အနိမ့်အမြင့် အတက်အကျများနဲ့ ရော်နယ်ဒိုရဲ့ ၂၀၂၀ ခရီးစဉ်….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

“အရမ်းကောင်းတဲ့ အကြောင်းပြချက်တွေနဲ့ ကျွန်တော် အမြဲတမ်း အမှတ်ရနေစေမယ့် အားလပ်ချိန်လေးတစ်ခုပါပဲ။ ကျွန်တော့် အချိန်ကောင်းတွေ ရခဲ့တာဖြစ်ပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ ဒူဘိုင်းက နွေးထွေးတဲ့ ပရိသတ်တွေဆီကနေ အမှတ်တရကောင်းတွေ ရခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အလုပ်ပြန်ကြိုးစားရမယ့်အချိန် ရောက်လာပါပြီ။ အားအင်အပြည့်နဲ့ ပြန်နိုင်ဖို့ ဘက်ထရီအပြည့် ဖြစ်နေပြီး အရင်ကထက် ပိုပြီး တက်ကြွနေပါပြီ။ ဂျူဗင်တစ်အတွက် ရည်မှန်းချက်တွေနဲ့ရာသီတစ်ခုရဲ့ မှတ်တိုင်က အီတလီမှာတင် မကဘဲ ဥရောပအတွက်ပါ ပါဝင်ပါတယ်။” ဆိုတဲ့စာကို ရော်နယ်ဒိုက သူ့ရဲ့ အင်စတာဂရမ်မှာ ရေးတင်ထားခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုတစ်ယောက် Globe Soccer Awards ဆုပေးပွဲကို တက်ရောက်ရင်း ခရစ္စမတ်မတိုင်ခင် ဒူဘိုင်းကို ရောက်ရှိနေခဲ့ပါတယ်။

ဒူဘိုင်းဆိုတာကတော့ နာမည်ကျော်တွေအတွက် မစိမ်းတဲ့ နေရာတစ်ခု ဖြစ်ပြီး ရာသီဝက်နားရက်၊ အားလပ်ရက်၊ ရာသီကုန်အားလပ်ရက်တွေမှာ ခရီးသွားတွေနဲ့ စည်ကားတတ်တဲ့နေရာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒူဘိုင်းမင်းသား ရှိတ် ဟမ်ဒန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိပြီး ပေါ်တူဂီသား အတူတူ ပြေးစက်မှာ လေ့ကျင့်နေတဲ့ ဗီဒီယိုကို လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။ ဒီဇင်ဘာ ၂၇ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ ရော်နယ်ဒိုက ဆယ်စုနှစ် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး ဒူဘိုင်း တော်ဝင်မိသားစုရဲ့ လေးစားမှု၊ အပြုအစု ကောင်းမွန်မှု၊ နွေးထွေးပျူငှာမှုတွေအပေါ် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

၂၀၂၀ခုနှစ်ကတော့ အားလုံးသိကြတဲ့အတိုင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပြီး ရော်နယ်ဒိုလည်း လူသားတစ်ယောက် ဖြစ်တဲ့အတွက် ပိုးကူးစက်ခြင်း ခံခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ ကိုဗစ်ကူးစက်ခံရချိန်အတွင်း positive ၂ကြိမ်အထိ ပြခဲ့တာကြောင့် ၂ပတ်ကြာ ကွာရန်တင်း ဝင်ခဲ့ရပြီး ဘာစီလိုနာနဲ့ ချန်ပီယံပထမအကျော့ ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းမှာ ကစားနေရင်း ရော်နယ်ဒိုတစ်ယောက် ကိုဗစ်ကူးခံခဲ့ရတာ ဖြစ်ကာ သူမပါနိုင်တဲ့ နောက်တစ်ပွဲကို ကွင်းဘေးက အိမ်ကနေ အားပေးခဲ့ပါတယ်။

ဒီနှစ်မှာ သူ့ရဲ့ ကစားသမားဘဝ သွင်းဂိုး (၇၅၀) ပြည့်မြောက်သွားခဲ့သလို၊ နိုင်ငံအသင်းအတွက်သွင်းဂိုး (၁၀၂)ရောက်ရှိနေခဲ့ပြီး အများဆုံးသွင်းယူထားသူအလီဒါယီရဲ့စံချိန်ကိုမီဖို့(၇)ဂိုးသာလိုပါတော့တယ်။

ဒါပေမဲ့ စပီဇီယာနဲ့ ပွဲမှာ ပြန်လာနိုင်ခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ဂျူဗင်တပ်စ်ကို သွင်းဂိုးတွေနဲ့ ဆွဲတင်ပေးခဲ့ပါတယ်။

ကိုဗစ်ကူးစက်ခံရအပြီးမှာ ရော်နယ်ဒိုက ချစ်သူ ဂျော်ဂျီနာ၊ ကလေးတွေနဲ့အတူ ဇိမ်ခံသင်္ဘောပေါ်က ပုံတစ်ပုံကို တင်ခဲ့ပြီး သူပြန်လာပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
အောက်တိုဘာလတုန်း ရော်နယ်ဒိုတစ်ယောက် အိမ်ကို သူခိုးကပ်ခြင်း ခံခဲ့ရတာကလည်း ပရိသတ်တွေ စိတ်ဝင်စားခဲ့တဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။


ပေါ်တူဂီနိုင်ငံ ဖန်ချယ်မြို့နယ်က ရော်နယ်ဒိုရဲ့ နေအိမ်ဟာ ဖောက်ထွင်ခံခဲ့ရပြီး ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေ ခိုးယူခံခဲ့ရပါတယ်။

အဆိုပါ နေအိမ်ဟာ မာဒဲရာမှာ တည်ရှိပြီး ၇ထပ်မြင့်တဲ့ အဆောက်အအုံဖြစ်ကာ သူခိုးခိုးခံရချိန်မှာ ရော်နယ်ဒိုက နိုင်ငံတကာပွဲ ကစားနေပြီး ဂျော်ဂျီနာက ပဲရစ်က ဖက်ရှင်ရှိုးတစ်ခုကို ရောက်နေချိန် ဖြစ်ခဲ့ပါတယ်။

ယခုနှစ်အတွင်း အတွေ့အကြုံသစ်တွေ ရင်ဆိုင်ခဲ့ရတဲ့ ရော်နယ်ဒိုဟာ ခရစ္စမတ်နေ့မှာတော့ မိသားစုနဲ့အတူ ရှိနေကြောင်း ခရစ္စမတ်သစ်ပင်ရှေ့မှာ ချစ်သူ၊ ကလေးငယ်တွေနဲ့ အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အနိမ့္အျမင့္ အတက္အက်မ်ားနဲ႔ ေရာ္နယ္ဒိုရဲ႕ ၂၀၂၀ ခရီးစဥ္….

“အရမ္းေကာင္းတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ကြ်န္ေတာ္ အျမဲတမ္း အမွတ္ရေနေစမယ့္ အားလပ္ခ်ိန္ေလးတစ္ခုပါပဲ။ ကြ်န္ေတာ့္ အခ်ိန္ေကာင္းေတြ ရခဲ့တာျဖစ္ျပီး မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ ဒူဘိုင္းက ေႏြးေထြးတဲ့ ပရိသတ္ေတြဆီကေန အမွတ္တရေကာင္းေတြ ရခဲ့ပါတယ္။ ဒါေပမဲ့ အခုေတာ့ အလုပ္ျပန္ၾကိဳးစားရမယ့္အခ်ိန္ ေရာက္လာပါျပီ။ အားအင္အျပည့္နဲ႔ ျပန္ႏိုင္ဖို႔ ဘက္ထရီအျပည့္ ျဖစ္ေနျပီး အရင္ကထက္ ပုိျပီး တက္ၾကြေနပါျပီ။ ဂ်ဴဗင္တစ္အတြက္ ရည္မွန္းခ်က္ေတြနဲ႔ရာသီတစ္ခုရဲ႕ မွတ္တိုင္က အီတလီမွာတင္ မကဘဲ ဥေရာပအတြက္ပါ ပါ၀င္ပါတယ္။” ဆိုတဲ့စာကို ေရာ္နယ္ဒိုက သူ႕ရဲ႕ အင္စတာဂရမ္မွာ ေရးတင္ထားခဲ့ပါတယ္။ ခရစၥတီယာႏို ေရာ္နယ္ဒိုတစ္ေယာက္ Globe Soccer Awards ဆုေပးပဲြကို တက္ေရာက္ရင္း ခရစၥမတ္မတုိင္ခင္ ဒူဘိုင္းကို ေရာက္ရွိေနခဲ့ပါတယ္။ ဒူဘိုင္းဆိုတာကေတာ့ နာမည္ေက်ာ္ေတြအတြက္ မစိမ္းတဲ့ ေနရာတစ္ခု ျဖစ္ျပီး ရာသီ၀က္နားရက္၊ အားလပ္ရက္၊ ရာသီကုန္အားလပ္ရက္ေတြမွာ ခရီးသြားေတြနဲ႔ စည္ကားတတ္တဲ့ေနရာ ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ဒူဘိုင္းမင္းသား ရွိတ္ ဟမ္ဒန္နဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးမ်ိဳး ရွိျပီး ေပၚတူဂီသား အတူတူ ေျပးစက္မွာ ေလ့က်င့္ေနတဲ့ ဗီဒီယိုကို လူမႈကြန္ရက္မွာ တင္ထားခဲ့ပါတယ္။ ဒီဇင္ဘာ ၂၇ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ ဆုေပးပြဲမွာ ေရာ္နယ္ဒိုက ဆယ္စုႏွစ္ အေကာင္းဆံုး ကစားသမားဆုကို ဆြတ္ခူးခဲ့ျပီး ဒူဘုိင္း ေတာ္၀င္မိသားစုရဲ႕ ေလးစားမႈ၊ အျပဳအစု ေကာင္းမြန္မႈ၊ ေႏြးေထြးပ်ဴငွာမႈေတြအေပၚ ေက်းဇူးတင္စကား ဆုိခဲ့ပါတယ္။

၂၀၂၀ခုႏွစ္ကေတာ့ အားလံုးသိၾကတဲ့အတုိင္း ကိုရိုနာဗိုင္းရပ္စ္ရဲ႕ လႊမ္းမိုးမႈကို ခံခဲ့ရျပီး ေရာ္နယ္ဒိုလည္း လူသားတစ္ေယာက္ ျဖစ္တဲ့အတြက္ ပုိးကူးစက္ျခင္း ခံခဲ့ရပါတယ္။ ေရာ္နယ္ဒိုဟာ ကိုဗစ္ကူးစက္ခံရခ်ိန္အတြင္း positive ၂ၾကိမ္အထိ ျပခဲ့တာေၾကာင့္ ၂ပတ္ၾကာ ကြာရန္တင္း ၀င္ခဲ့ရျပီး ဘာစီလိုနာနဲ႔ ခ်န္ပီယံပထမအေက်ာ့ ပြဲစဥ္ကို လဲြေခ်ာ္ခဲ့ပါတယ္။ ေပၚတူဂီအသင္းမွာ ကစားေနရင္း ေရာ္နယ္ဒိုတစ္ေယာက္ ကိုဗစ္ကူးခံခဲ့ရတာ ျဖစ္ကာ သူမပါႏုိင္တဲ့ ေနာက္တစ္ပဲြကို ကြင္းေဘးက အိမ္ကေန အားေပးခဲ့ပါတယ္။ ဒီႏွစ္မွာ သူ႕ရဲ႕ ကစားသမားဘဝ သြင္းဂိုး (၇၅၀) ျပည့္ေျမာက္သြားခဲ့သလို၊ ႏိုင္ငံအသင္းအတြက္သြင္းဂိုး (၁၀၂)ေရာက္ရွိေနခဲ့ၿပီး အမ်ားဆံုးသြင္းယူထားသူအလီဒါယီရဲ႕စံခ်ိန္ကိုမီဖို႕(၇)ဂိုးသာလိုပါေတာ့တယ္။

ဒါေပမဲ့ စပီဇီယာနဲ႔ ပြဲမွာ ျပန္လာႏိုင္ခဲ့ျပီး ခ်က္ခ်င္းဆုိသလိုပဲ ဂ်ဴဗင္တပ္စ္ကို သြင္းဂိုးေတြနဲ႔ ဆြဲတင္ေပးခဲ့ပါတယ္။ ကိုဗစ္ကူးစက္ခံရအျပီးမွာ ေရာ္နယ္ဒိုက ခ်စ္သူ ေဂ်ာ္ဂ်ီနာ၊ ကေလးေတြနဲ႔အတူ ဇိမ္ခံသေဘၤာေပၚက ပံုတစ္ပံုကို တင္ခဲ့ျပီး သူျပန္လာျပီျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။ ေအာက္တုိဘာလတုန္း ေရာ္နယ္ဒိုတစ္ေယာက္ အိမ္ကို သူခိုးကပ္ျခင္း ခံခဲ့ရတာကလည္း ပရိသတ္ေတြ စိတ္၀င္စားခဲ့တဲ့ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

ေပၚတူဂီႏိုင္ငံ ဖန္ခ်ယ္ျမိဳ႕နယ္က ေရာ္နယ္ဒိုရဲ႕ ေနအိမ္ဟာ ေဖာက္ထြင္ခံခဲ့ရျပီး ကုိယ္ေရးကိုယ္တာ ပစၥညး္ေတြ ခိုးယူခံခဲ့ရပါတယ္။ အဆိုပါ ေနအိမ္ဟာ မာဒဲရာမွာ တည္ရွိျပီး ၇ထပ္ျမင့္တဲ့ အေဆာက္အအံုျဖစ္ကာ သူခိုးခိုးခံရခ်ိန္မွာ ေရာ္နယ္ဒိုက ႏိုင္ငံတကာပဲြ ကစားေနျပီး ေဂ်ာ္ဂ်ီနာက ပဲရစ္က ဖက္ရွင္ရႈိးတစ္ခုကို ေရာက္ေနခ်ိန္ ျဖစ္ခဲ့ပါတယ္။ ယခုႏွစ္အတြင္း အေတြ႕အၾကံဳသစ္ေတြ ရင္ဆုိင္ခဲ့ရတဲ့ ေရာ္နယ္ဒိုဟာ ခရစၥမတ္ေန႔မွာေတာ့ မိသားစုနဲ႔အတူ ရွိေနေၾကာင္း ခရစၥမတ္သစ္ပင္ေရွ႕မွာ ခ်စ္သူ၊ ကေလးငယ္ေတြနဲ႔ အတူ ရိုက္ကူးထားတဲ့ ဓာတ္ပံုကို တင္ခဲ့ပါတယ္။