အနားယူဖို့ အစီအစဉ်မရှိသေးဘဲ နှစ်ပေါင်းများစွာ ကစားချင်သေးတယ်လို့ ဆိုလာတဲ့ ရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခရစ္စတီယာနို ရော်နယ်ဒိုက အသက် ၃၆နှစ် ပြည့်တော့မှာ ဖြစ်ပေမဲ့အနားယူဖို့ အစီအစဉ် မရှိသေးဘဲ နှစ်ပေါင်းများစွာ ကစားချင်သေးတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်စ် တိုက်စစ်မှူးဟာ ၂၀၁၉-၂၀ရာသီမှာ ၃၁ပွဲကစားပြီး ဂိုး၂၀ သွင်းခဲ့ကာ စီးရီးအေ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေခဲ့ပြီး ယခုနှစ်ရာသီ လိဂ်ပွဲ ၁၀ပွဲမှာ ၁၂ဂိုး သွင်းထားခဲ့ပါတယ်။

၂၀၂၀ခုနှစ်မှာ ၃၃ဂိုး သွင်းထားခဲ့ပြီး စီးရီးအေ သမိုင်းတစ်လျောက် ၁နှစ်အတွင်း စတုတ္ထမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

အဆိုပါ သွင်းဂိုးပမာဏကြောင့် ရော်နယ်ဒိုဟာ ထိပ်တန်းလိဂ် ၅လိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် လီဝမ်ဒေါ့စကီး(၃၂ဂိုး)ကို ကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုက “အသက်အရွယ်က အရေးမပါပါဘူး။ အရေးပါတာက စိတ်ပါပဲ။ ရော်နယ်ဒို ကောင်းတာက ဘာကိစ္စမှ မရှိဘဲ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး။ ကျွန်တော်က လက်ရှိဘဝမှာပဲ နေနေတာပါ”

“အခုအချိန်က အဆင်ပြေပြီး ကျွန်တော်လည်း ပျော်နေကာ ဘဝထဲ ကောင်းကောင်းနေရတဲ့ အချိန်ပါပဲ။ ကျွန်တော် နှစ်တွေအများကြီး ကစားဖို့ မျှော်လင့်ထားပေမဲ့ ဘာဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဘာစီလိုနာကို ၃ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာ ၂ဂိုး သွင်းခဲ့သလို ဂျီနိုအာ၊ ပါးမားတို့နဲ့ ပွဲတွေမှာလည်း ၂ဂိုးစီ ထပ်သွင်းနိုင်ခဲ့ပေမဲ့ အတ္တလန္တာနဲ့ ပွဲမှာတော့ ပင်နယ်တီ လွဲခဲ့ပါတယ်။

ရော်နယ်ဒိုတစ်ယောက် ခြေစွမ်းပြနေပေမဲ့ ဂျူဗင်တပ်စ်အသင်းဟာ အဆင့်၆နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး အေစီမီလန်ရဲ့နောက် ၁၀မှတ်အကွာမှာ ရှိနေကာ ပေါ်တူဂီသားကတော့ ပရိသတ်မပါတဲ့ အခြေအနေက သူ့ကို စိတ်ပျက်စေခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အနားယူဖုိ႔ အစီအစဥ္မရွိေသးဘဲ ႏွစ္ေပါင္းမ်ားစြာ ကစားခ်င္ေသးတယ္လို႔ ဆုိလာတဲ့ ေရာ္နယ္ဒို

ခရစၥတီယာႏုိ ေရာ္နယ္ဒိုက အသက္ ၃၆ႏွစ္ ျပည့္ေတာ့မွာ ျဖစ္ေပမဲ့ အနားယူဖို႔ အစီအစဥ္ မရွိေသးဘဲ ႏွစ္ေပါင္းမ်ားစြာ ကစားခ်င္ေသးတဲ့အေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ တုိက္စစ္မွဴးဟာ ၂၀၁၉-၂၀ရာသီမွာ ၃၁ပဲြကစားျပီး ဂိုး၂၀ သြင္းခဲ့ကာ စီးရီးေအ ဒုတိယေျမာက္ ဂိုးသြင္းအမ်ားဆံုး ကစားသမား ျဖစ္ေနခဲ့ျပီး ယခုႏွစ္ရာသီ လိဂ္ပြဲ ၁၀ပြဲမွာ ၁၂ဂိုး သြင္းထားခဲ့ပါတယ္။

၂၀၂၀ခုႏွစ္မွာ ၃၃ဂိုး သြင္းထားခဲ့ျပီး စီးရီးေအ သမိုင္းတစ္ေလ်ာက္ ၁ႏွစ္အတြင္း စတုတၳေျမာက္ ဂိုးသြင္းအမ်ားဆံုး ကစားသမား ျဖစ္လာခဲ့ပါတယ္။ အဆိုပါ သြင္းဂိုးပမာဏေၾကာင့္ ေရာ္နယ္ဒိုဟာ ထိပ္တန္းလိဂ္ ၅လိဂ္မွာ ဂိုးသြင္းအမ်ားဆံုး ကစားသမားအျဖစ္ လီ၀မ္ေဒါ့စကီး(၃၂ဂိုး)ကို ေက်ာ္ျဖတ္ကာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ေရာ္နယ္ဒိုက “အသက္အရြယ္က အေရးမပါပါဘူး။ အေရးပါတာက စိတ္ပါပဲ။ ေရာ္နယ္ဒို ေကာင္းတာက ဘာကိစၥမွ မရွိဘဲ မနက္ျဖန္ ဘာျဖစ္မယ္ဆိုတာ မသိႏိုင္ပါဘူး။ ကြ်န္ေတာ္က လက္ရွိဘ၀မွာပဲ ေနေနတာပါ”

“အခုအခ်ိန္က အဆင္ေျပျပီး ကြ်န္ေတာ္လည္း ေပ်ာ္ေနကာ ဘ၀ထဲ ေကာင္းေကာင္းေနရတဲ့ အခ်ိန္ပါပဲ။ ကြ်န္ေတာ္ ႏွစ္ေတြအမ်ားၾကီး ကစားဖို႔ ေမွ်ာ္လင့္ထားေပမဲ့ ဘာျဖစ္လာမလဲ ဘယ္သူမွ မသိႏုိင္ပါဘူး”လို႔ ေျပာခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ဘာစီလိုနာကို ၃ဂိုးျပတ္ အနိုင္ရတဲ့ ပြဲမွာ ၂ဂိုး သြင္းခဲ့သလို ဂ်ီႏိုအာ၊ ပါးမားတို႔နဲ႔ ပြဲေတြမွာလည္း ၂ဂိုးစီ ထပ္သြင္းႏိုင္ခဲ့ေပမဲ့ အတၱလႏၱာနဲ႔ ပြဲမွာေတာ့ ပင္နယ္တီ လြဲခဲ့ပါတယ္။ ေရာ္နယ္ဒုိတစ္ေယာက္ ေျခစြမ္းျပေနေပမဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ အဆင့္၆ေနရာမွာသာ ရပ္တည္နုိင္ခဲ့ျပီး ေအစီီမီလန္ရဲ႕ေနာက္ ၁၀မွတ္အကြာမွာ ရွိေနကာ ေပၚတူဂီသားကေတာ့ ပရိသတ္မပါတဲ့ အေျခအေနက သူ႕ကို စိတ္ပ်က္ေစခဲ့ေၾကာင္း ၀န္ခံခဲ့ပါတယ္။