အနာဂတ်ရွှေဘောလုံးဆုရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ယာအိုဖီးလစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းနောက်ခံလူ စတီဖင်ဆာဗစ်က အသင်းဖော်တိုက်စစ်မှူး ယာအိုဖီးလစ်အနေနဲ့ တစ်နေ့နေ့မှာ ရွှေဘောလုံးဆုရှင်ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပေမယ့် မက်ဒရစ်အခြေစိုက်အသင်းနဲ့အတူ အရင်ဆုံး ဆုဖလားရယူနိုင်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။


အက်သလက်တီကိုအသင်းဟာ ၂၀၁၉ ဇူလိုင်လက ဖီးလစ်ကို ဘင်ဖီကာအသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၂၆ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုဟာ ပေါ်တူဂီလူငယ်ကြယ်ပွင့်လေးကို ခေါ်ယူနိုင်ဖို့ မြို့ခံပြိုင်ဘက် ရီးရဲလ်အပါအဝင် ဥရောပထိပ်တန်းကလပ်တွေကို ကျော်ဖြတ်ခဲ့ရပေမယ့် ဖီးလစ်အနေနဲ့ ပတ်ဝန်းကျင်အသစ်မှာ အထိုင်ကျဖို့ အချိန်ယူခဲ့ရပါတယ်။

အသက် ၂၁နှစ်အရွယ်ရှိ ဖီးလစ်ဟာ အက်သလက်တီကိုကစားသမားဘ၀ ပထမဆုံးရာသီမှာ ၃၆ပွဲကစား ၉ဂိုးသာသွင်းယူနိုင်ခဲ့ပြီး သူကိုယ်တိုင်ကလည်း အသင်းရဲ့ပွဲထွက်စာရင်းမှာ ပါတစ်လှည်၊ မပါတစ်လှည့်နဲ့ ရုန်းကန်ခဲ့ရပါတယ်။


ဒါပေမဲ့ သူဟာ ယခုရာသီမှာတော့ အထူးခြေစွမ်းပြနေပြီး အက်သလက်တီကိုအသင်း လာလီဂါမှာ ရှုံးပွဲမရှိစံချိန်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေမှုရဲ့အဓိကကျသူအဖြစ် လာလီဂါ ၁၀ပွဲမှာ ၅ဂိုးသွင်းယူထားသလို ချန်ပီယံလိဂ်မှာလည်း ၅ပွဲကစား ၃ဂိုးအထိသွင်းယူထားပါတယ်။


ဆာဗစ်က ပေါ်တူဂီလက်ရွေးစင် ဖီးလစ်အနေနဲ့ အက်သလက်တီကိုကစားသမားဘဝအစောပိုင်းမှာ ဝေဖန်ခံခဲ့ရတာက မတရားကြောင်း၊ တကယ်လို့ ဒီပုံစံအတိုင်းသာ ဆက်လက်ခြေစွမ်းပြနိုင်မယ်ဆိုရင် ဖီးလစ်အနေနဲ့ တစ်ဦးချင်းထူးချွန်ဆုတွေအနက် ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်တဲ့ ရွှေဘောလုံးဆုပါ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။


”ဖီးလစ်က သူများနဲ့မတူ ကွဲပြားခြားနားတဲ့ကစားသမားတစ်ဦးပါ။ သူ့လိုမျိုး ကျွန်တော်တို့အသင်းမှာ ဘယ်သူမှမရှိပါဘူး။ သူ့အနေနဲ့ အသက်ငယ်သေးလို့ ဒီထက်အများကြီးပိုမိုတိုးတက်လာဦးမှာပါ။ သူ့ဘက်က ကိုယ်တိုးတက်လာဖို့ အကောင်းဆုံးကလပ်ကို ရွေးချယ်နိုင်ရမှာပါ”

”သူ့မှာ ကြီးကျယ်တဲ့အနာဂတ်ရှိနေပြီး ဒီပုံစံအတိုင်းသာ ဆက်လက်တိုးတက်လာရင် ရွှေဘောလုံးဆုရှင်ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အက်သလက်တီကိုနဲ့အတူ အောင်မြင်မှုရယူဖို့တော့ အရင်ဆုံးလိုအပ်ပါတယ်”လို့ မွန်တီနီဂရိုးလက်ရွေးစင် ဆာဗစ်က ပြောပါတယ်။

ဆာဗစ်က လာလီဂါချန်ပီယံဆုနဲ့ပတ်သက်လို့ ဒီအချိန်မှာ သုံးသပ်ဆွေးနွေးဖို့က အရမ်းစောလွန်းသေးတယ်လို့ ပြောပါတယ်။ အက်သလက်တီကိုဟာ လာလီဂါမှာ ၁၀ပွဲကစားထားချိန်မှာ ဒုတိယနေရာက ဆိုစီဒက်ကို ၂ပွဲလျော့၊ ၁မှတ်အသာနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး လက်ရှိချန်ပီယံရီးရဲလ်ကို တစ်ပွဲလျော့၊ ၆မှတ်၊ ချန်ပီယံဟောင်း ဘာစီလိုနာကို ပွဲတူ ၁၂ မှတ်အထိ ဖြတ်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
အနာဂတ္ေရႊေဘာလုံးဆုရွင္အျဖစ္ သတ္မွတ္ခံထားရတဲ့ ယာအိုဖီးလစ္

အက္သလက္တီကိုအသင္းေနာက္ခံလူ စတီဖင္ဆာဗစ္က အသင္းေဖာ္တုိက္စစ္မွဴး ယာအိုဖီးလစ္အေနနဲ႔ တစ္ေန႔ေန႔မွာ ေရႊေဘာလုံးဆုရွင္ျဖစ္လာႏုိင္တယ္လုိ႔ ေဟာကိန္းထုတ္လုိက္ေပမယ့္ မက္ဒရစ္အေျခစိုက္အသင္းနဲ႔အတူ အရင္ဆုံး ဆုဖလားရယူႏုိင္ဖို႔ လိုအပ္ေနတယ္လုိ႔ ေျပာပါတယ္။ အက္သလက္တီကိုအသင္းဟာ ၂၀၁၉ ဇူလိုင္လက ဖီးလစ္ကို ဘင္ဖီကာအသင္းကေန ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူ႐ုိ ၁၂၆ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကိုဟာ ေပၚတူဂီလူငယ္ၾကယ္ပြင့္ေလးကို ေခၚယူႏိုင္ဖို႔ ၿမိဳ႕ခံၿပိဳင္ဘက္ ရီးရဲလ္အပါအ၀င္ ဥေရာပထိပ္တန္းကလပ္ေတြကို ေက်ာ္ျဖတ္ခဲ့ရေပမယ့္ ဖီးလစ္အေနနဲ႔ ပတ္၀န္းက်င္အသစ္မွာ အထုိင္က်ဖို႔ အခ်ိန္ယူခဲ့ရပါတယ္။ အသက္ ၂၁ႏွစ္အရြယ္ရွိ ဖီးလစ္ဟာ အက္သလက္တီကိုကစားသမားဘ၀ ပထမဆုံးရာသီမွာ ၃၆ပဲြကစား ၉ဂိုးသာသြင္းယူႏုိင္ခဲ့ၿပီး သူကိုယ္တုိင္ကလည္း အသင္းရဲ႕ပြဲထြက္စာရင္းမွာ ပါတစ္လွည္၊ မပါတစ္လွည့္နဲ႔ ႐ုန္းကန္ခဲ့ရပါတယ္။

ဒါေပမဲ့ သူဟာ ယခုရာသီမွာေတာ့ အထူးေျခစြမ္းျပေနၿပီး အက္သလက္တီကိုအသင္း လာလီဂါမွာ ႐ံႈးပြဲမရွိစံခ်ိန္နဲ႔ ထိပ္ဆုံးကေန ဦးေဆာင္ေနမႈရဲ႕အဓိကက်သူအျဖစ္ လာလီဂါ ၁၀ပဲြမွာ ၅ဂိုးသြင္းယူထားသလုိ ခ်န္ပီယံလိဂ္မွာလည္း ၅ပြဲကစား ၃ဂိုးအထိသြင္းယူထားပါတယ္။ ဆာဗစ္က ေပၚတူဂီလက္ေရြးစင္ ဖီးလစ္အေနနဲ႔ အက္သလက္တီကိုကစားသမားဘ၀အေစာပုိင္းမွာ ေ၀ဖန္ခံခဲ့ရတာက မတရားေၾကာင္း၊ တကယ္လုိ႔ ဒီပုံစံအတုိင္းသာ ဆက္လက္ေျခစြမ္းျပႏုိင္မယ္ဆုိရင္ ဖီးလစ္အေနနဲ႔ တစ္ဦးခ်င္းထူးခၽြန္ဆုေတြအနက္ ဂုဏ္သိကၡာအႀကီးမားဆုံးျဖစ္တဲ့ ေရႊေဘာလုံးဆုပါ ရယူႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။

”ဖီးလစ္က သူမ်ားနဲ႔မတူ ကြဲျပားျခားနားတဲ့ကစားသမားတစ္ဦးပါ။ သူ႕လိုမ်ိဳး ကၽြန္ေတာ္တုိ႔အသင္းမွာ ဘယ္သူမွမရွိပါဘူး။ သူ႕အေနနဲ႔ အသက္ငယ္ေသးလုိ႔ ဒီထက္အမ်ားႀကီးပိုမိုတုိးတက္လာဦးမွာပါ။ သူ႕ဘက္က ကိုယ္တုိးတက္လာဖို႔ အေကာင္းဆုံးကလပ္ကို ေရြးခ်ယ္ႏိုင္ရမွာပါ။ သူ႕မွာ ႀကီးက်ယ္တဲ့အနာဂတ္ရွိေနၿပီး ဒီပုံစံအတုိင္းသာ ဆက္လက္တုိးတက္လာရင္ ေရႊေဘာလုံးဆုရွင္ျဖစ္လာႏုိင္ပါတယ္။ ဒါေပမ့ဲ အက္သလက္တီကိုနဲ႔အတူ ေအာင္ျမင္မႈရယူဖုိ႔ေတာ့ အရင္ဆုံးလိုအပ္ပါတယ္”လုိ႔ မြန္တီနီဂ႐ိုးလက္ေရြးစင္ ဆာဗစ္က ေျပာပါတယ္။

ဆာဗစ္က လာလီဂါခ်န္ပီယံဆုနဲ႔ပတ္သက္လုိ႔ ဒီအခ်ိန္မွာ သုံးသပ္ေဆြးေႏြးဖို႔က အရမ္းေစာလြန္းေသးတယ္လုိ႔ ေျပာပါတယ္။ အက္သလက္တီကိုဟာ လာလီဂါမွာ ၁၀ပြဲကစားထားခ်ိန္မွာ ဒုတိယေနရာက ဆုိစီဒက္ကို ၂ပြဲေလ်ာ့၊ ၁မွတ္အသာနဲ႔ ထိပ္ဆုံးကေန ဦးေဆာင္ေနၿပီး လက္ရွိခ်န္ပီယံရီးရဲလ္ကို တစ္ပြဲေလ်ာ့၊ ၆မွတ္၊ ခ်န္ပီယံေဟာင္း ဘာစီလုိနာကို ပြဲတူ ၁၂ မွတ္အထိ ျဖတ္ထားပါတယ္။