အနာဂတ်အတွက် ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်တဲ့ ယူနိုက်တက်အပယ်ခံ ဗန်ဒီဘိခ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာဆက်နေပြီး နေရာတစ်နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

နယ်သာလန်သားဟာ ယူနိုက်တက်မှာပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြောင့် အသင်းပြောင်းဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အင်တာမီလန်အသင်းက ချိတ်ဆက်နေတာဖြစ်ပါတယ်။

ဗန်ဒီဘိခ်တစ်ယောက် အေဂျက်စ်ကနေ ရောက်ရှိလာပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသလို ဆိုးလ်ရှားကလည်း ဖာနန်ဒက်စ်ကိုသာ ဦးစားပေးအဖြစ် ပွဲထုတ်နေခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ ကစားသမားပွဲထုတ်မှုနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့သလို ဗန်ဒီဘိခ်ဟာ အင်္ဂလန်မှာအထိုင်ကျဖို့ အချိန်လိုအပ်တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။

အင်တာမီလန်အသင်းက ဗန်ဒီဘိခ်ကို ချိတ်ဆက်နေပေမယ့် တရားဝင်မကမ်းလှမ်းရသေးသလို ယခင်တုန်းကလည်း အင်တာဟာ ယူနိုက်တက်ထံကနေ လူကာကူ ၊ ဆန်းချက်ဇ်တို့ကို ခေါ်ယူထားခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမဲ့ သတင်းဌာနတစ်ခုကတော့ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဗန်ဒီဘိခ်ကတော့ သူယူနိုက်တက်ကိုပြောင်းလာတာဟာ အခွင့်အရေးကောင်းတွေရယူချင်တာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ဒီနှစ် ဘောလုံးရာသီမှာ ဝက်ဖိုဒ်အသင်းနဲ့ မကစားခဲ့ရချိန်အထိ အသင်းအတွက် (၇၆၂) မိနစ်သာ ပါဝင်ကစားထားရသေးတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်ကစားသမားဟောင်း ဗန်ဒါးဆားကြောင့် အေဂျက်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာသူလည်းဖြစ်ပြီး သူဟာ အေဂျက်အသင်းရဲ့အောင်မြင်မှုတွေမှာ အဓိကကစားသမားတစ်ဦးဖြစ်ခဲ့သူပါ။

ဒါပေမယ့် ယူနိုက်တက်အသင်းကိုရောက်ရှိလာချိန်မှာ သူ့ရဲ့ တစ်ချက်ထိ ဘောလုံးအမြန်ကစားနိုင်စွမ်းဟာ ယူနိုက်တက်အသင်းရဲ့ လက်ရှိကစားနေဟန်နဲ့ အံမဝင်သေးသလို သူဖန်တီးပေးလိုက်တဲ့ ဘောလုံးတွေကို လည်း ယူနိုက်တက်ရှေ့တန်းက တိုက်စစ်မှူးတွေက အသုံးမချနိုင်သေးပါဘူး။ ဝက်ဖိုဒ်နဲ့ပွဲက ပထမပိုင်း (၄၂)မိနစ်မှာ မာတာကိုနောက်ပေါက်နဲ့ချပေးတဲ့အလုံးသာ သွင်းယူနိုင်ခဲ့မယ်ဆိုရင် ဗန်ဒိဘိခ်နဲ့ မာတာရဲ့အချိတ်အဆက်ဟာ FA ပွဲတစ်ပွဲအတွက် အလွန်လှပတဲ့ ဂိုးဖန်တီးမှုတစ်ခု ဖြစ်သွားနိုင်ပေမယ့် ဝက်ဖိုဒ် ဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဒီအခွင့်အရေးဆုံးရှုံးသွားခဲ့ရတာပါ။

ဒါပေမယ့် ဗန်ဒိဘိခ်ဟာ ဝက်ဖိုဒ်နဲ့ ကစားခဲ့တဲ့ FA ဖလား တတိယအဆင့်ပွဲစဉ်မှာ ပေးပို့မှုအကြိမ် ၇၀ အထိလုပ်နိုင်ခဲ့ပြီး ၄ ကြိမ်သာလွဲချော်ခဲ့ပါတယ်။ ဘောလုံးဆယ်ယူမှု ၁၁ ကြိမ်ရှိခဲ့သလို ဘယ်ကစားသမားထက်မဆို သူ့ရဲ့စွမ်းဆောင်နိုင်မှုဟာပိုများပါတယ် ။ ဒါကြောင့်လည်း မကြာခင်မှာ ယူနိုက်တက်အသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာရလာမယ်လို့ ဗန်ဒီဘိခ်က အခိုင်အမာယုံကြည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အနာဂတ္အတြက္ ဆံုးျဖတ္ခ်က္ ခ်လိုက္ျပီျဖစ္တဲ့ ယူႏိုက္တက္အပယ္ခံ ဗန္ဒီဘိခ္

သတင္းေတြအရ ယူႏိုက္တက္ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္မွာဆက္ေနျပီး ေနရာတစ္ေနရာအတြက္ တိုက္ပြဲ၀င္ဖုိ႔ ဆံုးျဖတ္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ နယ္သာလန္သားဟာ ယူႏုိက္တက္မွာပြဲထြက္ခြင့္ေပ်ာက္ဆံုးေနတာေၾကာင့္ အသင္းေျပာင္းဖြယ္ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနျပီး အင္တာမီလန္အသင္းက ခ်ိတ္ဆက္ေနတာျဖစ္ပါတယ္။ ဗန္ဒီဘိခ္တစ္ေယာက္ ေအဂ်က္စ္ကေန ေရာက္ရွိလာျပီးေနာက္ ပံုမွန္ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနသလို ဆိုးလ္ရွားကလည္း ဖာနန္ဒက္စ္ကိုသာ ဦးစားေပးအျဖစ္ ပြဲထုတ္ေနခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားကေတာ့ ကစားသမားပြဲထုတ္မႈနဲ႔ပတ္သက္ျပီး ကာကြယ္ေျပာၾကားခဲ့သလို ဗန္ဒီဘိခ္ဟာ အဂၤလန္မွာအထိုင္က်ဖို႔ အခ်ိန္လိုအပ္တယ္လုိ႔ အခိုင္အမာဆုိခဲ့ပါတယ္။ အင္တာမီလန္အသင္းက ဗန္ဒီဘိခ္ကို ခ်ိတ္ဆက္ေနေပမယ့္ တရား၀င္မကမ္းလွမ္းရေသးသလို ယခင္တုန္းကလည္း အင္တာဟာ ယူႏုိက္တက္ထံကေန လူကာကူ ၊ ဆန္းခ်က္ဇ္တို႔ကို ေခၚယူထားခဲ့ေသးတာျဖစ္ပါတယ္။ ဒါေပမဲ့ သတင္းဌာနတစ္ခုကေတာ့ ဗန္ဒီဘိခ္ဟာ ယူႏုိက္တက္မွာပဲ ဆက္ရွိေနဖို႔ ဆံုးျဖတ္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဗန္ဒီဘိခ္ကေတာ့ သူယူႏုိက္တက္ကိုေျပာင္းလာတာဟာ အခြင့္အေရးေကာင္းေတြရယူခ်င္တာျဖစ္တယ္လို႔လည္း ဆိုခဲ့ပါတယ္။ ဗန္ဒီဘိခ္ဟာ ဒီႏွစ္ ေဘာလုံးရာသီမွာ ဝက္ဖိုဒ္အသင္းနဲ႔ မကစားခဲ့ရခ်ိန္အထိ အသင္းအတြက္ (၇၆၂) မိနစ္သာ ပါဝင္ကစားထားရေသးတဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕က ယူႏိုက္တက္ကစားသမားေဟာင္း ဗန္ဒါးဆားေၾကာင့္ ေအဂ်က္အသင္း ကေန မန္ခ်က္စတာ ယူႏိုက္တက္ အသင္းကို ေျပာင္းေ႐ႊ႕လာသူလည္းျဖစ္ၿပီး သူဟာ ေအဂ်က္အသင္းရဲ႕ေအာင္ျမင္မႈေတြမွာ အဓိကကစားသမားတစ္ဦးျဖစ္ခဲ့သူပါ။

ဒါေပမယ့္ ယူႏိုက္တက္အသင္းကိုေရာက္ရွိလာခ်ိန္မွာ သူ႔ရဲ႕ တစ္ခ်က္ထိ ေဘာလုံးအျမန္ကစားႏိုင္စြမ္းဟာ ယူႏိုက္တက္အသင္းရဲ႕ လက္ရွိကစားေနဟန္နဲ႔ အံမဝင္ေသးသလို သူဖန္တီးေပးလိုက္တဲ့ ေဘာလုံးေတြကို လည္း ယူႏိုက္တက္ေရွ႕တန္းက တိုက္စစ္မႉးေတြက အသုံးမခ်ႏိုင္ေသးပါဘူး။ ဝက္ဖိုဒ္နဲ႔ပြဲက ပထမပိုင္း (၄၂)မိနစ္မွာ မာတာကိုေနာက္ေပါက္နဲ႔ခ်ေပးတဲ့အလုံးသာ သြင္းယူႏိုင္ခဲ့မယ္ဆိုရင္ ဗန္ဒိဘိခ္နဲ႔ မာတာရဲ႕အခ်ိတ္အဆက္ဟာ FA ပြဲတစ္ပြဲအတြက္ အလြန္လွပတဲ့ ဂိုးဖန္တီးမႈတစ္ခု ျဖစ္သြားႏိုင္ေပမယ့္ ဝက္ဖိုဒ္ ဂိုးသမား ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ဒီအခြင့္အေရးဆုံးရႈံးသြားခဲ့ရတာပါ။ ဒါေပမယ့္ ဗန္ဒိဘိခ္ဟာ ဝက္ဖိုဒ္နဲ႔ ကစားခဲ့တဲ့ FA ဖလား တတိယအဆင့္ပြဲစဥ္မွာ ေပးပို႔မႈအႀကိမ္ ၇၀ အထိလုပ္ႏိုင္ခဲ့ၿပီး ၄ ႀကိမ္သာလြဲေခ်ာ္ခဲ့ပါတယ္။ ေဘာလုံးဆယ္ယူမႈ ၁၁ ႀကိမ္ရွိခဲ့သလို ဘယ္ကစားသမားထက္မဆို သူ႔ရဲ႕စြမ္းေဆာင္ႏိုင္မႈဟာပိုမ်ားပါတယ္ ။ ဒါေၾကာင့္လည္း မၾကာခင္မွာ ယူႏိုက္တက္အသင္းရဲ႕ ပုံမွန္ပြဲထြက္ခြင့္တစ္ေနရာရလာမယ္လို႔ ဗန္ဒီဘိခ္က အခိုင္အမာယုံၾကည္ေနပါတယ္။