( ၂ ) ဂိုးသြင္းယူခဲ့သလို စေနေန႔က လိဒ္ကို ( ၄-၁ ) အႏိုင္ရခဲ့တဲ့

ပြဲစဥ္မွာလည္းေနာက္ထပ္ ( ၂ ) ဂိုး သြင္းယူႏိုင္ခဲ့ျပန္ပါတယ္။

ယူႏိုက္တက္ လူငယ္ အသင္းဟာ ယူ -၁၈ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕

အမွတ္ေပးဇယား အဆင့္ ( ၅ ) ေနရာမွာရပ္တည္ေနေပမယ့္

အဆင့္ ( ၁ ) ႏွင့္အဆင့္( ၂ ) ေနရာေတြက စီးတီး ႏွင့္

လီဗာပူးအသင္းေအာက္ ( ၄ ) ပြဲေလ်ာ့ ကစားထားပါတယ္။

အသက္(၁၇)ႏွစ္သာရွိေသးတဲ့အီသန္အန္းနစ္ဟာ

အနာဂတ္မွာထိပ္တန္းအဆင့္ေရာက္ရွိႏိုင္လာတဲ့ကစားသမားတစ္ဦးအျဖစ္

သတ္မွတ္ခံထားရသူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက လီဗာပူးအသင္း

လူငယ္ FA ဖလားၿပိဳင္ပြဲမွာဗိုလ္လုပြဲအဆင့္အထိ

တက္ေရာက္ႏိုင္ေအာင္ အဓိကေျခစြမ္းျပကစားခဲ့သူပါ။

အန္းနစ္ဟာ ၿပီးခဲ့တဲ့ရာသီက လီဗာပူးယူ-၁၈အသင္းအတြက္

ပါဝင္ကစားခြင့္ရခဲ့ၿပီး FA လူငယ္ဖလားၿပိဳင္ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့တာ

အပါအဝင္ (၈)ပြဲကစား၊ (၅)ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။

လီဗာပူး အသင္းကေနေျပာင္းလာတဲ့ အဲဒီကစားသမားေလးကို

ယူႏိုက္တက္တို႔အေနနဲ႔ ပ႐ိုစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။

အခုဆိုရင္ သြင္းဂိုးေတြမွာ ဆရာက်တဲ့ အီသန္အန္းနစ္ဟာ

ယူႏိုက္တက္အတြက္ ဘယ္ေလာက္ေတာင္ ေတာက္ပေပးႏိုင္မယ့္

ၾကယ္တစ္ပြင့္လည္း ဆိုတာေစာင့္ၾကည့္ၾကပါစို႔